မြန်မာ့အလင်းအယ်ဒီတာအာဘော်
မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများကို မှန်ကန်စွာအသုံးပြုသူများအား အကာအကွယ်ပေးနိုင်ရေး
မှတ်ပုံတင်ထားခြင်းမရှိသည့် SIM Card များကို အသုံးပြုပြီး ဆက်သွယ်ရေးကွန်ရက်ပေါ်မှ ရာဇဝတ်မှုများ၊ အကြမ်းဖက် လုပ်ဆောင်မှုများနှင့် ခြိမ်းခြောက်အန္တရာယ်ပြုမှုများ ပိုမိုပြုလုပ် လာကြသည့်အတွက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးမှုကို ထိခိုက်လာကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည့် SIM Card များကို စနစ်တကျမှတ်ပုံတင်ရောင်းချခြင်းနှင့် လွှဲပြောင်းရာတွင် စနစ် တကျပြန်လည်မှတ်ပုံတင်ခြင်း အမိန့်ကြော်ငြာစာတွင် ဖော်ပြ ထားသည်။
မူးယစ်ဆေးနှင့် စိတ်ပြောင်းဆေးများ လူငယ်တို့၏ ပတ်ဝန်းကျင်မှဖယ်ရှား
မူးယစ်ဆေးဝါးပြဿနာက မိမိတို့နိုင်ငံတွင်ရော တစ်ကမ္ဘာလုံးတွင် ပါ ရင်ဆိုင်နေကြရသည့် ပြဿနာဖြစ်သည်။ ပြီးခဲ့သည့်ရက်ပိုင်း အတွင်း တောင်ကိုရီးယားနိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်း တစ်ခုတွင် အမေရိကန်စစ်သားများ ခိုးသွင်းလာသည့် ဓာတုဆေး ခြောက်များ သိမ်းဆည်းရမိမှုနှင့် ထိုင်းနိုင်ငံတွင် ဆေးခြောက်ကို တရားဝင်သုံးစွဲခွင့်ပြုလိုက်သည့်အပေါ် ဝေဖန်မှုများ ထွက်ပေါ် လာသည့် သတင်းများကို တွေ့ရှိရသည်။ မိမိတို့နိုင်ငံတွင် မူးယစ် ဆေးဝါးပြဿနာကို မြို့ပြများတွင်သာမက ကျေးလက်ဒေသများ တွင်ပါ တွေ့ရှိနေရသည်ဟု ဆိုသည်။
အယ်နီညိုရာသီဥတုအခြေအနေနှင့် စိုက်ရေး ပျိုးရေးအတွက် ရေ
ယခုနှစ်ဒုတိယနှစ်ဝက်ကာလအတွင်း အယ်နီညိုရာသီဥတုဖြစ်စဉ် ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထား ကြသည်။ အယ်နီညိုသည် အစွန်းရောက်ရာသီဥတုဖြစ်စဉ်တစ်ခု ဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာအရှေ့ပိုင်းရေပြင်တွင် ရေများပုံမှန် မဟုတ်ဘဲ ပူနွေးလာသည့် အခြေအနေတစ်ရပ်ဖြစ်သည်။ ပင်လယ် ရေပြင်ပူနွေးလာခြင်းကြောင့် ငါးများအုပ်စုလိုက် ပြောင်းရွှေ့သွား ကြသည်ကို တွေ့ရှိကြရပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၅၀၀ ခန့်ကပင် ပီရူးမှ ငါးဖမ်းသမားတံငါသည်များက အယ်နီညိုဖြစ်စဉ်ကို သတိပြုမိခဲ့ကြသည်ဟုဆိုသည်။
စာတတ်မြောက်ရေး လူထုလှုပ်ရှားမှု လူသားအကျိုးပြု လူတိုင်းပါဝင်
ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလှုပ်ရှားမှုကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် ရန် နိုင်ငံတော်က အလေးအနက်ပြင်ဆင်လျက်ရှိပြီဖြစ်သည်။ နိုင်ငံ့လူဦးရေ ၇၀ ရာခိုင်နှုန်းကျော် ကျေးလက်ဒေသတွင် နေထိုင် ကြသော မိမိတို့နိုင်ငံတွင် စာမတတ်သူအများစုမှာလည်း ကျေးလက် ဒေသတွင် ရှိနေသည်။ ဆင်းရဲမွဲတေခြင်းနှင့် စာမတတ်ခြင်း၊ ပညာရေးနိမ့်ကျခြင်းတို့မှာ အပြန်အလှန် ဆက်စပ်လျက်ရှိရာ စာမတတ်သူများကို စာသင်ပေးခြင်း၊ ပညာတတ်မြောက်စေ ခြင်းဖြင့် ဆင်းရဲတွင်းမှ လွတ်မြောက်စေမည်ဖြစ်သည်။
ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် အိုဇုန်းလွှာကာကွယ်ထိန်းသိမ်းရေးတွင်ပါဝင်
ကမ္ဘာ့ရာသီဥတုအပြောင်းအလဲကို စတင်စိတ်ဝင်စားခဲ့ကြသူများ မှာ ၁၉ ရာစု အစောပိုင်းကာလ ဥရောပသိပ္ပံပညာရှင်များဖြစ်သည်။ ထိုကာလတွင် ရေနွေးငွေ့စွမ်းအားကိုအသုံးပြုသည့် စက်မှု လုပ်ငန်းများထွန်းကားခဲ့ခြင်းနှင့်အတူ ကျောက်မီးသွေးကို အသုံး ပြုရာမှ ထွက်ပေါ်လာသည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ များသည် ကမ္ဘာ့အပူချိန်မြင့်တက်မှုအပေါ် သက်ရောက်မှုရှိနေ ကြောင်းကို ထိုစဉ်ကပင် ၎င်းသိပ္ပံပညာရှင်များ သတိပြုမိခဲ့ကြ သည်။