တစ်စည်းတစ်လုံးတည်းသော နိုင်ငံ့အင်အားတည်ဆောက်ရန်လို
ယခုတလော သတင်းတု၊ သတင်းမှားများနှင့်ကောလာဟလ အမျိုးမျိုးတို့ တစ်ကြိမ်ပြီးတစ်ကြိမ်၊ တစ်မျိုးပြီးတစ်မျိုး မရိုး အောင် မသမာသူတို့က ထုတ်လွှင့်နေကြသည်။ လတ်တလော ဖြစ်ပွားနေသည့်တိုက်ပွဲဖြစ်စဉ်များမှသည် စက်သုံးဆီကိစ္စ၊ ဘဏ် ကိစ္စ၊ ဝန်ထမ်းအဖွဲ့အစည်းများအတွင်း လုံခြုံရေးတပ်ဖွဲ့များ ဖွဲ့စည်းရန် စေခိုင်းသည်ဆိုသည့်ကိစ္စတို့အထိ ရည်ရွယ်ချက်ရှိရှိ ထုတ်လွှင့်လိုက်သည့် လုပ်ကြံသတင်းများမှာ နိုင်ငံနှင့်ပြည်သူ လူထုအတွင်း မတည်မငြိမ်ဖြစ်စေရန်၊ အကျပ်အတည်းများဖြစ်စေ ရန်၊ အာရုံအမျိုးမျိုး ရှုပ်ထွေးဝေဝါးစေရန်ပင်ဖြစ်သည်။