အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။


Oct 17, 2025
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ရောက်ရှိနေထိုင်သည့် သူဇာမောင် (ခ) Rashidah Binti Abdul Azeez သည် မလေးရှားနိုင်ငံ၌ မြန်မာမွတ်စလင်ဒုက္ခသည်များကော်မတီ(Myanmar Muslim Refugee Community-MMRC)ကိုဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ကာ ယင်းအဖွဲ့အစည်းမှ ရရှိသောငွေကြေးအကျိုးအမြတ်များဖြင့် အကြမ်းဖက်အုပ်စုဖြစ်သည့် NUG အဖွဲ့ကို ငွေကြေးထောက်ပံ့ခြင်း၊ NUG အဖွဲ့အတွက် ရန်ပုံငွေရှာဖွေပေးခြင်းများပြုလုပ်ခဲ့သဖြင့် ၎င်းကိုမြစ်သားမြို့နယ်၊ မြစ်သားမြို့မရဲစခန်း၌ (ပ)၁၄၀/၂၀၂၂၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် အမှုဖွင့်ပြီး မြစ်သားမြို့နယ်တရားရုံးသို့ ယင်းဥပဒေပုဒ်မ ၅၂(က)/ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ ဖြင့် တရားစွဲဆိုခဲ့ရာ မြို့နယ်တရားရုံးက ရာဇဝတ်အထွေထွေမှုအမှတ် ၉/၂၀၂၃ ဖြင့် လက်ခံစစ်ဆေးပြီး ၃၁-၁-၂၀၂၃ ရက်နေ့တွင် ဖမ်းဝရမ်းထုတ်ဆင့်ခဲ့ပါသည်။

Oct 17, 2025
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ခရိုင်မြို့ကြီးတစ်ခုဖြစ်သည့် ကျောက်မဲမြို့အား တပ်မတော်စစ်ကြောင်းများက ဒေသခံတိုင်းရင်းသား ပြည်သူ့လူထုတစ်ရပ်လုံး၏နည်းမျိုးစုံဖြင့် ကူညီပံ့ပိုးမှုတို့ကို အပြည့်အဝရယူ၍ TNLA အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အစည်းထံမှ ပြည်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ကျောက်မဲမြို့မှ ၂၈ ကီလိုမီတာအကွာရှိ ရှမ်းမြောက်ဒေသ၏ မြို့တစ်မြို့ဖြစ်သော သီပေါမြို့ကို ဆက်လက်ချီတက်၍ အကြမ်းဖက်သောင်းကျန်းသူ နှိမ်နင်းမှုစစ်ဆင်ရေးဆောင်ရွက်ရန်လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုတို့ကို အချိန်တိုအတွင်း ဆက်လက်ဆောင်ရွက်ခဲ့သည်။ ၎င်းနောက် သားကောင်းဇာနည်အောင် စစ်သည် တပ်မတော်စစ်ကြောင်းများက ကျောက်မဲမြို့မှ သီပေါမြို့သို့ ဖရိုဖရဲ အလဲလဲ အကွဲကွဲ ဦးတည်ဆုတ်ခွာထွက်ပြေးခဲ့ကြသည့် TNLA အကြမ်းဖက်သောင်းကျန်သူများကို အနားမပေးဘဲ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂ ရက်မှစ၍ စစ်ကြောင်းများဖြန့်ခွဲကာ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေးကို ဆက်လက်ဆင်နွဲတိုက်ပွဲဝင်ခဲ့ကြသည်။

Oct 17, 2025
မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်း(MIFA)နှင့် မြန်မာနိုင်ငံတွင်မှီတင်းနေထိုင်ကြသော ဟိန္ဒူမျိုးနွယ်စုများ စုပေါင်းကျင်းပသည့် ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတဗိုလ်ချုပ်မှူးကြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ မင်းအောင်လှိုင်တက်ရောက်ချီးမြှင့်သည်။

Oct 17, 2025
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်အဖွဲ့များက ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။

Oct 17, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်ရှိ သံဃာတော်များအား ယနေ့ နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က မြစ်ကြီးနားမြို့ရှိ မင်္ဂလာသုခကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

Oct 17, 2025
စီရိုနယ်လ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့ ဟန်ဂေရီအသင်းတို့ အောက်တိုဘာ ၁၅ ရက်က တစ်ဖက်နှစ်ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ သွင်းဂိုးနှစ်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ကစားသမားဘဝတစ်လျှောက် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေမှာ သွင်းယူခဲ့တဲ့ သွင်းဂိုး ၄၁ ဂိုး အထိရှိလာခဲ့တာ ဖြစ်ပါတယ်။

Oct 17, 2025
အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံတစ်ဝန်းမှဆုတ်ခွာ

Oct 17, 2025
၂၀၂၆ ခုနှစ် အာရှဖလား ယူ - ၁၇ အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲစဉ် မြန်မာနှင့်
အင်ဒိုနီးရှား အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်မှုကို MRTV မှ တိုက်ရိုက်ထုတ်လွှင့်မည်
နောက်ဆုံးရသတင်းများ

Oct 17, 2025Latest News
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက

Oct 17, 2025Latest News
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ရောက်ရှိနေထိုင်သည့် သူဇာမောင် (ခ) Rashidah Binti Abdul Azeez သည် မလေးရှားနိုင်ငံ၌ မြန်မာမွတ်စလင်ဒုက္ခသည်များကော်မတီ(Myanmar Muslim Refugee Community-MMRC)ကိုဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ်ဆ

Oct 17, 2025Latest News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ခရိုင်မြို့ကြီးတစ်ခုဖြစ်သည့် ကျောက်မဲမြို့အား တပ်မတော်စစ်ကြောင်းများက ဒေသခံတိုင်းရင်းသား ပြည်သူ့လူထုတစ်ရပ်လုံး၏နည်းမျိုးစုံဖြင့် ကူညီပံ့ပိုးမှုတို့ကို အပြည့်အ

Oct 17, 2025Latest News
မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်း(MIFA)နှင့် မြန်မာနိုင်ငံတွင်မှီတင်းနေထိုင်ကြသော ဟိန္ဒူမျိုးနွယ်စုများ စုပေါင်းကျင်းပသည့် ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အ

Oct 17, 2025Latest News
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်အဖွဲ့များက
ဆောင်းပါးကဏ္ဍ
- Oct 17, 2025ရှေးရှေးတုန်းက သတ္တဝါတွေ အမျိုးစုံနေထိုင်ကြတဲ့ တောအုပ်ကြီးရှိသတဲ့။ တောအုပ်ကြီးက ပင်လယ်ကြီးဘေးမှာရှိတာပေါ့။ ပင်လယ်ကြီးကလည်း လှပတဲ့ကမ်းခြေတွေရှိသလို မြင့်မားနက်ရှိုင်းတဲ့ကမ်းပါးကြီးတွေလည်းရှိကြတာပေါ့။ တောအုပ်ကြီးထဲမှာလည်း သစ်ကြီးဝါးကြီး၊ အပင်ကြီးတွေထူထပ်များပြားသလို ပန်းပင်ငယ်မျိုးစုံတွေလည်း ရှိကြတာပါပဲ။ ပန်းဥယျာဉ်တွေလည်း ရှိကြသလို မြက်ခင်းပြင်စိမ်းစိမ်းတွေလည်းရှိကြတာပေါ့။ တောရိုင်းတိရစ္ဆာန်တွေလည်း အမျိုးစုံအများကြီးနေထိုင်ကြတဲ့ တောအုပ်ကြီးပါ။
- Oct 15, 2025၂၈ - ၃ - ၂၀၂၅ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မန္တလေး ငလျင်ကြီးကြောင့် ပျက်စီးမှုတွေ၊ ဆုံးရှုံးမှုတွေ၊ သေဆုံးပျောက်ဆုံးမှုတွေ အများအပြားဖြစ်ခဲ့ရပါတယ်။
- Oct 14, 2025ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များက IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
- Oct 14, 2025အခုတလော မောင်စံကြီးတို့ ဝန်ထမ်းလောကမှာ စိုးရိမ်စိတ်နဲ့ ပြောနေကြတဲ့ စကားသံတွေ ကြားနေရပါတယ်။ အထူးသဖြင့်တော့ နေပြည်တော်က ဝန်ကြီးဌာနတွေနဲ့ လက်အောက်ရုံးချုပ်ဌာနတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းတွေရဲ့ မဲပေးခွင့်ကိစ္စပါ။ ရွေးကောက်ပွဲဥပဒေမှာ မိမိအမြဲတမ်းနေထိုင်တဲ့လိပ်စာရှိရာ လဝကပုံစံ (၆၆/၆) ရှိတဲ့ နေရာမှာပဲ မိမိမဲစာရင်းပါမှာဖြစ်လို့ အမြဲတမ်းနေထိုင်ရာနေရာမှာပဲ ပြန်ပြီး မဲပေးရမယ့်သဘောလို့ နားလည်ထားကြလို့ပါ။ တကယ်တော့ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေမှာ ဒေသတစ်ခုက အခြားဒေသတစ်ခုကို နိုင်ငံ့တာဝန်အရပဲဖြစ်ဖြစ်၊ အခြားလူမှုရေး၊ စီးပွားရေးအရဖြစ်ဖြစ် ပြောင်းရွှေ့နေထိုင်ရတဲ့သူတွေကို အရင်နေထိုင်တဲ့နေရာကနေ လက်ရှိပြောင်းရွှေ့နေထိုင်တဲ့ နေရာကို မဲစာရင်းပြောင်းနိုင်မယ့် အခွင့်အရေးပေးထားပါတယ်။
- Oct 13, 2025NCA (၁၀) နှစ်ပြည့် အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး မောင်ငြိမ်းအေး လောက၌ တစ်ယောက်နှင့် တစ်ယောက်၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့၊ တစ်ပါတီနှင့် တစ်ပါတီ နိုင်ငံရေးစနစ် သို့မဟုတ် ယုံကြည်ချက်မတူနိုင်၊ မတူသော်ငြားလည်း အတူနေထိုင်ခြင်းသည် သာယာဝပြောသော လူ့ဘောင် သို့မဟုတ် ယဉ်ကျေးသော ဒီမိုကရေစီဟုဆိုနိုင်သည်။ ဒီမိုကရေစီစနစ်တွင် အခြားသူ၊ အခြားအဖွဲ့အား ရန်မပြုဘဲ မိမိနှစ်သက်သည့်စနစ် သို့မဟုတ် ယုံကြည်ချက်ကို ထူထောင်ခွင့်ရှိသည်။ သို့မဟုတ်မူဘဲ “ငါနှင့်မတူ ရန်သူ”ဟု သတ်မှတ်သူသည်ကား အာဏာရှင် သို့မဟုတ် စစ်ကိုလိုလားသူ သို့မဟုတ် ငြိမ်းချမ်းရေးကို လက်မခံသူဟု ဆိုနိုင်သည်။
- Oct 12, 2025၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြားချုပ်ဆိုခဲ့သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို ချုပ်ဆိုခဲ့ခြင်း (၁၀)နှစ်ပြည့်မြောက်သောနေ့ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးရည်မှန်းချက်မှာ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးပင် ဖြစ်ပါသည်။ ထို့ကြောင့် NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) ၌ “NCA မှသည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးဖြင့် အနာဂတ်ကို ပုံဖော်မည်” ''From NCA To Sustainable Peace, Shaping Our Future" ဆောင်ပုဒ်နှင့်အညီ ခမ်းနားထည်ဝါစွာဖြင့် ကျင်းပသွားမည်ဖြစ်ပါသည်။