စိန်ရတုလွတ်လပ်ရေး အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်

Type

 

ဒေါက်တာ မောင်ကျော်၊ ပါမောက္ခချုပ် (ငြိမ်း) 

 

(ယမန်နေ့မှအဆက်)
အခြေအနေ (၃)
လွတ်လပ်ခြင်းသဘောမှန်၊   အဓိပ္ပာယ်မှန်ကို မသိသောသူသည် တစ်မျိုးတစ်မည် နားလည်နေ လေသည်။ လွတ်လပ်ခြင်းရအောင် စည်းမဲ့ကမ်းမဲ့ လုပ်ရသည်၊    သို့မဟုတ်   စည်းမဲ့ကမ်းမဲ့ပြုလုပ် နိုင်ခြင်းသည်       လွတ်လပ်ခြင်းဖြစ်သည်ဟူ၍ နားလည်နေလေသည်။ သို့အတွက် လွတ်လပ်ရေး ရရှိသောအခါ စည်းမဲ့ကမ်းမဲ့ပြုလုပ်နိုင်တော့ပြီဟု ထင်မှတ်နေသည့်အတိုင်း စည်းမဲ့ကမ်းမဲ့ ဆက်လက် ပြုလုပ်နေကြခြင်းဖြစ်သည်။
လွတ်လပ်ရေး၏ သဘောကို မှန်ကန်စွာသိရှိ၍ ထိုသဘောအတိုင်း   ပေါင်းသင်းဆက်ဆံနေထိုင် ခြင်းကို မပြုသမျှကာလပတ်လုံး၊ အခြေအနေသည် တိုးတက်လိမ့်မည်မဟုတ်။ အများသောလူထုသည် ထင်ရာလုပ်နိုင်ခြင်းကို လွတ်လပ်ခြင်းဟူ၍ ထင်မှား နေသမျှကာလပတ်လုံး   မည်သူမျှလွတ်လပ်ခြင်း မရှိဘဲ လွတ်လပ်ခြင်း၏ အရသာကို ခံစားကြရမည် မဟုတ်ပေ။ 
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဧပြီ ၁၉ ရက် တွင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်လာ ခဲ့သည်။    မြန်မာနိုင်ငံသည်   ဂျီနီဗာလက်နက် ဖျက်သိမ်းရေးညီလာခံ၏ အဖွဲ့ဝင်နိုင်ငံအဖြစ် ၁၉၆၂ ခုနှစ်ကပင်  ပါဝင်ခဲ့ပြီး  ယင်းညီလာခံ၏   နှစ်စဉ် ညီလာခံများသို့ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ပုံမှန်တက်ရောက်ခဲ့သည်။
အခြေအနေ (၄) 
လွတ်လပ်ရေးရပြီး  ၁၀   နှစ်သို့   ရောက်သော် ဖဆပလအဖွဲ့၏ တတိယအကြိမ်  မြန်မာနိုင်ငံလုံး ဆိုင်ရာ   စည်းဝေးပွဲတွင်    သဘောကွဲလွဲမှုပို၍ ထင်ရှားခဲ့သည်။    “နုတင်    သန့်ရှင်းဖဆပလ၊ ဆွေငြိမ်းတည်မြဲဖဆပလ” အုပ်စုနှစ်ခုသည် အစိုးရ အဖွဲ့ကို ကြိုးကိုင်နိုင်ရန် နှစ်ဖက်စလုံးကြိုးစားခဲ့သည့် ပုံရိပ်ရှိခဲ့သည်။  ဖဆပလ အုပ်စုနှစ်စုကွဲသွားခြင်း သည်   ပြည်သူလူထုအတွင်း     စိတ်ဝမ်းကွဲမှု သက်ရောက်ခဲ့ရာ နိုင်ငံအတွက် ဒဏ်ရာကျန်ခဲ့သည်။ 
“နိုင်ငံရေးပါတီများအနေဖြင့်  အများနှင့်ဆိုင် သော အကောင်းဆုံးစံများကို စွဲစွဲမြဲမြဲဆုပ်ကိုင်ထား သင့်ကြသည်။ အမျိုးသားကောင်းစားရေးအတွက် ပြင်းပြသောစိတ်ဖြင့် ဆောင်ရွက်လျှင် နှစ်အနည်း ငယ်အတွင်း   အောင်မြင်နိုင်ကြောင်း    ဂျပန်က လက်တွေ့ပြခဲ့ပြီ၊ အမျိုးသားစည်းလုံးညီညွတ်မှုကို အိပ်မက်မဖြစ်ပါစေနှင့်”   ဆိုတဲ့အကြောင်း   ဂန္ထ လောကမဂ္ဂဇင်းဆောင်းပါးပါ   ဦးသန့်ရဲ့ထောက်ပြ ချက်ကို  “မောင်ရွှေခေတ်ရေး  ဦးသန့်၏အတွေ့ အကြုံများ” စာအုပ်တွင် ဖတ်ရှုရပါသည်။    
ဖဆပလခေတ်တွင်     နိုင်ငံရေးတည်ငြိမ်မှု ကင်းမဲ့ခဲ့ရသည်။  ဖဆပလအဖွဲ့သည် စိတ်ဝမ်းကွဲ၊ သွေးကွဲ      တစ်တပ်တစ်ဗိုလ်   ဖြစ်သွားခဲ့သည်။  တိုးတက်မှုလမ်းကြောင်းမှ ချော်ခဲ့ရသည်။ ဝန်ကြီး ချုပ်ဦးနုက မိမိရာထူးမှ နုတ်ထွက်၍ ဗိုလ်ချုပ်ကြီး နေဝင်းအား အုပ်ချုပ်ရေးအာဏာလွှဲအပ်ကြောင်း  ၁၉၅၈ ခုနှစ်  စက်တင်ဘာ  ၂၆ ရက်တွင် ကြေညာ လေသည်။
ထို့နောက် အိမ်စောင့်အစိုးရအဖွဲ့ကို ဂုဏ်သိက္ခာ ရှိသည့် ပုဂ္ဂိုလ်ကြီး (၁၄) ဦးဖြင့်ဖွဲ့ကာ လုပ်ငန်းစဉ် လေးရပ်         ချမှတ်ဆောင်ရွက်ခဲ့သည်တို့မှာ မျက်မှောက်ကာလဖြစ်စဉ်နှင့်       တူပေသည်။ ထူးခြားသည်မှာ  စိန်ရတုကာလသို့    ချဉ်းနင်း ရောက်သည့်နှစ်ဝယ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးအတွက် ညှိနှိုင်း ဆောင်ရွက်နေမှုကို တွေ့မြင်ရသည်။ ပြည်တွင်း ပြည်ပပြဿနာအရပ်ရပ်ကို   ဖြေရှင်းပေးလျက်ရှိ သည်ကိုတွေ့ရသည်။ 
အခြေအနေ (၅) 
လူ့အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်ခု၏ တိုးတက် မှု၊ ဆုတ်ယုတ်မှု၊ တိုးပွားမှု၊ ကျဆင်းမှုတို့သည်လည်း ထိုလူ့အဖွဲ့အစည်း၊ ထိုတိုင်းပြည်၏ ဉာဏ်၊ ဝီရိယ နှင့် စည်းလုံးညီညွတ်မှုအပေါ်တွင် ပဓာနအားဖြင့် တည်နေပုံကို လယ်တီဆရာတော်က -
“…. တစ်ယောက်၏   ဉာဏ်၊   ဝီရိယသည် အားရှိသလောက် အကျိုးကိုဖြစ်ထွန်းစေနိုင်သည်။ ထို့ထက် နှစ်ယောက်ညီလာသော ဉာဏ်ဝီရိယသည် အားများစွာပါနေသည်။ ထိုထက် သုံးယောက်ညီလာ သော ဉာဏ်ဝီရိယ၊ ထိုထက်လေးယောက်၊ ထိုထက် ငါးယောက်၊   တစ်ကျိပ်၊   တစ်ရာ၊    တစ်ထောင် စသည်ဖြင့် အများညီညွတ်သော ဉာဏ်ဝီရိယသည် တိုင်းကိုကြံနိုင်သည်။         ပြည်ကိုကြံနိုင်သည်။ ဤကဲ့သို့သော အရာများမှာ ကံသည် ပဓာနမဟုတ်၊ အများညီညွတ်သော ဉာဏ်၊ ဝီရိယသည်သာ ပဓာန ပေတည်း…” ဟု တွေးမြင်တင်ပြခဲ့သည်။     
လွတ်လပ်ရေးမရမီကာလမှာ ဗြိတိသျှ၊ အိန္ဒိယ၊ သီရိလင်္ကာနိုင်ငံတို့တွင် ဆိုရှယ်လစ်စနစ် ကျင့်သုံး သည့်ကိစ္စက  ရေပန်းစားနေရာ မြန်မာတွင်လည်း  ပြောဖွယ်ရာမရှိပြီ။ ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေး ကောင်စီပေါ်ပေါက်လာပြီး   မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို   ဖွဲ့စည်း၍    ဆိုရှယ်လစ်နိုင်ငံ တည်ဆောက်ရန် ကြိုးပမ်းခဲ့သည်။ ၁၉၆၂ မှ ၁၉၈၈ ကာလသည် လူနှင့်ပတ်ဝန်းကျင်တို့ အပြန်အလှန် အကြောင်းအကျိုးပြုနေသည်ဟု   ခံယူထားသည့် သဘောတရားများ ပေါ်ပေါက်လာသော ကာလဖြစ် သည်။ လူ့ဘဝနှင့် လူ့သမိုင်း၏ ကံကြမ္မာဖန်တီးရေး တွင် ပတ်ဝန်းကျင်က   အခြေအ‌နေပေး၍    လူက အဆုံးအဖြတ်ပေးသည်ဟူသော လူသာပဓာနအမြင် ပေါ်ပေါက်ခဲ့သည်။ လူသာပဓာနဆိုရာ၌ လုပ်သား ပြည်သူအများကို ရည်ညွှန်းသောအတွေးအခေါ်ဖြစ် သည်။ ရုပ်သာအဓိက၊ စိတ်သာအဓိကဟု အငြင်း ပွားမှုပြဿနာများမရှိသော    အတွေးအခေါ်ဖြစ် သည်။ လူနှင့် ပတ်ဝန်းကျင်တို့၏ အညမညသဘော တရားသည်  သမိုင်းကြောင်းကို   အစဉ်တိုးတက် နေသည်ဟု မခံယူပေ၊ လူတို့အပေါ် မူတည်၍သာ တိုးတက်နိုင်သည်ဟု ခံယူသည်။ 
ဆိုရှယ်လစ်သမ္မတလူ့ဘောင် တည်ဆောက်ရာ တွင် တောင်သူလယ်သမားနှင့် အလုပ်သမားလူတန်း စားများသည်  အခြေခံလူတန်းစားတစ်ရပ်ဖြစ်ရာ ထိုလူတန်းစားတို့   စည်းလုံးညီညွတ်မှုရရှိရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့သည်။   ၁၉၆၂   ခုနှစ်တွင် အုန်းတော၊ ၁၉၆၃  ခုနှစ်တွင်  ဒူးယား၊  ၁၉၆၃ခုနှစ် ဒီဇင်ဘာလတွင် ပုပ္ပား၊ ၁၉၆၄ ခုနှစ်တွင် ခပေါင်း၊ ၁၉၆၅ ခုနှစ်နှင့် ၁၉၆၈ ခုနှစ်တွင် ရန်ကုန်တို့၌   တောင်သူလယ်သမား    နှီးနှောဖလှယ်ပွဲကြီးများ ကျင်းပ၍ ၁၉၆၃ ခုနှစ်မှ ၁၉၆၇ ခုနှစ်အထိ ရန်ကုန်၊   ချောက်တို့တွင်  အလုပ်သမားနှီးနှောဖလှယ်ပွဲကြီး များကျင်းပသည်။ 
လူ့ဘောင်သမိုင်း၏ ပြောင်းလဲမှုများကို ပဓာန အားဖြင့်   ဆောင်ကြဉ်းသူမှာ  အသိဉာဏ်ရှိသော လူသားဖြစ်သည်။ လူ့သမိုင်းတိုးတက်မှုသည် လူ၏ အဆုံးအဖြတ်ပေးနိုင်မှုအပေါ်တည်သဖြင့် အလုပ်လုပ် သော    လုပ်သားပြည်သူတို့၏   ပဓာနကျသော အခန်းကို အလေးအနက်ထား  ဖော်ဆောင်သော အတွေးအခေါ်ဖြစ်သည်။   ၁၉၇၄  ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ခေတ်တွင် အထင်အမြင်များ တိမ်းစောင်း၊ ဘေးပယောဂများပူး၊ စီးပွားရေး ထင်သလောက်မဖွံ့ဖြိုး ခရီးမပေါက်ဖြစ်ခဲ့ သည်ဟု ဆိုပါသည်။ 
နှစ်ဆယ်ရာစု မြန်မာနိုင်ငံသမိုင်းကို ကြည့်လျှင်  ရံဖန်ရံခါဆိုသလို ပြည်ထောင်စုကြီး ပြိုကွဲရေးဆီသို့ တွန်းပို့သည့်   ခြိမ်းခြောက်မှုများ    ကြုံခဲ့ရသည်။  နှစ်ဆယ်ရာစုနှောင်းပိုင်းအထိပါပဲ။ ဖွံ့ဖြိုးတိုးတက် ရေးလမ်းကြောင်းပေါ်သို့    မရောက်၊    ပညာရေး၊ ကျန်းမာရေး၊     စိုက်ပျိုးရေး၊     စီးပွားရေး၊ ထင်သလောက်ခရီးမပေါက်၊       တိုင်းပြည်သည် အထနှေးနေခဲ့သည်။ 
အခြေအနေ (၆)
မြန်မာတို့ ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းနှင့်  အေးအတူပူအမျှ   နှစ်ပရိစ္ဆေဒနေထိုင်ခဲ့ကြသည့် မြန်မာတို့၏      စိန်ရတုလွတ်လပ်ရေးခရီးနှင့် အနာဂတ်မြန်မာနိုင်ငံတော်ကို တည်ငြိမ်အေးချမ်း သာယာဝပြောနိုင်ဖို့ ကိုယ့်အားကိုယ်ကိုးကြရမည်။
o    “လာမည့်   ၂၀၂၃  ခုနှစ်   ဇန်နဝါရီ   ၄ ရက်  တွင် ကျရောက်မည့်  လွတ်လပ်ရေးနေ့သည် မိမိတို့နိုင်ငံ၏  (၇၅)   နှစ်မြောက်  စိန်ရတု လွတ်လပ်ရေးနေ့ ဖြစ်ပါသည်။ လွတ်လပ်ရေး ရပြီး  မကြာခင်မှာပင်  ပေါ်ပေါက်လာခဲ့သည့် ပြည်တွင်းလက်နက်ကိုင်  ပဋိပက္ခများသည် လည်း  ဆယ်စုနှစ်များစွာ ကြာခဲ့ပြီဖြစ်ရာ ထိုသို့ မပြီးနိုင်၊   မစီးနိုင်၊   အဖြေမထွက်နိုင်သည့် လက်နက်ကိုင်သံသရာမှ     ရုန်းထွက်ကြရန် အချိန်ကျပြီဖြစ်သည်။ ”
o    “ယနေ့အချိန်အခါသမယတွင်   တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် မဖြစ်မနေလိုအပ်သော ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်နေသောကာလဖြစ်သည်။ တိုင်းရင်း သားညီနောင်အားလုံး   တန်းတူဟန်ချက်ညီ သော  ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်ရန် အတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို     ခိုင်မာသည့် သန္နိဋ္ဌာန်ဖြင့်          ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။”
o    “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လက်တွေ့ကျကျ တိုးတက်လာနိုင်စေရေး       တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံပြီး ဒေသ နှင့် တိုင်းပြည်အတွက် ပကတိလိုအပ်ချက်များ ကို ညှိနှိုင်းဆွေးနွေးလျက်ရှိရာ ပြည်သူလူထုနှင့် နိုင်ငံတော်အတွက်  ရလဒ်ကောင်းများ ပေါ်ထွက် လာနေပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။” 
o    “နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်       နိုင်ငံ၏ ရှိရင်းစွဲ သယံဇာတအရင်းအမြစ်များကို အကျိုး ရှိရှိ အသုံးချနိုင်ရမည်ဖြစ်သဖြင့် နိုင်ငံရေးအရ အားပြိုင်မှုများ၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် နိုင်ငံအတွက်       အကျိုးရှိမည့်စီမံကိန်းများ ဆောင်ရွက်နေမှုကို  ကန့်ကွက်နေမှုများအား စဉ်းစားဆောင်ရွက်ကြစေလိုသည်” (နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်) 
ယနေ့ အချိန်အခါသမယတွင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး    လိုလားတောင့်တနေသော ဒီမိုကရေစီနှင့်   ဖက်ဒရယ်စနစ်ကို  အခြေခံသည့် ပြည်ထောင်စုကြီး   တည်ဆောက်နိုင်ရေးအတွက် မဖြစ်မနေလိုအပ်သော   ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်နေသောကာလ ဖြစ်သည်။ တိုင်းရင်း သားညီနောင်အားလုံး      တန်းတူခံစားနိုင်မည့် ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင် နိုင်ရန်အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့်   ပြည်ထောင်စုငြိမ်းချမ်းရေးကို   ခိုင်မာသည့် သန္နိဋ္ဌာန်ဖြင့်     ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ စိန်ရတုလွတ်လပ်ရေးမှသည်       အနာဂတ်တိုင်     ဒို့တာဝန်အရေးသုံးပါးကိုမူဝါဒအဖြစ် တစ်တိုင်းပြည် လုံးက  ကျင့်ကြံအားထုတ်နေကြရမည်ဖြစ်သည်။


လောကဇာတ်ခုံကား အစမှအဆုံး သာယာ၍ နေသည်မဟုတ်၊ ငိုပွဲလည်းရှိသည်။ ရွှင်ပွဲလည်းရှိ သည်။ ဘဝနှင့် မကင်းကွာသူဟူသရွေ့သည် ငိုပွဲ တစ်ခန်း၊ ရွှင်ပွဲတစ်ခန်း တွေ့ရမည်သာဖြစ်ပေသည်။ မည်သည့်ပွဲနှင့် တွေ့ရသည်ဖြစ်စေကာမူ ရှေးပုဂံသူ ပုဂံသားများကဲ့သို့ အားရှိရှိနှင့် တွေ့ကြခြင်းသာလျှင် စိတ်ဓာတ်၏တည်ကြည်ခိုင်မြဲရေးကို   သန့်စင် တောင့်တင်းလျက်         အမျိုးသားဗိမာန်ကြီး တည်ဆောက်ရေး၌ ခြေလှမ်းမှန်မှန်နှင့် ချီတက်နိုင် ကြပါစေ၊        လောကီလောကုတ္တရာနှစ်ဖြာနှင့် ကျော်လွှားခြင်းဖြင့် အေးချမ်းသာယာသည့်ဘဝကို မျက်မှောက်ပြုနိုင်ကြပါစေလို့ ဆုတောင်းရပါလိမ့် မည်။ ကျွန်တော်တို့တစ်တွေသည် သံသရာတစ်ကွေ့ တွင်      ယခုလိုဆုံတွေ့ရသည့်ဘဝ      အေးအတူ   ပူအမျှ       ငြိမ်းငြိမ်းချမ်းချမ်း    နေလိုသည့်ဆန္ဒ၊    အမျိုးသားအကျိုးစီးပွား      ရှေးရှုသည့်ဝိသေသ၊    နိုင်ငံတကာအလယ်တွင်         ထည်ထည်ဝါဝါနှင့် နေနိုင်သည့် အခြေအနေကို ချစ်မြတ်နိုးကြရပါမည်။   
နိဂုံးချုပ်ရရင်ဖြင့်-
၂၀၀၀ ပြည့်နှစ်များတွင်  ပညာတတ်သည်ထက် တတ်အောင်  အမျိုးသားရေးစရိုက်လက္ခဏာများ တည့်မတ်လာသည်ကို    တွေ့ရပါသည်။    အရည် အချင်း မြင့်သည်ထက်မြင့်အောင်၊ ကျွမ်းကျင်မှုအရည် အသွေး   မြင့်သည်ထက်မြင့်အောင်    တက္ကသိုလ် ကောလိပ်များ  တည်ထောင်ခဲ့သည်မှာ  အမျိုးသား လူ့စွမ်းအားအရင်းအမြစ်   မွေးထုတ်ဆောင်ကြဉ်း ပေးခြင်းပဲ ဖြစ်ပါသည်။ 
ပြည်သူတို့         ဘဝသစ်ဖန်တီးနိုင်ရေးတွင်  ကိုယ်စိတ်နှစ်ဖြာ အေးချမ်းရန် ၊ အကြမ်းမဖက်သည့် လူ့အသိုင်းအဝိုင်း  တည်ထောင်နိုင်ရန်ပင်   ဖြစ်ပါ သည်။ ဒီမိုကရေစီနှင့်  ဖက်ဒရယ်စနစ်ကို  အခြေခံ သည့်     ဒီမိုကရေစီနိုင်ငံ        တည်ဆောက်ရေးပင် ဖြစ်ပါသည်။   ဉာဏ်အမြော်အမြင်နှင့် မေတ္တာတို့ဖြင့်  တိုင်းပြည်၏ ကံကြမ္မာကို ဖော်ဆောင်ပါလိမ့်မည်။ 
အတိတ်တွင် ကျန်ခဲ့ပြီဖြစ်သော ၂၀ ရာစု မြန်မာ နိုင်ငံသည် အသစ်ပေါ်ထွန်းလာမည့် ၂၁ ရာစု မြန်မာ နိုင်ငံအဖြစ် ဆက်လက်ထိန်းသိမ်းရဖွယ် အမွေအနှစ် များ၊ ကောင်းမွေများကို ယူတတ်ရန်နှင့်  မကောင်း သည်ကို    ပယ်တတ်သည့်အရည်အချင်း၊      ဉာဏ် အမြော်အမြင်များ   ရှိကြရပါလိမ့်မည်။   အနာဂတ် တွင်      ဆက်လက်အကောင်အထည်ဖော်ရမည့် လုပ်ငန်းများဖြင့် ပြည့်လျက်ရှိနေသည်မို့ ခရီးဆက် ကြရဦးမည်ဟု    ယုံကြည်ပါကြောင်း    မေတ္တာဖြင့် တင်ပြလိုက်ရပါသည်။  
 ကျမ်းကိုး      
-    ဦးသန့်၏ဘဝအတွေ့အကြုံများ  မောင်ရွှေ ခေတ်။ ရန်ကုန်ပန်းဝေဝေ စာပေ၊ ၂၀၁၃ ခုနှစ် 
-    ဗမာ့တော်လှန်ရေးသမိုင်း၊ ဗိုလ်မှူးဘသောင်း (မောင်သုတ) မတ်လ ၁၉၉၁ ခုနှစ်၊ ပြန်ကြား ရေးဝန်ကြီးဌာန
-    Myanmar: Facts and Figures; Ministry of Information, Myanmar, March, 2000
-    “၂၀ ရာစု မြန်မာနိုင်ငံ”  အမျိုးသားလူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးမှုဌာန၊   ပညာရေးဝန်ကြီး ဌာန၊ ၂၀၀၂ ခုနှစ် တက္ကသိုလ်များ ပုံနှိပ်တိုက်