အကောင်းဆုံးနှစ်သစ်ကိုဖြတ်သန်းဖို့ သန္နိဋ္ဌာန်တွေချကြစို့

Type
၅

 

တင်ထက်ထက်ဇော်

နှစ်ဟောင်းကုန်လို့ နှစ်သစ်ရောက်ပါပြီ။ ပုထုဇဉ်လူသားပီပီ  နှစ်ဟောင်းမှာ  တွေ့ကြုံပြုမူခဲ့တဲ့ ချို၊ ချဉ်၊ ဖန်၊ ခါး လောကဓံတရားတွေကို ခံစားခဲ့ကြပြီးပြီမို့ အတိတ်ကို အတိတ်မှာထားခဲ့ရင်း အဲဒီလောကဓံတွေကနေ သင်ခန်းစာယူ အမြတ်ထုတ်ကာ နှစ်သစ်မှာ တစ်နှစ်တာ ကာလပတ်လုံးအတွက် အကောင်းဆုံးဖြတ်သန်းကြပါစို့လားရှင်။

 

လူတချို့က   နှစ်သစ်ကူးညမှာ    ချစ်ခင်ရတဲ့ မိသားစု သို့မဟုတ် ချစ်မိတ်ဆွေ သူငယ်ချင်းများနဲ့ တပျော်တပါး မိတ်ဆုံစားကာ “Happy New Year” လို့ သံပြိုင်အော်ဟစ် ကြိုဆိုကြသလို   အချို့ကလည်း  ပရိတ်၊   ပဋ္ဌာန်းစသဖြင့်    ဘုရားစာတွေ  ရွတ်ဖတ် ပွားများကာ  မေတ္တာပို့သရင်း   နှစ်သစ်ကို  ကြိုဆိုကြ ပါတယ်။ လူမှုကွန်ရက်တွေမှာလည်း “Happy New Year” လို့ အပြန်အလှန် နှုတ်ခွန်းဆက်သကြပါတယ်။ မြန်မာလူမျိုးအများစုကတော့ ရိုးရာအစဉ်အလာအရ နှစ်ဟောင်းက  အညစ်အကြေးတွေ  နှစ်သစ်ကို မပါ သွားအောင် နှစ်ကူးနေ့မှာ ခေါင်းဆေး   ခေါင်းလျှော် ကြ၊   ခြင်ထောင်၊   အိပ်ယာခင်း၊ စောင်၊ ခန်းဆီး လိုက်ကာ၊ ထိုင်ခုံစွပ်တွေ လျှော်ကြပြီး   နှစ်သစ်ကို ကြိုဆိုလေ့ရှိပါတယ်။
၂၀၂၀    ပြည့်နှစ်ကစပြီး   ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ကမ္ဘာကြီး ဖျားနာနေပါတယ်။ အခု ၂၀၂၃  နှစ်သစ်ကူးချိန်အထိ    ကမ္ဘာ့ကပ်ရောဂါက   အရှိန် ကောင်းနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ယခင်နှစ်တွေ လို နှစ်သစ်ကူးကို အင်တိုက်အားတိုက် လူစုလူဝေးနဲ့ ပျော်ပျော်ပါးပါး မဆင်နွှဲနိုင်ကြသေးဘဲ ကိုဗစ်-၁၉  စည်းကမ်းချက်များနဲ့အညီ     အကန့်အသတ်နဲ့သာ ဆင်နွှဲနိုင်ပါဦးမယ်။ ဒီအတွက် အလွန်အမင်း စိတ် မကောင်းမဖြစ်ကြပါနဲ့။ မိမိတစ်ဦးတည်း မဟုတ်ပါ။ မြန်မာတစ်နိုင်ငံလုံးသာမက  ကမ္ဘာပေါ်က လူသား အားလုံး    ကိုရိုနာဗိုင်းရပ်စ်ပိုးကို   ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ 
မည်သို့ပင်ဆိုစေကာမူ     လူသန့်ရှင်းဖို့ထက်စိတ်သန့်ရှင်းဖို့က ပိုအရေးကြီးပါတယ်။ တစ်နှစ်တာ ကာလပတ်လုံး  စိတ္တသုခ၊ ကာယသုခ   နှစ်ဖြာ ပြည့်ဝစေဖို့အတွက် စိတ်သစ်၊ လူသစ်၊ အတွေးသစ် များစွာနဲ့ နှစ်သစ်အတွက် အကောင်းဆုံး ရည်ရွယ် ချက်လေးတွေချမှတ်ဖို့ စတင်လိုက်ကြပါစို့လားရှင်။
v    “အာရောဂျံ ပရမံလာဘံ”ပါ။ အစာလည်း ဆေး၊  ဆေးလည်းအစာအဖြစ်      သန့်ရှင်း လတ်ဆတ်ပြီး       ကျန်းမာရေးအတွက် သင့်တော်တဲ့ အစားအစုံ အာဟာရစုံ စားပေး ရပါမယ်။
v     အားကစားလုပ်ရတာ မခက်ပါဘူး။ ဒါပေမယ့် မခက်ခဲတဲ့   ဒီအားကစားကိုပဲ   လူတိုင်း မလုပ်နိုင်ကြပါဘူး။    ကျန်းမာခြင်းဟာ လာဘ်ကြီးတစ်ပါးပါ။ ကျန်းမာသုခ လူနေမှု ဘဝကို အမှန်တကယ် ပိုင်ဆိုင်ချင်တယ် ဆိုရင် ကိုယ်လက်လှုပ်ရှား အားကစားကို မဖြစ်မနေ  လုပ်ပေးရပါမယ်။ တကူးတက ကြီး   အချိန်ပေးပြီး   အားကစားရုံတွေမှာ မဆော့နိုင်ရင်တောင် တစ်နေ့ကို မိနစ် ၃၀ လောက်ကြာအောင်   မရပ်မနား ခပ်သွက် သွက် လမ်းလျှောက်ခြင်းကို တစ်ပတ်မှာ ငါးရက်လောက် လုပ်ပေးသင့်ပါတယ်။
v    လေ့ကျင့်ခန်းလုပ်ဖို့   မပျင်းပါနဲ့။   နေ့စဉ် လှုပ်ရှားမှုတိုင်းကို လေ့ကျင့်ခန်းဆန်ဆန် ခပ်သွက်သွက်   ပြုလုပ်ပေးခြင်းကလည်း ကျန်းမာရေးအတွက် များစွာအထောက်အကူ ဖြစ်စေပါတယ်။
v  အသီးအနှံတွေက   ကျန်းမာရေးအတွက် အားဖြည့်ဆေးတစ်ခွက်ဆိုတာကို သိနေပြီး ဖြစ်ပေမယ့်   မြန်မာလူမျိုး    အများစုရဲ့ လူနေမှုဘဝ စားသောက်မှုပုံစံမှာ အသီး အနှံတွေကိုစားသောက်တာ သိပ်နည်းလွန်း နေပါသေးတယ်။ ဒါကြောင့် ရာသီပေါ်သီးနှံ လေးတွေကို အလေ့အကျင့်ကောင်းလုပ်ပြီး ပုံမှန်စားပေးပါ။   ဟင်းနုနယ်၊   ဂေါ်ဖီ၊ ကညွတ်၊ ကိုက်လံ၊ ဆလတ်၊ မုန်ညင်းရွက်၊ ဘူးညွန့်၊ ကန်စွန်း  စတဲ့   အစိမ်းရင့်ရောင် ဟင်းရွက်တွေ ပိုစားပေးပါ။
v    တစ်နေ့မှာ  သောက်ရေသန့် ရှစ်ဖန်ခွက် ထက်မနည်း သောက်ပါ။
v    အချိုရည်၊ ဖျော်ရည်တွေအစား   သဘာဝ သစ်သီးကိုသာ ဦးစားပေး   စားသောက်ပါ။
v    အိပ်ယာဝင်ချိန်၊ အိပ်ယာနိုးထချိန်၊ အစာ စားချိန်  မှန်ပါစေ။
v    တိုးတက်ပြောင်းလဲလာတဲ့ ခေတ်၊ စနစ်နဲ့ အညီ   မိမိတစ်ယောက်တည်း   မကျန်ခဲ့ ရအောင် စူးစမ်းလေ့လာ မှတ်သားတတ်ရ ပါမယ်။
v    နိစ္စဓူဝ ကြိုးစားရုန်းကန်နေရသူတွေအဖို့ စိတ်ရဲ့ထွက်ပေါက်အဖြစ် ချစ်ခင်ရသူတွေ နဲ့  ပျော်ပျော်ပါးပါး ခရီးထွက်ခြင်း၊ ဝိုင်းဖွဲ့ စကားပြောခြင်း၊ အချိန်ပေးပြီး ကလေးငယ် များနဲ့ အဖော်ပြုပေးခြင်း၊ သီချင်းဆိုခြင်း၊ အစားအသောက်  ချက်ပြုတ်စားသောက် ခြင်း၊ သစ်ပင်စိုက်ခြင်း  စတဲ့   မိမိဝါသနာ ပါရာကို လုပ်ကြည့်ပါ။
v    နှစ်ဟောင်းမှာတင်ခဲ့တဲ့ ကြွေးဟောင်းတွေ ကို ကျေအောင်ဆပ်ပြီး နှစ်သစ်မှစပြီး မိမိ တတ်နိုင်သလောက်   ပိုက်ဆံ   (ငွေကြေး) စုဆောင်းတဲ့   အလေ့အကျင့်ကောင်းကို စတင်မွေးမြူရပါမယ်။  ငွေစုဖို့ကို   ပျင်းရိ ဖွယ်ရာလို့  မအောက်မေ့ပါနဲ့။ လစဉ်   မိမိ နိုင်သလောက်    စုဆောင်းထားခြင်းဖြင့် ငွေအင်အားကြောင့်     မိမိကိုယ်ကိုလည်း ယုံကြည်မှုရှိလာပါလိမ့်မယ်။
v    နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲလာမှု ကြောင့်  ကမ္ဘာတစ်ဝန်းမှာ  အဝလွန်သူတွေ တစ်နေ့တခြား   တိုးပွားနေပါတယ်။   အဲဒီ အထဲမှာ ကိုယ်မပါအောင် ခန္ဓာကိုယ်အလေး ချိန်ကို ထိန်းထားနိုင်ရပါမယ်။
v    မတွန့်တိုပါနဲ့။ မနှမြောပါနဲ့။ မိမိတတ်နိုင် သလောက် ပေးကမ်းစွန့်ကြဲ   လှူဒါန်းရပါ မယ်။  ပေးလှူပြီးနောက်   နှမြောတသ နောင်တမရဘဲ ပီတိဖြစ်စေမယ့်အလှူမျိုး သာ ဖြစ်ပါစေ။ ကိုဗစ်-၁၉ ကာလမှာ လူ့ အလွှာအားလုံး   အဘက်ဘက်က   ခက်ခဲ ကျပ်တည်းနေကြပါတယ်။ ဒါကြောင့် မိမိ နိုင်သလောက်   မျှဝေပေးကမ်းရင်း တစ်နိုင် ကုသိုလ်လုပ်ပေးပါ။
v    အင်တာနက်သုံးရင်း၊ ဂိမ်းတွေဆော့ကစား ရင်း  အချိန်တွေမဖြုန်းပစ်ပါနဲ့။   အချိန် အကန့်အသတ်ထားပြီး သုံးစွဲပါ။
v    မတူညီတဲ့   ဘာသာစကားအသစ်တွေကို လေ့လာသင်ယူခြင်းက    အထူးသဖြင့် သက်ကြီးပိုင်းတွေမှာ   ဖြစ်လေ့ရှိတတ်တဲ့ အယ်လ်ဇိုင်းမား   (ခေါ်)    ဦးနှောက်ဇရာ အကြိုရောဂါတွေဖြစ်မလာအောင် ကာကွယ် ရာရောက်ပါတယ်။ နိုင်ငံခြားဘာသာစကား သင်တန်းတွေကို  တကူးတက   မတက် ရောက်နိုင်သူများအတွက်   သက်ဆိုင်ရာ ဘာသာရပ်အလိုက်   website   များကို လေ့လာပြီး ကိုယ်တိုင် သင်ယူနိုင်ပါတယ်။ အွန်လိုင်းကို အကျိုးရှိရှိ အသုံးချတတ်ပါစေ။
v    စိတ်ရောကိုယ်ပါ      ကျန်းမာဖို့အတွက် အကောင်းဆုံးဆေးတစ်ခွက်က “အိပ်ရေး ဝဝအိပ်စက်ခြင်း” ဖြစ်တယ်ဆိုတာကို အမြဲ သတိရပါ။
v     စိတ်ချမ်းသာဖို့အတွက် ပေါင်းသင်းဆက်ဆံ ရေးကောင်းမွန်ခြင်းကလည်း အရေးကြီးတဲ့ ကဏ္ဍတစ်ရပ်ပါပဲ။ နှစ်ဟောင်းမှာ ဆက်ဆံ ရေးအဆင်မပြေခဲ့သူတွေကို နှစ်သစ်ကစလို့ အသွင်သစ်၊ စိတ်သစ်၊ လူသစ်၊ အကောင်းမြင် စိတ်ဓာတ်နဲ့ ပြောင်းလဲဆက်ဆံကြည့်ပါ။
v    ဘယ်လောက်ပဲအလုပ်များပြီး   အလုပ်ရှုပ်၊ စိတ်ရှုပ်၊    အတွေးရှုပ်နေပါစေ။    မိသားစု အတွက်အချိန်ပေးပြီး ပျော်ရွှင်စရာ မိသားစု ကမ္ဘာကို တည်ဆောက်ပေးရပါမယ်။ ကိုယ် ချစ်ရတဲ့သူတွေနဲ့       အတူနေခွင့်ရချိန်ကို မြတ်နိုးတန်ဖိုးထားတတ်ပါစေ။
v    တီဗွီကြည့်ချိန်၊ ဂိမ်းကစားချိန်၊ အင်တာနက် သုံးချိန်ကို  လျှော့ချပြီး    အတတ်ပညာ တစ်ခုခုကို   လေ့လာသင်ယူခြင်းဖြင့်     ဗဟု သုတရစရာတွေကို ရှာမှီးပါ။
v     လိမ္မာစာမှာရှိ၊    စာအုပ်စာပေ  လူ့မိတ်ဆွေ စတဲ့ ဆုံးမစကားလေးတွေ နားရည်ဝနေ မှာပါ။    စာပေဗဟုသုတဟာ     လူ့ဘဝရဲ့ တိုးတက်ရာ    တိုးတက်ကြောင်း    ဝမ်းစာ တစ်ခုဖြစ်ပါတယ်။    အခုချိန်မှာ  ဖုန်းလေး တစ်ချက်ပွတ်လိုက်ရုံနဲ့ သုတ၊ ရသ စာပေ တွေကို အင်တာနက်ကနေ ဖတ်ရှုလို့ရနိုင် ပါပြီ။  အကျိုးပြုစာပေကို အမှန်တကယ် ရွေးချယ်တတ်ဖို့သာ    အထူးအရေးကြီး ပါတယ်။
v     “ဆေးလိပ်၊ အရက်၊ စိတ်ကိုပြောင်းလဲစေ တတ်သော   စိတ်ကြွဆေးပြား၊   မူးယစ် ဆေးဝါး”များကို မသုံးဖူးသေးသူများ အစ လုပ်ပြီး   စမ်းသပ်သုံးစွဲခြင်း   မလုပ်ပါနဲ့။ ဝေးဝေးကရှောင်ပါ။
v     “ဆေးလိပ်၊ အရက်၊ စိတ်ကိုပြောင်းလဲစေ တတ်သော  စိတ်ကြွဆေးပြား၊   မူးယစ် ဆေးဝါး”များကို လက်ရှိ သုံးစွဲနေသူများ ယနေ့ကစပြီး   လုံးဝဖြတ်ပါ၊   လူညွန့်တုံး စေတဲ့ မူးယစ်ဆေးတွေကို    မိမိသက်တမ်း တစ်လျှောက်လုံး သယ်သွားဦးမယ်ဆိုရင် ဘယ်သောအခါမှ     လူဖြစ်ကျိုးနပ်မှာ မဟုတ်ပါ။ 
v     ဘယ်သူမှ မွေးကတည်းက ကွမ်းမစားတတ် ကြပါဘူး။ ကွမ်းစားတဲ့အကျင့်ကို ရပ်တန်းက ရပ်ပါ။
v     သက်ငယ်မုဒိမ်းမှုများ    ပပျောက်စေဖို့၊ တစ်လင်တစ်မယားစနစ်    ထူထောင်ဖို့ အတွက်  သင်နဲ့  သင်ပတ်ဝန်းကျင်မှာလည်း တာဝန်ရှိပါတယ်။
v     လူကုန်ကူးခြင်း၊     လက်နက်အရောင်း အဝယ်လုပ်ခြင်း၊   အဆိပ်ရောင်းဝယ်ခြင်း၊ သတ္တဝါကြီးများကို   တရားမဝင်ရောင်း ဝယ်ခြင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း စတဲ့ မိစ္ဆာအာဇီဝတွေကို ရှောင်ကြဉ်ကြရပါ မယ်။  


v     လော်လီဖောက်ပြားတဲ့ ဝတ်စားဆင်ယင် ထုံးဖွဲ့မှုတွေကို    ရှက်တတ်ပါစေ။    ရိုးရာ ဝတ်စားဆင်ယင်ခြင်းနဲ့ မိမိနဲ့ မိမိနိုင်ငံရဲ့ ပုံရိပ်ကို မြှင့်တင်ပါ။
v     ဖြစ်နိုင်ရင် ကား (ယာဉ်အမျိုးမျိုး)  မစီးဘဲ လမ်းများများလျှောက်တဲ့ အလေ့အကျင့် ကိုပြုပါ။   စက်လှေကား၊   ဓာတ်လှေကား မသုံးဘဲ မိမိခြေထောက်ကိုသာ အားကိုးပါ။
v     လုပ်ဖော်ကိုင်ဖက်တွေကို များများကျေးဇူး တင်ပါ။ ကျေးဇူးပြုနိုင်သမျှ ပြုပါ။
v     လောကမှာ ကိုယ်မသိ၊ မတတ်သေးတာတွေ အများကြီး ရှိနေပါသေးတယ်။   မိမိထက် ကြီးသူ၊ ရွယ်တူ၊ ငယ်သူတွေဆီကနေ မိမိ မသိသေးတာတွေကို    လေ့လာသင်ယူဖို့ မရှက်ပါနဲ့၊ ဝန်လေးမနေပါနဲ့၊ ဟန်မဆောင် ပါနဲ့။
v     ကြောက်ရွံ့စိုးရိမ်၊ အားငယ်စိတ်တွေရှိနေရင် ထိုစိတ်တွေကို မိမိဘာသာ အနိုင်ယူပစ်ရပါ မယ်။ သူများစိတ်နဲ့ ကိုယ့်ကိုယ် အဖြစ်မခံ ပါနဲ့။ အမှီအခိုကင်းကင်းနဲ့ မိမိကိုယ်ကို သာ ကိုးကွယ်အားထားပါ။
v     အားငယ်သူအားပေးပါ။ လဲနေသူ ထူပေးပါ။ မိမိနဲ့ စိတ်တူဝါသနာချင်းတူသော အသင်း အဖွဲ့တွေနဲ့     ဆက်သွယ်ပြီး    စေတနာ့ ဝန်ထမ်းအဖြစ် လုပ်အားပေးပါ။
v     တရားထိုင်ခြင်းက        မိမိခံစားနေရတဲ့ လောဘ၊  ဒေါသ၊  မောဟ    အပူမီးတွေကို လျှော့ချပေးပါတယ်။    တစ်နည်းဆိုရရင် တရားထိုင်တဲ့အခါ  စိတ်ဖိစီးမှုတွေ ပြေလျော့ သွားစေပြီး  နှလုံးစိတ်ဝမ်း  အေးချမ်းမှုကို ပေးနိုင်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေအတွက် ကတော့ တရားထိုင်နည်း၊ တရားရှုမှတ် နည်းတွေကို အခြေခံအားဖြင့် သိထားကြပြီး ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် မဟုတ်သူတွေ ကလည်း တရားမှတ်နည်း အမျိုးမျိုးရှိတဲ့ အနက် မိမိအတွက်   အဆင်ပြေစေမယ့် နည်းလမ်းကိုရွေးပြီး စိတ်အနားယူတတ်ဖို့ လိုပါတယ်။ အဲဒီကနေတစ်ဆင့် တဖြည်း ဖြည်းချင်းတက်ပြီး တရားမှတ်တဲ့   အလေ့ အကျင့်ကောင်းကို  မွေးမြူခြင်းက နှလုံး စိတ်ဝမ်းငြိမ်းချမ်းမှုအတွက်   အာဟာရ ဖြစ်စေပါတယ်။
v     မြန်မာပြည်သူ    ပြည်သားတစ်ယောက် အနေနဲ့   မြည်မာပြည်တွင်းထဲမှာတောင် မိမိမရောက်ဖူးသေးတဲ့  မြို့၊ ရွာ ဒေသတွေ အများကြီး ရှိနေပါသေးတယ်။ ရုံးပိတ်ရက် အတို၊ အရှည်ပေါ်မူတည်ပြီး ကျန်းမာရေး ကောင်းစဉ်   မရောက်ဖူးသေးတဲ့   နေရာ ဒေသတွေကို ချစ်ရတဲ့ မိသားစု သို့မဟုတ် မိတ်ဆွေများနဲ့ ခရီးထွက်ကြည့်ပါ။
v     ကိုယ့်လမ်း၊ ကိုယ့်ရပ်ကွက်၊ ကိုယ်နေတဲ့မြို့ (ကိုယ့်ပတ်ဝန်းကျင်က အနီးဆုံးလူတွေ)အတွက် ပျော်ရွှင်အောင်၊ သာယာအောင်၊ အဆင်ပြေအောင်၊ လှပအောင်၊ တိုးတက် ဖွံ့ဖြိုးအောင် ဘယ်လိုများ  ကူညီရမလဲ။ နည်းလမ်းတွေ ရှာဖွေပါ။ ပါဝင်လှုပ်ရှားပါ။ ကျရာတာဝန်ကို  ပျော်ပျော်ရွှင်ရွှင်   ကူညီ ပေးလိုက်ပါ။
v ကိုဗစ်-၁၉ ရောဂါကိုဖြစ်စေတဲ့   ကိုရိုနာ ဗိုင်းရပ်စ်ပိုးဟာ မြန်မာနိုင်ငံကို ၂၀၂၀ ပြည့် နှစ်   မတ်လကတည်းက   ကူးစက်ပျံ့နှံ့ ရောက်ရှိလာခဲ့ပြီး    အခုချိန်အထိ  ကိုဗစ် မျိုးဗီဇပြောင်း ပိုးသစ်တွေ ထွက်ပေါ်လျက် ရှိရာ ကမ္ဘာအနှံ့အပြား ကိုဗစ်ခရီး ရှည်နေဦး မှာဖြစ်ပြီး  မြန်မာနိုင်ငံမှာလည်း  ယနေ့ အထိ ကိုဗစ်လှိုင်းများကို ကြံ့ကြံ့ခံနေကြဆဲ ဖြစ်ပါတယ်။ ဒါကြောင့် လက်ကို ဆပ်ပြာနဲ့  စက္ကန့် ၂၀ ကြာ မကြာမကြာ ဆေးကြော ခြင်း၊ အရေးတကြီးကိစ္စ  သို့မဟုတ် မဖြစ်မနေ ကိစ္စ သွားလာရသည်မှအပ အိမ်ထဲမှာသာ နေခြင်း၊ အပြင်ထွက်တဲ့အခါ Mask နဲ့ Face Shield တပ်ဆင်ခြင်း၊ တစ်ဦးနဲ့  တစ်ဦး ခြောက်ပေအကွာ ခပ်ခွာခွာနေခြင်း၊ လူစု လူဝေးရှောင်ခြင်း၊ ကိုဗစ်ကာ ကွယ်ဆေးကို အကြိမ်ရေပြည့် ထိုးနှံထားခြင်း စတဲ့ New Normal   Life   ပုံစံနဲ့   အကျွမ်းတဝင် ရှိနေကြပြီဖြစ်ပါတယ်။ “ကိုဗစ်ရောဂါ မိမိ ကစ ကာကွယ်ပါ” ဆိုတဲ့ ဆောင်ပုဒ်လေး အတိုင်း   ၂၀၂၂  ခုနှစ်   နှစ်သစ်မှသည် နောင်လာမယ့်   သက္ကရာဇ်များဆီသို့ မိမိ ကြောင့် ကိုဗစ်ရောဂါအပါအဝင်   ကူးစက် ရောဂါအမျိုးမျိုး မပြန့်ပွားအောင် ကမ္ဘာကြီး ပြန်လည် နေကောင်းလာသည်အထိ New Normal Life ပုံစံကို ဆက်လက်ထိန်းသိမ်း ကြရင်း အကောင်းဆုံးနှစ်သစ်ကို ဖြတ်သန်း ဖို့   သန္နိဋ္ဌာန်တွေ   ချကြည့်ကြပါစို့လို့ တိုက်တွန်းလိုက်ပါရစေ။      ။