မြန်မာ့အလင်းအယ်ဒီတာအာဘော်
မျိုးဆက်သစ်လူ့စွမ်းအားအရင်းအမြစ်နှင့် ခိုင်မာ အားကောင်းသည့် အမျိုးသားရေးစိတ်ဓာတ်အားမာန်
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် လူသားအရင်းအမြစ် က အဓိကကျသည်။ သဘာဝသယံဇာတမည်မည်ရရ မရှိစေကာမူ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးစိတ်ဓာတ်ပြင်းထန်ပြီး ထိရောက်ထက်မြက် သည့် အစိုးရ၏ ဦးဆောင်မှု၊ အသိပညာရှင်၊ အတတ်ပညာရှင် များ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ကျွမ်းကျင်သောလူ့စွမ်းအား အရင်းအမြစ်များဖြင့် အကောင်အထည်ဖော်ခဲ့သော နိုင်ငံများ ဖွံ့ဖြိုးတိုးတက်ခဲ့သည်ကို မျက်မှောက်ကမ္ဘာတွင် တွေ့ရှိနိုင်သည်။
သတင်းအမှန်များ သိရှိနိုင်ရေး အလေးအနက်ဆောင်ရွက်ရန်လို
အွန်လိုင်းရာဇဝတ်ဂိုဏ်းများနှင့် စပ်လျဉ်း၍ ပုံပျက်ပန်းပျက် မှားယွင်းသော သတင်းများထွက်ပေါ်ပျံ့နှံ့နေခြင်းက မိမိတို့ နိုင်ငံ အတွက် ထိခိုက်နစ်နာမှုများစွာဖြစ်ပေါ်စေသည်။ နည်းပညာ ကုမ္ပဏီ၊ ကူးသန်းရောင်းဝယ်ရေးကုမ္ပဏီ၊ ဘဏ္ဍာရေးဆိုင်ရာ ကုမ္ပဏီများကဲ့သို့ အယောင်ဆောင်ထားသည့် အွန်လိုင်းရာဇဝတ် ဂိုဏ်းများမှာ အရှေ့တောင်အာရှနိုင်ငံအချို့၌ တည်ရှိနေကြခြင်း ဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း တရားဥပဒေစိုးမိုးမှု အလှမ်းဝေး သည့် နယ်စပ်ဒေသများ၌ တည်ရှိနေကြသည်။
ခရီးသွားလုပ်ငန်းနှင့် ဖွံ့ဖြိုးရေးအတွက် ဒေသတည်ငြိမ်အေးချမ်းရေး ဝိုင်းဝန်းဆောင်ရွက်
ခရီးသွားလုပ်ငန်းသည် MSME စီးပွားရေးလုပ်ငန်းများအနက် ဝန်ဆောင်မှုကဏ္ဍတွင် ပါဝင်သည်။ တိုင်းဒေသကြီးများနှင့် ပြည်နယ်များ၏ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ဒေသအလိုက် ထူးခြားသောဝိသေသလက္ခဏာ များဖြင့် မတူကွဲပြားစွာပိုင်ဆိုင်ထားကြသည့် ခရီးသွားဆွဲဆောင်မှု များကို ဖော်ထုတ်အသုံးချနိုင်ရန်လိုအပ်သည်။
ကောင်းမွန်သည့် ဆန်စပါးစျေးကွက်ရပ်ဝန်း စိတ်ကောင်းစေတနာမွန်ဖြင့် ဝိုင်းဝန်းတည်ဆောက်
ပြည်တွင်းဆန်စျေးကွက်တွင် ဆန်စျေးနှုန်းများ မကြုံစဖူး မြင့်တက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် စပါးစိုက်ပျိုးသည့် ပုံစံအရ ဆန်သစ်မပေါ်မီကြားကာလတွင် ဆန်စျေးနှုန်းတက်လေ့ရှိသည် မှာ သဘာဝပင်ဖြစ်သော်လည်း လက်ရှိဖြစ်ပေါ်နေသည့် ဆန်စျေး နှုန်းက ဖြစ်သင့်ဖြစ်ထိုက်သည်ထက် ပိုမိုမြင့်မားနေခြင်းကြောင့် သဘာဝမကျဟု ဆိုရမည်ဖြစ်သည်။
စာတတ်မြောက်ရေး လူထုလှုပ်ရှားမှု အရှိန်မြှင့်တင် စဉ်ဆက်မပြတ်ဆောင်ရွက်
ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စ်ကို) ၏ ဦးဆောင်မှုဖြင့် ကမ္ဘာ့စာတတ်မြောက်ရေးညီလာခံကို အီရန် နိုင်ငံ တီဟီရန်မြို့တွင် ၁၉၆၅ ခုနှစ် စက်တင်ဘာလ ၈ ရက်မှ ၁၉ ရက်နေ့အထိ ကျင်းပခဲ့သည်။ ညီလာခံစတင်ကျင်းပခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့ကို “နိုင်ငံတကာ စာတတ်မြောက် ရေးနေ့” အဖြစ် ယူနက်စ်ကိုက သတ်မှတ်ပြဋ္ဌာန်းခဲ့ရာ ကမ္ဘာ့ နိုင်ငံအသီးသီးတို့တွင် နှစ်စဉ် စက်တင်ဘာလ ၈ ရက်နေ့တိုင်း နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားများကို ကျင်းပ လျက်ရှိကြသည်။
လေထုသန့်ရှင်းဖို့ လက်တွဲပူးပေါင်းဆောင်ရွက်စို့
ကမ္ဘာ့လူဦးရေ၏ ၉၉ ရာခိုင်နှုန်းသည် သန့်ရှင်းသောလေကို မရရှိ ကြ။ လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ် လူဦးရေ ခုနစ်သန်းခန့် အရွယ်မတိုင်မီ သေဆုံးနေကြရပြီး ယင်းအနက်မှ ထက်ဝက်ကျော်သည် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖြစ်သည်ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ဗလငါးတန်နှင့် ပြည့်စုံသည့် အနာဂတ်အတွက် အင်အားစုများ
မိမိတို့နိုင်ငံတွင် လူငယ်ဆိုသည်မှာ အသက် ၁၅ နှစ်မှ ၃၅ နှစ် အတွင်းရှိ နိုင်ငံသားများဟူ၍ ဖွင့်ဆိုထားသည်။ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အရ လူငယ်ဦးရေအချိုးသည် မြင့်တက်လျက်ရှိပြီး လူငယ်ဦးရေ များပြားနေသည့်အတွက် ‘‘လူဦးရေဆုလာဘ်’’ ကို ရရှိခံစားနေရ သည်ဟုလည်းဆိုသည်။ လူတစ်ယောက်၏ လူငယ်ဘဝအသက် အပိုင်းအခြားသည် လှုပ်ရှားတက်ကြွသည့်အရွယ်၊ ဖွံ့ဖြိုးတိုးတက် သည့်အရွယ်ဖြစ်ပြီး လူသားတစ်ယောက်၏ အမြင့်ဆုံးသော စွမ်းရည်များကို ပြသနိုင်သည့်အရွယ်လည်းဖြစ်သည်။
ကျေးလက်ပြည်သူများ ပညာရည်မြင့်မားရေး ဦးစားပေး၍ အားပေးမြှင့်တင်ကြရမည်
နိုင်ငံတော်တွင် အသိအလိမ္မာ ဉာဏ်ပညာချို့တဲ့၍ ဗဟုသုတ အတွေ့အကြုံ ကြွယ်ဝမှုမရှိသော နိုင်ငံသားများ၊ အမှားအမှန် ဝေဖန် ပိုင်းခြားခြင်းငှာ မတတ်နိုင်သောနိုင်ငံသားများ၊ စဉ်းစားဉာဏ် နည်းပါး၍ သူတစ်ပါးပြောသမျှကိုသာလက်ခံလျက် နောက်ယောင် လိုက်တတ်သောနိုင်ငံသားများ၊ စိတ်ကူးကြံဆ တီထွင်တတ်သော စွမ်းရည်သတ္တိမရှိ နှလုံးရည်ကင်းမဲ့သော နိုင်ငံသားများ စသည် တို့ဖြင့်သာ ပြည့်နှက်နေပါမူ ထိုနိုင်ငံသည် လျင်စွာပြောင်းလဲ တိုးတက်လျက်ရှိသော ကျွန်ုပ်တို့ကမ္ဘာနှင့် အသို့လျှင် ရင်ပေါင်တန်း လိုက်နိုင်ပါအံ့နည်း။ (ပြည်သူ့နီတိ-ဆရာကြီးဦးဘဖေ)