လူမှုရေး

ချစ်ကြည်ရင်းနှီးမှုမှသည် ပန်းတိုင်ဆီသို့

 

ဝဏ္ဏ (TGI)

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Republic of Buryatia ပြည်နယ်  Ulan-Ude မြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်  ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင် ဦးဆောင်သည့်       မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏    စက်တင်ဘာ  ၁၀ ရက် လေ့လာရေးခရီးစဉ်အား နံနက် ပိုင်းကာလကပင် စတင်သည်။

 

မြန်မာနိုင်ငံအနာဂတ် လှသည်ထက်လှစေ

 

ဝဏ္ဏ (TGI)

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံ   ဗလာဒီဗော့ စတော့ခ်မြို့  Far  Eastern  Federal University(FEFU) သို့ ရောက်ရှိတည်းခို လျက်ရှိသည့်   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်  ဦးစီး သည့် မြန်မာ အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့သည် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၇ ရက် နံနက်ပိုင်းမှစတင်၍   သက်ဝင် လှုပ်ရှားလျက်ရှိသည်။

 

အိုဇုန်းလွှာကာကွယ်ထိန်းသိမ်းမှုဖြင့် ရာသီဥတုပြောင်းလဲမှုကို ကာကွယ်စို့

 

(စက်တင်ဘာ ၁၆ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုလျက်)

 

ညွန့်ဝင်း(နတ်တလင်း) 

 

လူနှင့် သတ္တဝါတို့သည် ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့အပေါ်မူတည်၍ အသက်ရှင်နေထိုင်ကြရသည်။ ဥတုအပေါ် တည်မီအသက်ရှင်နေထိုင်ကြရာ၌ ပူခြင်း၊ အေးခြင်း၊ လေတိုက်ခြင်း၊ ဆီးနှင်းကျခြင်း၊ မိုးရွာခြင်း စသောရာသီဥတုအခြေအနေများကို မလွဲမသွေ ရင်ဆိုင်ကြရပါသည်။မျှတကောင်းမွန်သော ရာသီဥတု ကသာလျှင် သက်ရှိများ ရှင်သန်နေထိုင်ရေးကို အကျိုးပြုနိုင်ပေလိမ့်မည်။ထိုမျှတသော ရာသီဥတုအခြေအနေကို ဖန်တီးပေးသည့် သဘာဝအခြင်းအရာများတွင် အိုဇုန်းလွှာလည်း အဓိကနေရာ၌ ပါဝင်နေသည်။

 

ကိုဗစ်-၁၉ စတုတ္ထလှိုင်းနှင့် ပေါ့ဆ၍မရသည့် တစ်ကျော့ပြန် အိုမီခရွန်

 

ခင်ရတနာ
 

 

ကျန်းမာရေးဝန်ကြီးဌာနက  နေ့စဉ်ထုတ်ပြန်ပေးနေတဲ့ ကိုဗစ်-၁၉ စောင့်ကြပ်ကြည့်ရှုမှုနဲ့ပတ်သက်တဲ့  သတင်းတွေထဲမှာ စက်တင်ဘာ ၆ ရက်က ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသွားသူ တစ်ဦးရှိခဲ့တာကို ကြားသိ လိုက်ရပါတယ်။ ဒါတင်မကသေးပါဘူး။ ဩဂုတ်လလယ်လောက်ကစပြီး ကိုဗစ်-၁၉ အတည်ပြုလူနာသစ်စာရင်းတွေ တိုးလာခဲ့တာ နှစ်ရာခိုင်နှုန်းအထက် ရောက်လာတာမို့ ကိုဗစ်-၁၉ တစ်ကျော့ပြန် သတိပေးခေါင်းလောင်းသံမြည်လာခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ 

 

မြန်မာ့စာတတ်မြောက်မှုနည်းလမ်းမှသည် ကမ္ဘာ့ကလေးများ အသက်ရှင်ရေးဆီသို့ . . .

 

ဒေါက်တာမောင်သင်း
 

 

နိုင်ငံတကာစာတတ်မြောက်ရေး ကြိုးပမ်းမှုသည်  ၁၉၆၅  ခုနှစ် စက်တင်ဘာ  ၈  ရက်မှစ၍  ၁၂  ရက်တိုင်တိုင် အီရန်နိုင်ငံ တီဟီရန်မြို့၌ “ကမ္ဘာ့စာတတ် မြောက်ရေးကွန်ဂရက် (World Literacy Congress)” ကြီးတစ်ရပ် ကျင်းပခဲ့ရာမှ စတင်ခဲ့ပါသည်။ ထိုပထမဆုံး စာမတတ်သူပပျောက်ရေး ကမ္ဘာ့ညီလာခံကြီး ကျင်းပသည့်နေ့ကို ဂုဏ်ပြု၍ နှစ်စဉ် စက်တင်ဘာ ၈ ရက်ကို “နိုင်ငံတကာ စာတတ်မြောက်ရေးနေ့” ဟု ၁၉၆၆ ခုနှစ်တွင် ကျင်းပခဲ့သော ယူနက်စကို အထွေထွေ ညီလာခံကြီးက ပြဋ္ဌာန်းသတ်မှတ်ခဲ့ပါသည်။ 

 

Subscribe to လူမှုရေး