ထပ်ဆောင်းကာကွယ်ဆေးများ မဖြစ်မနေထိုးနှံလို့ ကိုဗစ် - ၁၉ အိုမီခရွန် မျိုးကွဲသစ်အန္တရာယ်ကို ဝိုင်းဝန်းကာကွယ်ကြပါစို့
မိုးယံ
အမေရိကန်ပြည်ထောင်စုတွင် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် XBB 1.5 သည် လျင်မြန်စွာ ကူးစက်ပျံ့နှံ့လျက်ရှိပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း ကမ္ဘာတစ်ဝန်းလုံးတွင် ဆိုးရွားသည့် ကိုဗစ် - ၁၉ ကပ်ရောဂါလှိုင်းသစ်တစ်ခုအသွင် ဖြစ်ပေါ်မလာစေရေး ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်ကြရန် သတိပေးပြောဆိုလျက်ရှိသည်။