သံနှင့်သံမဏိ ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခြေလှမ်း
သံနှင့်သံမဏိထုတ်လုပ်မှုသည် နိုင်ငံတည်ဆောက်ရေးလုပ်ငန်း များအတွက် အရေးပါသကဲ့သို့ နိုင်ငံစက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက်လည်း အရေးပါသည်။ မိမိတို့နိုင်ငံသည် သံနှင့် သံမဏိ လိုအပ်ချက်ကို ပြည်တွင်းထုတ်လုပ်မှုဖြင့် မလုံလောက် သည့်အတွက် ပြည်ပမှတင်သွင်းနေရသည့် နိုင်ငံဖြစ်ရာ ပြည်တွင်း၌ သံနှင့်သံမဏိ တိုးတက်ထုတ်လုပ် ဖြည့်ဆည်း ပေးခြင်းဖြင့် အမျိုးသားအကျိုးစီးပွား တိုးတက်မြင့်မားမှုကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်သည်။