ကမ္ဘောဒီးယားနိုင်ငံ စာရေးဆရာအသင်း၏ ဖိတ်ကြားချက်အရ မြန်မာ၊ တရုတ်၊ လာအို၊ ဗီယက်နမ်နိုင်ငံတို့မှ စာပေယဉ်ကျေးမှုပူးပေါင်းဖလှယ်ရေး အစည်းအဝေးတက်ရောက်ရန် မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)၊ အဖွဲ့ဝင် ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)၊ ဦးအောင်ကြည် (အောင်ကြည်ညွန့်-တက္ကသိုလ်)နှင့် ဦးစိုးမိုးနိုင် (နန်းအောင်လှိုင်)တို့သည် ရန်ကုန်မြို့မှ ဒီဇင်ဘာ ၂ဝ ရက်တွင် ထွက်ခွာပြီး ဒီဇင်ဘာ ၂၁ ရက်တွင် ဖနွမ်းပင်မြို့ Cambodia Japan Co-operation Centre ၌ ၎င်းတို့ နိုင်ငံ၏ ဒုတိယအကြိမ်မြောက် စာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံအလိုက် စာရေးဆရာများ၏ စာပေဘဝခရီးအတွေ့အကြုံနှင့် ရသစာပေအထွေထွေအကြောင်း စကားဝိုင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌက “A writer is an embassador of culture and peace” ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးကာ စာပေပရိသတ်များ မေးမြန်းချက်များကို ပြန်လည်ဖြေကြားသည်။
