လူမှုရေး
ခါတစ်ခေါက် လာရောက် လည်ပတ်စေချင် စစ်ကိုင်းတစ်ခွင်
ဒေါက်တာ တင်မာမာဦး( စစ်ကိုင်း)
စစ်ကိုင်းဟုဆိုကြလျှင် စစ်ကိုင်းတောင်၊ မင်းဝံ တောင်နှင့် မင်းကွန်းဒေသများသည်လည်း ခွဲခြား၍ မရသောအရာများ ဖြစ်သည်။ စစ်ကိုင်းတောင်ပေါ် တွင် ရာပေါင်းများစွာသောဘုရားများကို ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် တွေ့မြင်နိုင်သည်။ စစ်ကိုင်းတောင်နှင့် မင်းကွန်းဒေသများသည် တရားအားထုတ်ရာ စခန်း များဖြင့်လည်း လူသိများလှသည်။ ဧရာဝတီမြစ်နှင့် အပြိုင် တည်ရှိနေသော စစ်ကိုင်းတောင်ရိုးပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားစေတီပုထိုး များ၏ ခံ့ညားလှပသော ရှုခင်းများသည်လည်း လာရောက်လည်ပတ်သည့် ဧည့်သည်များအား ဆွဲဆောင်မှုတစ်ခု ဖြစ်သည်။
ရှမ်းပြည်နယ်အလှ တောင်ချွန်းမြို့(ခေါ် ) လွိုင်လင်တောင်သို့ တက်ခဲ့သည်
စိုင်းဇော်လတ်(လင်းခေး)
မမေ့နိုင်ဖွယ် အညာဆောင်း
သိန်းထွန်း (IR)
နတ်တော်လကုန်လို့ ပြာသိုလပြည့်နေ့ ဖြစ်နေပြီ။ ဆောင်းရဲ့အရသာကို သိပ်ပြီး သိသိသာသာ မရသေးဘူး။ နံနက်အစောရော ညပိုင်းပါ ရေချိုးလို့ ကောင်းတုန်း ပဲ။ ဆောင်းတွင်းမှာမြင်နေကျ နှင်းမှုန်၊ နှင်းစက်တို့ ဘယ်ကိုများ ခရီးလွန်နေလဲမသိ။ အရိပ်အယောင်တောင် မမြင်ရ။ တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို၊ တပို့တွဲတွေက ဆောင်းရာသီလို့ဆိုပေမယ့် အခုဆို ဆောင်းရာသီတစ်ဝက်ပင် ကျိုးနေပြီ။ ဆောင်းတွင်းမို့ အနွေးထည်ဝတ်ရတဲ့ ရက်တွေကို မှတ်မှတ်ရရ လက်ချိုးရေလို့ရတယ်။ အရင်ကတော့ နတ်တော်၊ ပြာသိုလဆိုတာက အအေးဆုံးလ။ အခုတော့ အဲဒီလို မအေးတော့ပေါင်။ ဆောင်းတွင်းမအေးလို့ အဲကွန်း ဖွင့်ထားရတာ ရှိသေးရဲ့။
- Read more about မမေ့နိုင်ဖွယ် အညာဆောင်း
- Log in to post comments
အကောင်းဆုံးနှစ်သစ်ကိုဖြတ်သန်းဖို့ သန္နိဋ္ဌာန်တွေချကြစို့
တင်ထက်ထက်ဇော်
နှစ်ဟောင်းကုန်လို့ နှစ်သစ်ရောက်ပါပြီ။ ပုထုဇဉ်လူသားပီပီ နှစ်ဟောင်းမှာ တွေ့ကြုံပြုမူခဲ့တဲ့ ချို၊ ချဉ်၊ ဖန်၊ ခါး လောကဓံတရားတွေကို ခံစားခဲ့ကြပြီးပြီမို့ အတိတ်ကို အတိတ်မှာထားခဲ့ရင်း အဲဒီလောကဓံတွေကနေ သင်ခန်းစာယူ အမြတ်ထုတ်ကာ နှစ်သစ်မှာ တစ်နှစ်တာ ကာလပတ်လုံးအတွက် အကောင်းဆုံးဖြတ်သန်းကြပါစို့လားရှင်။
စိန်ရတုလွတ်လပ်ရေး အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်
ဒေါက်တာ မောင်ကျော်၊ ပါမောက္ခချုပ် (ငြိမ်း)
စိန်ရတုလွတ်လပ်ရေး အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်
ဒေါက်တာ မောင်ကျော်၊ ပါမောက္ခချုပ် (ငြိမ်း)
လူငယ်နှင့် စာပေအနုပညာ
ရဿဝတီမေနန်း
ယနေ့လူငယ်များသည် အနာဂတ်တိုင်းပြည်၏ မျိုးဆက်သစ်ကလေးများဖြစ်ရာ အမိနိုင်ငံတော်အတွက် အရေးပါလှသော အဖိုးတန် လူ့အရင်းအမြစ်ကလေးများပင် ဖြစ်ပါသည်။ မိမိတို့နိုင်ငံတော် အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်လာစေရန် လူငယ်များသည် အဓိကအားဖြင့် စာပေတွင် မွေ့လျော်သင့်ပါသည်။
- Read more about လူငယ်နှင့် စာပေအနုပညာ
- Log in to post comments