မြန်မာ့အလင်းအယ်ဒီတာအာဘော်

အွန်လိုင်းလောင်းကစားမှုများနှင့် ငွေလိမ်မှုများ ဖော်ထုတ်နှိမ်နင်းရေး

 

အရှေ့တောင်အာရှဒေသနိုင်ငံများတွင် အခြေစိုက်၍ အွန်လိုင်း ရာဇဝတ်မှုခင်းများ မြင့်တက်နေခြင်းအပေါ် ကမ္ဘာက စိတ်ဝင်စား နေခြင်းနှင့် တစ်ပြိုင်တည်းမှာပင် အဆိုပါဂိုဏ်းများကို ဒေသတွင်း နိုင်ငံအသီးသီးတို့က ဖော်ထုတ်နှိမ်နင်းလျက်ရှိသည့် သတင်းများ ကိုလည်း တွေ့ရှိရသည်။ ကုမ္ပဏီများအဖြစ် အမည်ခံထားသည့် အွန်လိုင်းလောင်းကစားနှင့် ငွေလိမ်ဂိုဏ်းများတွင်  နိုင်ငံအများ အပြားမှ လူငယ်များကို လစာကောင်းကောင်းနှင့် အလုပ်ရမည် ဟု လိမ်လည်ခေါ်ယူပြီး ၎င်းတို့၏ အွန်လိုင်းလိမ်လည်မှုလုပ်ငန်း များကိုလုပ်ကိုင်ရန် အတင်းအကျပ် ဖိအားပေးခိုင်းစေနေကြောင်း လည်း သိရသည်။

မှန်ကန်သည့်စာရင်းအင်းအချက်အလက်မှသည် မှန်ကန်သည့် ဆုံးဖြတ်ချက်နှင့် မူဝါဒများဆီ

 

စီးပွားရေးလုပ်ငန်းငယ်တစ်ခု အောင်မြင်ရေးမှသည် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအထိ စာရင်းဇယားများ မှန်ကန်တိကျမှုရှိရန် လိုအပ် သည်။  စီးပွားရေးလုပ်ငန်းငယ်တစ်ခုအဖို့  သွင်းကုန်၊ ထုတ်ကုန်၊ ကုန်ရောင်း ကုန်ဝယ်၊ ဝင်ငွေ ထွက်ငွေ  စာရင်းဇယားများ  မှန်မှန် ကန်ကန်ရှိမှသာ လုပ်ငန်းအောင်မြင်အောင် စီမံဆောင်ရွက်နိုင် မည်ဖြစ်သကဲ့သို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒချမှတ် ခြင်း၊ စီမံကိန်းရေးဆွဲခြင်းတို့ ဆောင်ရွက်ရာတွင်လည်း မြေပြင် နှင့်   ကိုက်ညီမှန်ကန်သော   စာရင်းဇယားအချက်အလက်များ ရရှိရန် အရေးကြီးသည်။

မကြာမီ တွေ့မြင်လာနိုင်ဖွယ်ရှိသည့် ကမ္ဘာ့မီဒီယာ အခင်းအကျင်းသစ်

 

ဒုတိယကမ္ဘာစစ်အပြီးတွင်     ကမ္ဘာကြီးတွင်     ဝါဒရေးရာအရ နှစ်ခြမ်းကွဲခဲ့သည်။ ဖက်ဆစ်ဝင်ရိုးတန်းနိုင်ငံများကို ဘုံရန်သူအဖြစ် အတူတိုက်ခဲ့ကြသည့် ဝါဒမတူသော ဆိုဗီယက်ယူနီယံနှင့် အမေရိကန် ပြည်ထောင်စုတို့ စစ်အပြီးတွင် လမ်းခွဲခဲ့ကြပြီး အပြိုင် အုပ်စုနှစ်စု အဖြစ်  ပေါ်ထွန်းလာသည်။  စစ်ပြီးကာလ ကမ္ဘာ့ရေးရာများတွင် ဦးဆောင်ဦးရွက်ပြု   အကောင်အထည်ဖော်နိုင်ရန်    နိုင်ငံတကာ ဆုံမှတ်အဖြစ် ကုလသမဂ္ဂအဖွဲ့ကြီးကို တည်ထောင်ခဲ့ပြီး ကမ္ဘာ့နိုင်ငံ အားလုံးကို ကိုယ်စားပြုသည့် အဖွဲ့ကြီးအဖြစ် ပုံဖော်ခဲ့သည်။

ပွင့်လင်းရာသီအမီပြင်ဆင် ခရီးသွားလုပ်ငန်းမြှင့်တင်

 

၂၀၁၉ ခုနှစ်  နှောင်းပိုင်းတွင်   စတင်ဖြစ်ပေါ်ခဲ့သည့်   ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် စီးပွားရေး လုပ်ငန်းများတွင် ခရီးသွားလုပ်ငန်းက ထိပ်ဆုံးမှပါဝင်သည်။ မြန်မာ နိုင်ငံတွင်မူ ယင်းမတိုင်မီကာလ ၂၀၁၈ ခုနှစ်ကပင်  ရခိုင်ပြည်နယ် အရေးကိစ္စကို     အကြောင်းပြ၍     ဟန့်တားပိတ်ဆို့မှုများကြောင့် အနောက်နိုင်ငံများမှ     ခရီးသွားဧည့်သည်များ    လာရောက်မှုကို လက်လွှတ်ခဲ့ရပြီး အာရှနှင့်အိမ်နီးချင်းနိုင်ငံများမှ ခရီးသွားများကိုသာ မျှော်ခဲ့ရသည့်အနေအထားရှိခဲ့သည်။

နိုင်ငံ့စီးပွားနယ်ပယ်မှ အနှောင့်အယှက်များကို ဖယ်ရှား

 

ကမ္ဘာ့နိုင်ငံအချို့ သဘာဝ၏ မျက်နှာသာပေးမှုကြောင့် ကြွယ်ဝ ချမ်းသာသည်။ ဥပမာအားဖြင့် ဧရာမရေနံသိုက်ကြီးများ ပိုင်ဆိုင် ပြီး မိမိတို့နိုင်ငံသားများကို လိုလေသေးမရှိ ထားပေးနိုင်သော အရှေ့အလယ်ပိုင်း‌ဒေသမှ ရေနံသူဌေးနိုင်ငံများကဲ့သို့ဖြစ်သည်။ ကမ္ဘာ့နိုင်ငံအချို့မှာမူ သဘာဝက မျက်နှာသာမပေးမှုများကြောင့် စားဝတ်နေရေးအတွက် မနည်းရုန်းကန်နေကြရသည်။ ဥပမာ နိုင်ငံ၏ အစိတ်အပိုင်းအများစုမှာ သဲကန္တာရများဖြစ်နေပြီး ရာသီဥတု ဖောက်ပြန်မှုများဖြစ်တတ်သည့်  အာဖရိကနိုင်ငံအချို့ကဲ့သို့ဖြစ် သည်။ မိမိတို့ မြန်မာနိုင်ငံမှာမူ ယင်းသို့သော နိုင်ငံနှစ်မျိုးလုံးနှင့် မတူကွာခြားသည်။

ကျင့်ဝတ်လိုက်နာ၊ သိက္ခာထိန်းသိမ်း သမာသမတ်ကျစွာ စီးပွားရှာ

 

အယ်နီညိုရာသီဥတု အကျိုးသက်ရောက်မှုနှင့် ယူကရိန်း-ရုရှား ပဋိပက္ခတို့ကို အကြောင်းပြု၍ ကမ္ဘာတစ်ဝန်း ဆန်လိုအပ်ချက် မြင့်မားနေခြင်းနှင့်အတူ ကမ္ဘာ့ဆန်ဈေးကွက်တွင် ဆန်ဈေးနှုန်း များလည်း မြင့်တက်လျက်ရှိကြောင်း နိုင်ငံတကာသတင်းများက ဆိုသည်။  မြန်မာနိုင်ငံအနေဖြင့်မူ  မိုးစပါးပေါ်မည့်အချိန်သည် အယ်နီညိုဝင်ရောက်မည့်အချိန်နှင့်     လွတ်ကင်းသည့်အတွက်  မိုးစပါးအထွက်ကို  မထိခိုက်နိုင်ခြင်းနှင့်  မြေပြင်ဆန်လက်ကျန် ပမာဏတို့အရ ပြည်တွင်းဆန်ဖူလုံမှုရှိနိုင်ကြောင်း သတင်းစာ ရှင်းလင်းပွဲအချက်အလက်များအရ သိရသည်။

တန်ဖိုးနည်း အာဟာရပြည့်

 

သက်ရှိသတ္တဝါများ ရှင်သန်နိုင်ရေးနှင့် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ရေး တို့အတွက် အာဟာရဓာတ်များလိုအပ်သည်။ နေ့စဉ်အစားအစာများ စားသုံးခြင်းမှ အာဟာရဓာတ်များရရှိနိုင်ပြီး ခန္ဓာကိုယ်နှင့်ဉာဏ်ရည် ဖွံ့ဖြိုးရေး၊ ခွန်အားပြည့်ဝရေး၊ ရောဂါဘယကင်းရှင်းရေး စသည်တို့ အတွက် အာဟာရဓာတ်ပြည့်ပြည့်ဝဝရရှိနိုင်ရန် စားသုံးတတ်ဖို့လို အပ်သည်။ အစားအစာများတွင်ပါဝင်သည့် အာဟာရဓာတ်များ၏ အကျိုးပြုမှုများအလိုက် အစာအုပ်စု (၃)အုပ်စုခွဲထားရာ နေ့စဉ် စားသောက်သည့်အစားအစာများ၌ အဆိုပါအစာအုပ်စု (၃)အုပ်စုမှ စုံစုံလင်လင်နှင့် မျှတစွာပါဝင်ရန်လိုအပ်ကြောင်း ကျန်းမာရေးနှင့် အစာအာဟာရဆိုင်ရာပညာရှင်များက လမ်းညွှန်ထားသည်။

 

ရည်ရွယ်ချက်ရှိရှိဖြင့် ဖြန့်ကြဲလိုက်သည့် အဆိပ်အတောက်များ

 

မြန်မာနိုင်ငံတွင် အသုံးများသည့် လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည့် “ဘာမှမမျှော်လင့်ပါနဲ့ (Don't expect anything!)” အမည်ရှိ   ရုပ်ရှင်ဇာတ်လမ်းရိုက်ကူးခဲ့သူနှင့်  ပါဝင်သရုပ်ဆောင် သူများကို ဖမ်းဆီးလိုက်ပြီး ဥပဒေနှင့်အညီ အ‌‌ရေးယူဆောင်ရွက် သွားမည်ဟု  သိရသည်။  isi Dhamma  Youtube Channel  နှင့် Tiktok  တို့တွင်   လွှင့်တင်ခဲ့သည့်    အဆိုပါရုပ်ရှင်ဇာတ်လမ်းသည် မြန်မာလူမျိုးသရုပ်ဆောင်များနှင့်  မြန်မာစကားပြောဖြစ်သည့် အတွက် မြန်မာနိုင်ငံအတွက် ရည်ရွယ်ထားသည်မှာ ထင်ရှားသည်။

ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရေး အစီအမံငါးရပ် အလေးထားလိုက်နာ

 

ယာဉ်မတော်တဆဖြစ်မှုများနှင့် အဆိုပါ ယာဉ်မတော်တဆဖြစ်မှု များကြောင့် ဖြစ်ပေါ်လာရသည့် ထိခိုက်ဒဏ်ရာရမှုများ၊ သေဆုံးမှု များ လျော့နည်းကျဆင်းသွားရန်၊ ယင်းမှတစ်ဆင့် လုံးဝပပျောက် သွားစေရန်ရည်ရွယ်၍ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (National  Road Safety Council - NRSC) သည်  National  Road Safety Action Plan (2021- 2030) နှင့်အညီ  မြန်မာနိုင်ငံ၏ ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ကိစ္စများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

Subscribe to မြန်မာ့အလင်းအယ်ဒီတာအာဘော်