ခေတ်မီသူတိုင်းအတွက် အောင်ဘာလေအွန်လိုင်းထီ
အောင်ဘာလေထီ တစ်ခေတ်ဆန်းသစ်ပေပြီ။ လွတ်လပ်ရေးမရမီ ခေတ်ကတည်းကစကာ ဆယ်စုနှစ်ပေါင်းများစွာ စက္ကူပုံနှိပ် ထီလက်မှတ်များကို ထီဆိုင်များသို့ သွားရောက်ဝယ်ယူကံစမ်း ခဲ့ကြရာမှ မျက်မှောက်ကာလ ဒစ်ဂျစ်တယ်ခေတ်တွင် အွန်လိုင်း မှတစ်ဆင့် ထိုင်ရာမထ ထီထိုးနိုင်ကြပြီ။ အသစ်ဘယ်လို ပြောင်းပြောင်း အဟောင်းကိုသာ စွဲသူတို့အဖို့လည်း ပုံနှိပ် ရောင်းချသည့် အောင်ဘာလေထီစနစ်က ရှိနေဦးမည်ဖြစ်ရာ ထီကိုယ်စားလှယ်တို့ ရောင်းချကြသည့် ထီဆိုင်၊ ထီကား၊ ထီလှည်းတို့တွင် ထီလက်မှတ်ကလေးများဝယ်ယူကာ တစ်လ တာ စိတ်ကူးအိပ်မက်မက်နိုင်သည့် အခွင့်အလမ်းများ ဆက်လက်တည်မြဲ ရှိနေသေးသည်။