မြန်မာ့အလင်းအယ်ဒီတာအာဘော်

အမှန်တကယ် အလုပ်လုပ်

 

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်  နိုင်ငံအတွင်းရှိ   ရုပ်ဝတ္ထု (material)၊ ငွေကြေး (money)နှင့် လူသား (man)  အရင်းအမြစ် သုံးမျိုး (3Ms) ကို  အကျိုးရှိ   အထိရောက်ဆုံးအသုံးပြုရမည်ဟု ပညာရှင်များက ဆိုကြသည်။ ရုပ်ဝတ္ထုအရင်းအမြစ်တွင် သဘာဝ သယံဇာတအရင်းအမြစ်များနှင့် လူလုပ်ပစ္စည်းကိရိယာများအားလုံး လွှမ်းခြုံပါဝင်ပြီး ငွေကြေးအရင်းအမြစ်တွင် နိုင်ငံ၏ပြည်တွင်း ပြည်ပ တွင်ရှိနေသော ငွေကြေးအရင်းအနှီးအားလုံးပါဝင်သည်။ လူသားအရင်း အမြစ်တွင်မူ နိုင်ငံသားပြည်သူများ၏ ကာယ၊ ဉာဏစွမ်းအားများ၊ အသိပညာအတတ်ပညာကျွမ်းကျင်မှုများနှင့်စိတ်ဓာတ်ရေးရာ အခြေ အနေများပါဝင်သည်။

ရော်ဘာကုန်ကြမ်းအရည်အသွေးမြင့်မားရေးနှင့် တန်ဖိုးမြင့်ကုန်ချောများ ထုတ်လုပ်ရေးကြိုးပမ်း

 

ရော်ဘာသည် စက်မှုကုန်ကြမ်းသီးနှံဖြစ်ပြီး နှစ်ရှည်ပင် အမျိုးအစား လည်းဖြစ်သည်။ မြန်မာနိုင်ငံတွင်  ရော်ဘာစိုက်ဧက ၁၆ သိန်းကျော် ရှိပြီး စိုက်ပျိုးဧက   ထက်ဝက်ကျော်မှ နှစ်စဉ် ရော်ဘာစေးတန်ချိန် သုံးသိန်းကျော်  ထွက်ရှိနေသည်ဟုဆိုသည်။ သို့ရာတွင် ပြည်တွင်းမှ ထွက်ရှိသည့် စက်မှုကုန်ကြမ်းဖြစ်သော ရော်ဘာကို ပြည်တွင်းမှသုံးစွဲ နိုင်မှုမှာ ၈ ရာခိုင်နှုန်းမျှသာ ရှိနေသည့်အတွက် ရော်ဘာကုန်ကြမ်း သုံးစွဲသော   စက်မှုလုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက်ရေး   ကြိုးပမ်း ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိသည်။

ပညာရေးကို မြှင့်တင်ဖို့ ဆရာအင်အားဖြည့်ဆည်းစို့

 

လူတစ်ယောက်၏အကျင့်စရိုက်ကို မျိုးရိုးဗီဇ၊ သင်ကြားပြသမှုနှင့် ပတ်ဝန်းကျင်ဟူသောအကြောင်းတရား သုံးမျိုးက ဖန်တီးပေး သည်ဟူ၍ အဆိုရှိသည်။ မျိုးရိုးဗီဇသည် အမိအဖတို့နှင့် သက်ဆိုင် ၍ သင်ကြားပြသမှုသည် ဆရာများနှင့်သက်ဆိုင်ပြီး ပတ်ဝန်း ကျင်မှာမူ မိဘများနှင့်ရော  ဆရာတို့နှင့်ပါ   သက်ဆိုင်သည်။ ကျောင်းနေအရွယ် ကလေးငယ်များအတွက် သင်ကြားပြသမှုနှင့် ပတ်ဝန်းကျင်ပြုပြင်မှုဟူသော ဒုတိယအကြောင်းတရားနှစ်ရပ် ကို စာသင်ကျောင်းများတွင်   ခံယူရရှိနိုင်ပြီး   ၎င်းတို့၏ဘဝ တစ်သက်တာအတွက်ရော နိုင်ငံအတွက်ပါ လွန်စွာအရေးပါသည့် အချိန်အခါသည် ဆရာများနှင့်ထိတွေ့သင်ယူကြရသည့် အချိန် အခါပင် ဖြစ်သည်။

ပြည်သူတစ်ရပ်လုံး၏ ဆန္ဒနှင့်အညီ ငြိမ်းချမ်းရေးလမ်းပေါ်လျှောက်လှမ်း

 

လက်နက်ကိုင်ပဋိပက္ခများ ရပ်ဆိုင်းပြီး  တွေ့ဆုံဆွေးနွေးအဖြေရှာ ခြင်းကသာ နိုင်ငံမပြိုကွဲ၊ မပျက်စီးရေး၊ ငြိမ်းချမ်းရေးတို့အတွက် နည်းလမ်းအမှန်ဖြစ်သည်။ ပဋိပက္ခကျရောက်ရာ ဒေသနှင့် ဒေသ တွင်းနေ ပြည်သူလူထုအပေါ် ဘေးဒုက္ခကျရောက်မှုနှင့် ထိခိုက် ခံစားရမှုတို့ အသက်သာဆုံး၊ အနည်းပါးဆုံးလည်းဖြစ်သည်။ မြန်မာတိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးက လိုလားကြသည့် ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး  သဘောတူစာချုပ်(NCA) ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင်  လက်မှတ်ရေးထိုးခဲ့ကြရာ ယခုအခါ ရှစ်နှစ်တာကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများကို မှန်ကန်စွာအသုံးပြုသူများအား အကာအကွယ်ပေးနိုင်ရေး

 

မှတ်ပုံတင်ထားခြင်းမရှိသည့်  SIM Card များကို  အသုံးပြုပြီး ဆက်သွယ်ရေးကွန်ရက်ပေါ်မှ    ရာဇဝတ်မှုများ၊    အကြမ်းဖက် လုပ်ဆောင်မှုများနှင့် ခြိမ်းခြောက်အန္တရာယ်ပြုမှုများ ပိုမိုပြုလုပ် လာကြသည့်အတွက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးမှုကို ထိခိုက်လာကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်‌ ရေးဝန်ကြီးဌာနက   ထုတ်ပြန်လိုက်သည့်    SIM Card  များကို စနစ်တကျမှတ်ပုံတင်ရောင်းချခြင်းနှင့် လွှဲပြောင်းရာတွင် စနစ် တကျပြန်လည်မှတ်ပုံတင်ခြင်း  အမိန့်ကြော်ငြာစာတွင်  ဖော်ပြ ထားသည်။

Subscribe to မြန်မာ့အလင်းအယ်ဒီတာအာဘော်