နိုင်ငံခြားဝင်ငွေရရှိဖို့ ကော်ဖီသီးနှံ တိုးချဲ့စိုက်ပျိုးကြပါစို့

Type
5

 

မော်ကျွန်းမြင့်အောင်
 

 

မြန်မာနိုင်ငံ၌ ကော်ဖီကို ပြည်သူများ စွဲစွဲမက်မက် သောက်သုံးကြသည်။ နံနက်ပိုင်းစားသောက်ဖွယ်အဖြစ် ကော်ဖီကို ကော်ဖီဆိုင်၌လည်းကောင်း၊ မိမိနေအိမ် ၌လည်းကောင်း သောက်သုံးသော အလေ့အထရှိကြသည်။ ကော်ဖီ၏   ထူးကဲစွဲမက်ဖွယ်   အရသာကြောင့် ကော်ဖီချစ်သူတို့ ကော်ဖီကို စွဲစွဲမက်မက် သောက်သုံး နေကြခြင်းဖြစ်သည်။ ကော်ဖီသည် သောက်သုံးသူ၏ စိတ်နှလုံးကို  ကြည်လင်လန်းဆန်းစေသည်။ ခွန်အားကို တိုးစေသည်။ အကြံဉာဏ်နှင့် စိတ်ကူးသစ်များ ပေါ်ပေါက်စေသည်။
ကော်ဖီ၏ ထူးကဲသောအရသာကြောင့် ကမ္ဘာ တစ်ဝန်း ကော်ဖီသောက်သုံးသည့် နိုင်ငံအများအပြား ရှိကြသည်။ ကမ္ဘာ့ကော်ဖီအများဆုံး   သောက်သုံး သော    နိုင်ငံများစာရင်းတွင်    အီးယူဟုခေါ်သော ဥရောပနိုင်ငံများက ပထမအများဆုံးဖြစ်ပြီး ဒုတိယ အများဆုံးမှာ အမေရိကန်နိုင်ငံဖြစ်သည်။ တတိယ အများဆုံးမှာ ဂျပန်နိုင်ငံဖြစ်သည်။ ။
စာရေးသူတို့ မြန်မာနိုင်ငံသည်လည်း ကော်ဖီ ကြိုက်နှစ်သက်သော   နိုင်ငံများစာရင်းတွင်  အပါ အဝင်ဖြစ်သည်။    မြန်မာတစ်နိုင်ငံလုံး၌   ကော်ဖီ သီးနှံစိုက်ဧကပေါင်း ၄၉၉၅၁ ဧက လက်ရှိစိုက်ပျိုး ထားသည်။ တစ်နှစ်ပတ်လုံး ကော်ဖီထွက်ရှိမှုမှာ တန်ချိန်   ၉၀၀၀  ကျော် ထွက်ရှိသည်။ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃၆ သန်းခန့် ရရှိနေသည်။ 
ကော်ဖီမှ ပြည်ပထွက်ငွေ
သို့သော်လည်း    ပြည်ပနိုင်ငံများမှ  ကော်ဖီမှုန့် များကို မြန်မာနိုင်ငံက  ဝယ်ယူလျက်ရှိရာ  တစ်နှစ်  လျှင် အမေရိကန်ဒေါ်လာ သန်း ၅၀ ဖိုး ကော်ဖီမှုန့် များ  ဝယ်ယူတင်သွင်းနေရသည်။  မြန်မာနိုင်ငံက ပြည်ပမှဝယ်ယူသည့် ကော်ဖီမှုန့်မှာ သန်း ၅၀ ဖိုး ဖြစ်သောကြောင့် ပြည်ပမှတင်သွင်းမှုနှင့် ထွက်ရှိမှု ကို နှိုင်းယှဉ်ကြည့်ပါက ကော်ဖီမှ ပြည်ပထွက်ငွေ ရှိနေသည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံတစ်ဝန်း ကော်ဖီသီးနှံစိုက်ပျိုးခြင်းမှ နိုင်ငံခြားဝင်ငွေ ရရှိရေး အတွက် ဘက်ပေါင်းစုံမှ စွမ်းအားညီညီ အားမာန်ချီ ကာ   ဝိုင်းဝန်းကြိုးပမ်း    ဆောင်ရွက်ကြရမည် ဖြစ်သည်။ 
နိုင်ငံတစ်ဝန်း၌ ကော်ဖီစိုက်ပျိုးခြင်းမှ ရရှိနိုင် သော အကျိုးကျေးဇူးများမှာ သဘာဝပတ်ဝန်းကျင် ကို   ထိန်းသိမ်းရာရောက်သည်။   သစ်တောများ ရှင်သန်ဖြစ်ထွန်းစေသည်။   ရာသီဥတုကို   မျှတ ကောင်းမွန်စေသည့်အပြင်       ကော်ဖီစိုက်ပျိုးသူ တောင်သူများအတွက်လည်း    အကျိုးအမြတ်များ ရရှိစေပါသည်။
မြန်မာနိုင်ငံ၌   စိုက်ပျိုးသောကော်ဖီ နှစ်မျိုး 
မြန်မာနိုင်ငံ၌   စိုက်ပျိုးသောကော်ဖီမှာ နှစ်မျိုး  နှစ်စားရှိသည်။        လွယ်လွယ်မှတ်မည်ဆိုလျှင် တောင်ပေါ်၌   စိုက်ပျိုးသော  ကော်ဖီ   (တောင်ပေါ် ကော်ဖီ) နှင့်   တောင်အောက်မြေပြန့်၌   စိုက်ပျိုး သောကော်ဖီ (မြေပြန့်ကော်ဖီ)ဟူ၍ ခွဲခြားစိုက်ပျိုး ကြသည်။ 
တောင်ပေါ်ဒေသ၏   ရာသီဥတုကို  ကြိုက်နှစ် သက်သော တောင်ပေါ်ကော်ဖီကို အာရေဗီးကားဟု ခေါ်သည်။   ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၀၀၀ မှ   ၆၀၀၀ အတွင်း   စိုက်ပျိုးဖြစ်ထွန်းအောင် မြင်ကြသည်။ တောင်ပေါ်ကော်ဖီကို ကော်ဖီစိုက် တောင်သူတို့က    ကချင်ပြည်နယ်    မြစ်ကြီးနား၊ ပူတာအိုနှင့်     ဗန်းမော်ဒေသတို့၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး    မိုးကုတ်နှင့်   ပြင်ဦးလွင် ဒေသတို့၌လည်းကောင်း၊    ရှမ်းပြည်နယ် တာချီ လိတ်၊ ကျိုင်းတုံ၊  လွိုင်မွေ၊  ရပ်စောက်၊  နောင်ချို၊ ပင်းတယ၊ ရွာငံ၊ ဟိုပုန်း၊ နောင်တရားနှင့် ပင်လောင်း ဒေသတို့၌လည်းကောင်း၊     ကယားပြည်နယ် လွိုင်ကော်၊    ဒီမော့ဆိုတို့၌လည်းကောင်း၊   ချင်း ပြည်နယ်၊ မကွေးတိုင်းဒေသကြီး အနောက်ခြမ်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး          မြောက်ပိုင်းတို့၌ လည်းကောင်း  စိုက်ပျိုးကြရာ ဖြစ်ထွန်းအောင်မြင် လျက်ရှိကြသည်။ 
ရိုဘတ်စတာဟုခေါ်သော  မြေပြန့်ကော်ဖီကိုမူ ကရင်ပြည်နယ်   လိပ်သို၊   သံတောင်ကြီးဒေသ၌ လည်းကောင်း၊   မွန်ပြည်နယ်၊    တနင်္သာရီတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့၌လည်းကောင်း        စိုက်ပျိုး၍  အောင်မြင်မှုရရှိနေသည်။ 
ကော်ဖီပင် စိုက်ပျိုးမည်ဆိုလျှင်
ကော်ဖီစိုက်ပျိုးကြသည့်         နိုင်ငံတစ်ဝန်းမှ တောင်သူများ အထူးသတိပြုရန်အချက်မှာ ကော်ဖီ ပင်ကို     စိုက်ပျိုးမည်ဆိုလျှင်     စိုက်ပျိုးမည့် မြေပတ်ဝန်းကျင်ကို ပထမဦးစွာ ရှင်းလင်းထားရမည် ဖြစ်သည်။ ကော်ဖီပင်သည် အရိပ်ရအပင်အောက် ၌သာ စိုက်ပျိုးဖြစ်ထွန်းသော အပင်မျိုးဖြစ်သည်။
မြန်မာနိုင်ငံအတွင်း         ကော်ဖီစိုက်ပျိုးရန် ဇုန်နယ်မြေများ   ခွဲခြားသတ်မှတ်ပြီး ငါးနှစ်အတွင်း ကော်ဖီဧက သုံးသိန်း  စိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုပါက  နှစ်စဉ်အမေရိကန်ဒေါ်လာ   ၂၃၂  သန်း အနည်းဆုံး    ရရှိနိုင်မည်ဖြစ်သည်။  ကော်ဖီစိုက် တောင်သူများအနေဖြင့်  အမြတ်များများရလိုပါက အရင်းအနှီးများများ    စိုက်ထုတ်ရမည်ဖြစ်သည်။  ကော်ဖီသီးနှံ စတင်စိုက်ပျိုးပါက တစ်ဧကလျှင် ကျပ် သိန်း ၂၀ ကုန်ကျမည် ဖြစ်သည်။ ပထမဆုံး စိုက်ပျိုး သောနှစ်တွင်  ကျင်းတူးခြင်း၊ ပျိုးပင်ဝယ်ယူခြင်းနှင့် မြေဩဇာကျွေးခြင်းစသော   လုပ်ငန်းများအတွက် ကုန်ကျစရိတ်များ ရှိနေမည် ဖြစ်သည်။
အကျိုးအမြတ်များစွာ ခံစားကြရမည်
ပထမဆုံးနှစ်တွင် ပြည့်စုံအောင် ဆောင်ရွက်ပေး ပါက နောက်နှစ်များတွင် ကုန်ကျစရိတ် သက်သာ သွားမည် ဖြစ်သည်။ ကော်ဖီပင် အောင်မြင်ရှင်သန် စေရန် ပြုစုခြင်း၊ ထိန်းသိမ်းခြင်းတို့အတွက် တစ်နှစ် လျှင်  ကျပ် သုံးသိန်းမျှသာ    အကုန်အကျခံရမည် ဖြစ်သည်။ ကော်ဖီပင် စိုက်ပျိုး၍ လေးနှစ်သက်တမ်း ရောက်ရှိလာသောအခါ    ကော်ဖီသီးသီးမည်ဖြစ် သည်။ ကော်ဖီသီးကို စတင်ခူးရမည်ဖြစ်ပြီး ပထမ ဆုံးခူးသောနှစ်တွင် ဝင်ငွေ ကျပ်ရှစ်သိန်းခန့် ရရှိမည် ဖြစ်သည်။ ကော်ဖီပင်သက်တမ်း ခုနစ်နှစ်၊ ရှစ်နှစ်သို့ ရောက်သောအခါ ဝင်ငွေတိုးတက်လာမည်ဖြစ်ပြီး တစ်နှစ်လျှင်   ကျပ်  ၁၂  သိန်းစီ   ဝင်လာမည်ဖြစ်၍ တောင်သူများ ရင်းနှီးမြှုပ်နှံထားသည့် ကုန်ကျစရိတ် အားလုံးကျေမည့်အပြင် အမြတ်ဝင်ငွေများ ရရှိနေ မည်သာဖြစ်သည်။ ကော်ဖီပင်သက်တမ်း ကိုးနှစ် ကျော်မှစပြီး တစ်ဧကလျှင် ကျပ်သိန်း ၂၀ ဝင်မည် ဖြစ်၍ တောင်သူတို့ အကျိုးအမြတ်များစွာ ခံစားကြ ရမည်ဖြစ်သည်။
သို့အတွက်ကြောင့်   မြန်မာနိုင်ငံ၏    ရေမြေ ရာသီဥတုနှင့်   ကိုက်ညီသော   အရပ်ဒေသများ၌ကော်ဖီစိုက်ပျိုးကြရန်  လိုပါသည်။ ကော်ဖီစိုက်ပျိုးသူ တောင်သူ၏    ငွေအရင်းအနှီးအပေါ်   မူတည်၍ အကျိုးအမြတ် အနည်းအများ ကွာခြားနိုင်ပါသည်။ များများရင်းနိုင်သော တောင်သူသည် အကျိုးအမြတ် များများ ရရှိမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကော်ဖီပင်သည် အပင်သက်တမ်း လေးနှစ်မှ စတင် ၍   ၁၆  နှစ်အထိ  စိုက်ပျိုးသူ  တောင်သူများအား အကျိုးပြုသောကြောင့်ဖြစ်သည်။ 
ကော်ဖီမှ နိုင်ငံခြားဝင်ငွေ ရရှိရေး
ကော်ဖီမှ နိုင်ငံခြားဝင်ငွေ ရရှိရေးအတွက်လည်း စိုက်ပျိုးထုတ်လုပ်ကြရမည်ဖြစ်သည်။ မြန်မာ့ကော်ဖီ ၏ အရည်အသွေးမြင့်မားပြီး ကမ္ဘာ့ဈေးကွက်၌ နာမည်ရ မြန်မာ့ကော်ဖီဖြစ်လာအောင် ထုပ်ပိုးမှုမှ စ၍   ခေတ်မီဆန်းသစ်သော   ဒီဇိုင်းပုံစံများဖြင့် ဝယ်ယူသူ   စွဲမက်ဖွယ်ဖြစ်အောင်   စီမံပြင်ဆင်ထား ကြရမည်ဖြစ်သည်။ သို့မှသာ မြန်မာ့ကော်ဖီသည် ကမ္ဘာ့ဈေးကွက်ထဲ၌        ထာဝရရပ်တည်နိုင်မည် ဖြစ်သည်။ 
အနှစ်ချုပ်တင်ပြရလျှင်         ကော်ဖီသည် အရင်းအနှီးကြီးသော်လည်း စိုက်ပျိုးသင့်သော သီးနှံ ပင် တစ်မျိုးဖြစ်သည်။ နှစ်ရှည်သီးနှံမျိုး ဖြစ်သော ကြောင့် သက်တမ်း ၁၆ နှစ်အထိ တောင်သူကို အမြတ် များများရအောင် ဝင်ငွေရှာပေးသော  သီးနှံမျိုးလည်း ဖြစ်သည်။ ထို့ပြင်  နိုင်ငံခြားဈေးကွက်ရှိနေသဖြင့် နိုင်ငံတစ်ဝန်းမှ   တောင်သူများအနေဖြင့်   လက်ရှိ စိုက်ပျိုးနေသော ဇုန်နယ်မြေအလိုက် စိုက်ဧကများ ပိုမိုတိုးချဲ့စိုက်ပျိုးကြရန်    လိုပါသည်။   ကော်ဖီမှ နိုင်ငံခြားဝင်ငွေရရှိလာပါလျှင်    နိုင်ငံ့စီးပွား   ဖွံ့ဖြိုး တိုးတက် စည်ပင်လာမည်ဖြစ်သည်။ ကော်ဖီစိုက်ပျိုး သူ တောင်သူများအနေဖြင့်လည်း ဝင်ငွေတိုးပွား အကျိုးများပြီး    လူမှုစီးပွားဘဝများ      ဖွံ့ဖြိုး တိုးတက်လာမည်မှာ ဧကန်မလွဲဖြစ်ပါသည်။ နိုင်ငံ တစ်ဝန်း  ကော်ဖီစိုက်ဧကများ တိုးတက်လာပါက ကော်ဖီတစ်ခေတ်           ဆန်းသစ်လာမည်ဖြစ်၍  နိုင်ငံခြားဝင်ငွေရရှိဖို့   ကော်ဖီသီးနှံ   တိုးချဲ့စိုက်ပျိုးကြ ပါစို့ဟု       နှိုးဆော်တိုက်တွန်း    ရေးသားတင်ပြလိုက် ရပေသည်။      ။