ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၌ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
Dec 14, 2025
ဧရာဝတီတိုင်းဒေသကြီး၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်နေကျေးရွာများမှ ဒေသခံပြည်သူများအား တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့ဖြင့် သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြပြီး ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြို့နယ်ပေါင်း(၈)မြို့နယ်မှ ဒေသခံပြည်သူ ၁၂၅၇၈ ဦး အား ဆေးဝါးကုသခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
Dec 14, 2025
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီး မန္တလေး-မတ္တရာ-သပိတ်ကျင်းသွား ကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အား ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားအား ယနေ့နံနက်ပိုင်းတွင် PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
Dec 14, 2025
မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံး အခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိသည်။
Dec 14, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့်အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နင်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒသကြီး၊ ကမာရွတ်မြို့နယ် ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ Studio A ၌ ကျင်းပပြုလုပ်ရာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် တာဝန်ရှိသူများက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားကြသည်။
Dec 14, 2025
တာ့ခ်မင်နစ္စတန်နိုင်ငံ အက်ရှ်ဂါဘတ်မြို့၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှင့် ယုံကြည်မှုနှစ်အထိမ်းအမှတ် နိုင်ငံတကာဖိုရမ်နှင့် တာ့ခ်မင်နစ္စတန်နိုင်ငံ၏ အမြဲတမ်းကြားနေမူဝါဒ နှစ်(၃၀)ပြည့် အထိမ်းအမှတ်အခမ်းအနားများသို့ တက်ရောက်ခဲ့သော နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာ ၁၄ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
Dec 14, 2025
နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်၌ ဒီဇင်ဘာ ၁၁ ရက်က သာသနာအား ညှိုးနွမ်းစေရန်နှင့် အများပြည်သူအမြင်မတင့်တယ်စေရန် ပြုလုပ်ခဲ့သူ အမျိုးသားလေးဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
Dec 14, 2025
တတိယအကြိမ် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ ပုံမှန်အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၅)ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီအစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနာယက စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း Virtual စနစ်ဖြင့် တက်ရောက်သည်။
Dec 14, 2025
(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်နှင့် ချွန်ဘူရီမြို့များတွင် ကျင်းပပြုလုပ်လျက်ရှိရာ မြန်မာအသင်းအနေဖြင့် ရေကူး၊ ကရာတေး၊ သေနတ်ပစ်၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ ပန်ကြပ်ဆီလပ်၊ ဝူရှူး၊ ဘိလိယက်နှင့် စနူကာ၊ ဘော်လီဘော၊ ကဘာဒီ၊ ဂျူဒို၊ ဖူဆယ်၊ ဘတ်စကက်ဘော၊ မွေ၊ လက်ဝှေ့၊ ကစ်ဘောင်ဆင်၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ E-sports ၊ ဂေါက်သီးရိုက်၊ အလေးမ၊ ရွက်လှေ၊ တက်ဂ်ဘော၊ မြင်းစီးပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင်နှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ၊ မြန်မာအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
နောက်ဆုံးရသတင်းများ
Dec 14, 2025Latest News
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၌ပ
Dec 14, 2025Latest News
ဧရာဝတီတိုင်းဒေသကြီး၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်နေကျေးရွာများမှ ဒေသခံပြည်သူများအား တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့ဖြင့် သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်င
Dec 14, 2025Latest News
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီး မန္တလေး-မတ္တရာ-သပိတ်ကျင်းသွား ကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အား ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားအား ယနေ့နံနက်ပိုင်းတွ
Dec 14, 2025Latest News
မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံး အခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည်လ
Dec 14, 2025Latest News
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့်အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နင်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒသကြီး၊ ကမာရွတ်မြို့နယ် ပြည်လမ်းရှိ မြ
ဆောင်းပါးကဏ္ဍ
Dec 13, 2025မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံကို ၂၀၀၀ ပြည့်နှစ်မှစတင်ပြီး နိုင်ငံတော်အဆင့် နှစ်စဉ်မပျက် အောင်မြင်စွာကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် (၂၄) ကြိမ်မြောက် ကျင်းပနိုင်တော့မည်ဖြစ်ပါသည်။ ယခုကဲ့သို့ အောင်မြင်စွာကျင်းပနိုင်ခြင်းမှာ နိုင်ငံတော်အစိုးရ၏ အားပေးချီးမြှောက်မှုနှင့်အတူ တိုင်းရင်းဆေး သမားတော်ကြီးများအားလုံး၏ စည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများကြောင့်လည်း ဖြစ်ပါသည်။
Dec 12, 2025အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကဦးတည်ချက် (၄)ရပ်ကို ချမှတ်အကောင်အထည် ဖော်လျက်ရှိရာတွင် “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များအောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရေး” ဟူသော စတုတ္ထမြောက် ဦးတည်ချက်လည်း အပါအဝင်ဖြစ်သည်။ အဆိုပါ စတုတ္ထမြောက်ဦးတည်ချက်အား ပြည့်ဝစွာအောင်မြင်စေရေးအတွက် ယခု ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးရက်သတ္တပတ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ကျင်းပမည်ဖြစ်ပါသည်။
Dec 11, 2025AI နည်းပညာကို ကဏ္ဍပေါင်းစုံ၌ တွင်တွင်ကျယ်ကျယ် အသုံးပြုလာသည့် ယနေ့ခေတ်တွင် အကြောင်းအရာ content များ ဖန်တီးထုတ်လုပ်ရာ၌ AI ကို ပုံစံတစ်မျိုးမျိုး (သို့မဟုတ်) အခြားနည်းလမ်းတစ်ခုခုဖြင့် အသုံးပြုလျက်ရှိကြသည်။ ရိုးရှင်းသည့်နည်းလမ်းဖြစ်သော Chat GPT ကိုသုံး၍ စာသားများရေးခြင်း၊ blog တစ်ခုအတွက် (သို့မဟုတ်) ဆောင်းပါးတစ်ပုဒ်အတွက် (သို့မဟုတ်) အီးမေးလ်များ ပေးပို့ခြင်းများအတွက် အသုံးပြုသလို အချို့ရုပ်ပုံများ ထုတ်လုပ်သကဲ့သို့ ဆန်းပြားရှုပ်ထွေးသည့် အရာများဖန်တီးရာတွင်လည်း AI ကို အသုံးပြုကြပါသည်။ ထိုကဲ့သို့ လုပ်ဆောင်မှုများအတွက် AI ကို အသုံးပြုပြီး ရေးသားထုတ်လုပ်လာသည့်အပေါ် မူပိုင်ခွင့်ဥပဒေက မည်ကဲ့သို့ သတ်မှတ်သလဲ၊ မြန်မာနိုင်ငံတွင်လည်း AI အသုံးပြု၍ ထုတ်လုပ်ထားသည့် Content များအတွက် မူပိုင်ခွင့်များကို မည်ကဲ့သို့ သတ်မှတ်ထားသလဲဆိုသည်မှာ မေးစရာဖြစ်လာပါသည်။
Dec 11, 2025လူ့အခွင့်အရေးဆိုသည်မှာ လူသားအားလုံးအတွက် မွေးရာပါအခွင့်အရေးဖြစ်သည်။ လူတစ်ဦးချင်းစီသည် မည်သည့်လူမျိုး၊ နေရာ၊ နိုင်ငံသား (သို့) တိုင်းရင်းသား၊ ဘာသာ၊ အသားအရောင်၊ လိင်၊ လူမှုရေး၊ စီးပွားရေးနှင့် အခြားသော အဆင့်အတန်းတို့အပေါ် မူတည်၍ ခွဲခြားမှုမရှိစေဘဲတန်ဖိုးတူ ဂုဏ်သိက္ခာတူသူများ ဖြစ်ကြပါသည်။
Dec 10, 2025ကျွန်တော်အပါအဝင် လောကလူသားများသည် တစ်စုံတစ်ခုကို လိုချင်တပ်မက်စိတ်ဖြင့် အမြဲတမ်း အသက်ရှင်နေထိုင်တတ်ပါသည်။ ထိုတစ်စုံတစ်ခုကို ပိုင်ဆိုင်ခွင့်ရရှိပြီးလျှင်လည်း နောက်ထပ်လိုချင်သောအရာတစ်ခု ထပ်မံပေါ်ပေါက်လာတတ်ပြန်ပါသည်။ လူအများသည် မိမိပတ်ဝန်းကျင်နှင့် လောကအပေါ် အနိုင်ယူလိုစိတ်များလာသည်နှင့်တစ်ပြိုင်နက် ကိုယ်ချင်းစာတရားများ ပျောက်ဆုံးလာပြီး အတောမသတ်နိုင်သည့် လူသားတို့၏ အတ္တ၊ လောဘ၊ မာန်မာနများသည်ပင်လျှင် လူ့အခွင့်အရေးများ ချိုးဖောက်လာရခြင်း၏ မူလဇာစ်မြစ်တစ်ခုဟု ကျွန်တော်ထင်မြင်ယူဆမိပါသည်။
Dec 10, 2025မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော်ကာလသို့ ရောက်ရှိလာခဲ့ပြီးဖြစ်ပါသည်။ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းရာတွင် ရွေးကောက်ပွဲများကျင်းပခြင်းသည် အခြေခံအကျဆုံးနှင့် မဖြစ်မနေဖြတ်သန်းရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ လွတ်လပ်ရေးမရသေးမီ ဗြိတိသျှ လက်အောက်ကျရောက်စဉ် အချိန်ကတည်းကစ၍ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများကျင်းပခဲ့ကြပါသည်။ မြန်မာနိုင်ငံသည် ၁၉၂၂ ခုနှစ် မှ ၂၀၂၀ ပြည့်နှစ်အထိ အထွေထွေရွေးကောက်ပွဲ ၁၇ ကြိမ်၊ ကြားဖြတ် ရွေးကောက်ပွဲသုံးကြိမ် ကျင်းပခဲ့ပါသည်။
