ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများအပေါ် လေ့လာခြင်း (ဘီလာရုစ်နိုင်ငံ)

Type

 

ဝါဝါ

 

(ယမန်နေ့မှအဆက်)
ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းခြင်း
သမ္မတရွေးကောက်ပွဲအတွက် ကိုယ်စားလှယ် လောင်းအမည်စာရင်းတင်သွင်းခြင်းကို အနည်းဆုံး မဲဆန္ဒရှင်များ၏   ထောက်ခံလက်မှတ်  စုစုပေါင်း ၁၀၀၀၀၀ ဖြင့် ဘီလာရုစ်နိုင်ငံသားများက တင်သွင်း ရမည်။    အမည်စာရင်း     တင်သွင်းမှုသည် ရွေးကောက်ပွဲမတိုင်မီ ရက်ပေါင်း ၈၀ မှစတင်ပြီး ရွေးကောက်ပွဲမတိုင်မီရက် ၅၀ တွင်    ပြီးဆုံးသည်။ ဘီလာရုစ်သမ္မတနိုင်ငံ ဥပဒေပြုချက်များနှင့်အညီ ရာဇဝတ်မှု မှတ်တမ်းကြောင့် ပြည်နယ်အဖွဲ့အစည်း များနှင့် အခြားပြည်နယ်အဖွဲ့အစည်းများရှိ ရာထူး နေရာများတွင် ထမ်းဆောင်ခွင့်မရှိသော နိုင်ငံသား များသည် သမ္မတရွေးကောက်ပွဲအတွက် ကိုယ်စား လှယ်လောင်းများအဖြစ် အမည်စာရင်းတင်သွင်းခွင့် မပြုပါ။ သမ္မတရွေးကောက်ပွဲအတွက် ကိုယ်စား လှယ်လောင်း    အမည်စာရင်းတင်သွင်းခြင်းကို အနည်းဆုံးလူပေါင်း   ၁၀၀   ထက်မနည်းရှိသော ကနဦး   မဲဆန္ဒရှင်အုပ်စုမှ  ဆောင်ရွက်ပါသည်။ ပဏာမ  မဲဆန္ဒရှင်အုပ်စုများ  မှတ်ပုံတင်ခြင်းကို သက်ဆိုင်ရာကော်မရှင်မှ ဆောင်ရွက်သည်။ သမ္မတ ရွေးကောက်ပွဲအတွက်  ကိုယ်စားလှယ်လောင်းများ မှတ်ပုံတင်ခြင်းကို ဗဟိုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်သည်။ ဘီလာရုစ်သမ္မတနိုင်ငံ သမ္မတ အတွက် ကိုယ်စားလှယ်လောင်းများ မှတ်ပုံတင်ခြင်း သည် ရွေးကောက်ပွဲမတိုင်မီ ၃၅ ရက်မှစတင်ပြီး  ရွေးကောက်ပွဲမတိုင်မီ ၂၅ ရက်အတွင်း ပြီးဆုံးမည် ဖြစ်သည်။ သမ္မတလောင်းတစ်ဦး၏ ဝင်ငွေကြေညာ ချက်တွင် ကွဲလွဲမှုတွေ့ရှိလျှင်သော်လည်းကောင်း၊ တရားမဝင်ထောက်ခံလက်မှတ် အရေအတွက်သည် စုဆောင်းထားရှိသော ထောက်ခံလက်မှတ်စုစုပေါင်း ထက် ၁၅ ရာခိုင်နှုန်းကျော်လွန်နေကြောင်း  စိစစ် တွေ့ရှိရလျှင်သော်လည်းကောင်း ဗဟိုရွေးကောက်ပွဲ ကော်မရှင်သည်  သမ္မတလောင်းအဖြစ်  အမည် စာရင်းတင်သွင်းခြင်းကို ငြင်းပယ်ပိုင်ခွင့်ရှိသည်။ 
လွှတ်တော်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ် လောင်းများအမည်စာရင်း   တင်သွင်းခွင့်သည် ရွေးကောက်ပွဲမကျင်းပမီ ခြောက်လထက် နောက် မကျစေဘဲ ဘီလာရုစ်သမ္မတနိုင်ငံ တရားရေးဝန်ကြီး ဌာနက  မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီများ၊ အလုပ်သမားစုပေါင်းအဖွဲ့များနှင့် နိုင်ငံသားများမှ မဲဆန္ဒရှင်များ၏ ထောက်ခံလက်မှတ်များ စုဆောင်း ခြင်းဖြင့် တင်သွင်းခွင့်ရှိသည်။ 
နိုင်ငံရေးပါတီများမှ    အောက်လွှတ်တော် ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်း ခြင်းကို နိုင်ငံရေးပါတီများ၏ အကြီးတန်းအဖွဲ့များက ဆောင်ရွက်သည်။ နိုင်ငံရေးပါတီတစ်ခုသည် ၎င်းတို့ ၏ အဖွဲ့ဝင်အရေအတွက်အရ ရွေးကောက်ပွဲမဲဆန္ဒ နယ်တစ်ခုစီအတွက် ကိုယ်စားလှယ်လောင်း တစ်ဦး သာ အမည်စာရင်းတင်သွင်းခွင့်ရှိသည်။ အလုပ်သမား အစုအဖွဲ့များမှ အောက်လွှတ်တော် ကိုယ်စားလှယ် လောင်း  အမည်စာရင်းတင်သွင်းခြင်းကို   အလုပ် သမားအစုအဖွဲ့ ညီလာခံများတွင် ဆောင်ရွက်သည်။ 
အောက်လွှတ်တော်အတွက်   ကိုယ်စားလှယ် လောင်းအမည်စာရင်းတင်သွင်းရာတွင် သက်ဆိုင် ရာ မဲဆန္ဒနယ်တွင်နေထိုင်သည့်  မဲဆန္ဒရှင် ၁၀၀၀ ထက်မနည်းသော     ထောက်ခံလက်မှတ်များဖြင့် တင်သွင်းရမည်။   အမည်စာရင်းတင်သွင်းမှုသည် ရွေးကောက်ပွဲမတိုင်မီ ရက်ပေါင်း ၇၀ တွင် စတင်ပြီး ရွေးကောက်ပွဲမတိုင်မီ ရက် ၄၀ တွင် ပြီးဆုံးမည် ဖြစ်သည်။   အောက်လွှတ်တော်   ကိုယ်စားလှယ် လောင်း  မှတ်ပုံတင်ခြင်းကို  ခရိုင်ရွေးကောက်ပွဲ ကော်မရှင်က  ဆောင်ရွက် သည်။ အောက်လွှတ်တော် ကိုယ်စားလှယ်လောင်းများ    မှတ်ပုံတင်ခြင်းသည် ရွေးကောက်ပွဲမတိုင်မီ   ရက်  ၄၀   မှ    စတင်၍ ရွေးကောက်ပွဲမတိုင်မီ ရက်ပေါင်း ၃၀ တွင် ပြီးဆုံး သည်။ 
အထက်လွှတ်တော် ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းမှုသည် ရက်ပေါင်း ၉၀ မှ စတင်ပြီး    လက်ရှိကျင်းပနေသည့်    အထက် လွှတ်တော်၏ အခွင့်အာဏာမရပ်စဲမီ ရက် ၆၀ တွင် ပြီးဆုံးသည်။ အထက်လွှတ်တော် ကိုယ်စားလှယ် လောင်း     မှတ်ပုံတင်ခြင်းကို      ဗဟိုရွေးကောက်ပွဲ ကော်မရှင်က  ဆောင်ရွက်သည်။  မှတ်ပုံတင်ခြင်း သည် ရက်ပေါင်း ၆၀ မှစတင်ပြီး လက်ရှိ အထက် လွှတ်တော် အခွင့်အာဏာ  မရပ်စဲမီ ရက်ပေါင်း ၅၅ ရက်တွင် ပြီးဆုံးသည်။
မဲဆွယ်စည်းရုံးခြင်း
ရွေးကောက်ပွဲကာလ  မဲဆွယ်စည်းရုံးခြင်းကို လူထုမီဒီယာအသုံးပြု၍ မဲဆွယ်စည်းရုံးခြင်း၊ ပုံနှိပ် ပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဝေခြင်း၊ မဲဆန္ဒ ရှင်များနှင့်တွေ့ဆုံ၍   မဲဆွယ်စည်းရုံးခြင်း   စသည့် နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်သည်။
ကိုယ်စားလှယ်လောင်းများသည်   နိုင်ငံပိုင် ရုပ်မြင်သံကြားနှင့်   ရေဒီယိုထုတ်လွှင့်မှုများတွင် လွတ်လပ်စွာပြောဆိုခွင့်၊ စကားစစ်ထိုးပွဲများတွင်ပါဝင်ခွင့်၊ ၎င်းတို့၏ ရွေးကောက်ပွဲအစီအစဉ်များကို သတင်းစာများတွင်   အခမဲ့   ထုတ်ဝေခွင့်များကို ဆောင်ရွက်နိုင်သည်။ နိုင်ငံပိုင်ရုပ်မြင်သံကြားနှင့် ရေဒီယိုထုတ်လွှင့်မှုတွင် ကိုယ်စားလှယ်လောင်းများ ၏ သဘောထားထုတ်ပြန်ချက် အရေအတွက်နှင့် စာပိုဒ်အရှည်ကို ဗဟိုကော်မရှင်က ဆုံးဖြတ်သည်။ ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲ ပိုစတာများ၊ ကြွေးကြော်သံများ၊ ကြေညာချက်များ၊ ကမ္ပည်းစာများ၊ လက်ကမ်းစာစောင်များ၊ ဓာတ်ပုံ ပစ္စည်းများ ပြုလုပ်ပိုင်ခွင့်ရှိသည်။ ပုံနှိပ်ထားသော စည်းရုံးရေးပစ္စည်းများကို ဘီလာရုစ်သမ္မတနိုင်ငံ ပိုင်နက်တွင် ထုတ်လုပ်ရသည်။ အမည်မသိ စည်းရုံး ရေးပစ္စည်းများဖြန့်ဝေခြင်းကို တားမြစ်ထားသည်။ ရွေးကောက်ပွဲနေ့တွင် မဲဆွယ်စည်းရုံးခွင့်မပြုပါ။ မဲဆွယ်စည်းရုံးမှုများတွင် နိုင်ငံခြားသားများ ပါဝင် ဆောင်ရွက်ခွင့်မပြုပါ။
ရွေးကောက်ပွဲကုန်ကျစရိတ်များ
သမ္မတရွေးကောက်ပွဲအတွက် ကိုယ်စားလှယ် လောင်းများသည် ၎င်းတို့၏ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုများတွင်   သုံးစွဲဆောင်ရွက်ရန်အတွက် အခြေခံယူနစ်  ၉၀၀၀   ထက်မပိုသော   ပမာဏ ရှိသည့်  ကိုယ်ပိုင်ရွေးကောက်ပွဲရန်ပုံငွေကို တည် ထောင်ခွင့်ရှိသည်။      ကိုယ်စားလှယ်လောင်းတစ်ဦး သည်  မဲဆန္ဒရှင်များ၏  လက်မှတ်စုဆောင်းခြင်း ဆိုင်ရာ ဝန်ဆောင်မှုများအတွက်  ကုန်ကျစရိတ်နှင့်   အသုံးစရိတ်များကိုပေးဆောင်ရန် ကိုယ်စားလှယ် လောင်းအဖြစ်    မှတ်ပုံတင်ခြင်းမပြုမီ   ကိုယ်ပိုင် ရွေးကောက်ပွဲရန်ပုံငွေကို     ထူထောင်နိုင်သည်။   
လွှတ်တော်ရွေးကောက်ပွဲအတွက်   ကိုယ်စား လှယ်လောင်းတစ်ဦးသည် အခြေခံယူနစ် ၁၀၀၀ ထက်မပိုသော ပမာဏရှိသည့် ကိုယ်ပိုင်ရန်ပုံငွေကို လည်းကောင်း၊  ဒေသန္တရကောင်စီရွေးကောက်ပွဲ အတွက် အခြေခံ ယူနစ် ၃၀ ထက်မပိုသော ပမာဏ ရှိသည့် ကိုယ်ပိုင်ရန်ပုံငွေကိုလည်းကောင်း၊ ရပ်ကွက် ကျေးရွာအုပ်စု   ဒေသန္တရကောင်စီ  ရွေးကောက်ပွဲ အတွက် အခြေခံယူနစ် ၁၀ ထက်မပိုသော ပမာဏ ရှိသည့် ကိုယ်ပိုင်ရန်ပုံငွေကိုလည်းကောင်း အသီးသီး တည်ထောင်ခွင့်ရှိသည်။
ကိုယ်စားလှယ်လောင်းများသည်      ပထမ ရွေးကောက်ပွဲအသုံးစရိတ်      အစီရင်ခံစာကို ရွေးကောက်ပွဲနေ့မတိုင်မီ   ၁၅  ရက်ထက်စောပြီး ၁၀ ရက်ထက်နောက်မကျစေဘဲ ဗဟိုရွေးကောက်ပွဲ ကော်မရှင်သို့   တင်သွင်းရမည်ဖြစ်ပြီး   နောက်ဆုံး ရွေးကောက်ပွဲအသုံးစရိတ်       အစီရင်ခံစာကို ရွေးကောက်ပွဲကျင်းပပြီး ငါးရက်ထက် နောက်မကျ စေဘဲ တင်သွင်းရမည်ဖြစ်သည်။
မဲပေးခြင်း
ရွေးကောက်ပွဲနေ့တွင် မဲရုံများကို နံနက် ၈ နာရီ မှ ည ၈ နာရီအထိ ဖွင့်လှစ်ထားရှိသည်။ ရပ်ကွက်/ကျေးရွာအုပ်စု       ရွေးကောက်ပွဲကော်မရှင်သည် ဆန္ဒမဲပေးရမည့်နေရာနှင့် အချိန်တို့ကို ရွေးကောက် ပွဲကျင်းပမည့်နေ့မတိုင်မီ ၁၀ ရက်ထက် နောက်မကျ စေဘဲ အသိပေးကြေညာရသည်။ ရွေးကောက်ပွဲနေ့ တွင်  မဲပေးနိုင်ခြင်းမရှိသော  မဲဆန္ဒရှင်များသည် ရွေးကောက်ပွဲနေ့မတိုင်မီ ငါးရက်စော၍ ကြိုတင်မဲ ပေးနိုင်သည်။   ကြိုတင်မဲပေးခြင်းကို  နံနက်  ၁၀ နာရီမှ မွန်းလွဲ ၂ နာရီအထိလည်းကောင်း၊ ညနေ ၄ နာရီမှ ည ၇ နာရီအထိလည်းကောင်း ကော်မရှင် အဖွဲ့ဝင်    အနည်းဆုံးနှစ်ဦး၏    ရှေ့မှောက်တွင် ဆောင်ရွက်ရသည်။  ကျန်းမာရေးအခြေအနေအရသော်လည်းကောင်း၊ အခြားသော အကြောင်းအရင်း များကြောင့်သော်လည်းကောင်း မဲရုံများသို့ မလာ ရောက်နိုင်သော မဲဆန္ဒရှင်များ မဲပေးခွင့်မဆုံးရှုံးစေ ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်က ကူညီဆောင်ရွက်ပေးရသည်။ မဲဆန္ဒရှင် များ၏ တောင်းဆိုမှုအရ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်သည် ကော်မရှင်အဖွဲ့ဝင် နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသောအဖွဲ့ဝင်များကို စေလွှတ်၍ ၎င်းတို့ နေထိုင်ရာနေရာတွင် မဲပေးနိုင်ရန် စီစဉ်ဆောင်ရွက် ရသည်။ ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ရှိသူတစ်ဦးသည် အခြားသူတစ်ဦးအတွက်   ကိုယ်စားမဲပေးပိုင်ခွင့် မရှိပါ။
မဲရေတွက်ခြင်းနှင့် မဲရလဒ် ထုတ်ပြန်ကြေညာခြင်း
ရပ်ကွက်/ကျေးရွာအုပ်စု  ကော်မရှင်ဥက္ကဋ္ဌက မဲပေးခြင်းလုပ်ငန်းပြီးဆုံးကြောင်း ကြေညာပြီးနောက် မဲပုံးများကိုဖွင့်၍ ရေတွက်သည်။ မဲရေတွက်မှုရလဒ် များကို    ရပ်ကွက်/ကျေးရွာအုပ်စု   ကော်မရှင်က မှတ်တမ်းတင်ရသည်။  သမ္မတရွေးကောက်ပွဲ  ဖြစ် ပါက မှတ်တမ်းတင်ထားသည့် ပရိုတိုကောများကို  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ       ရွေးကောက်ပွဲ ကော်မရှင်ထံ     ချက်ချင်းတင်ပြရပြီး    လွှတ်တော် ရွေးကောက်ပွဲဖြစ်ပါက ခရိုင်ရွေးကောက်ပွဲကော်မရှင် ထံသို့ တင်ပြရမည်ဖြစ်သည်။ ထို့နောက် ရပ်ကွက်/ ကျေးရွာအုပ်စု     ရွေးကောက်ပွဲကော်မရှင်များက ပရိုတိုကောမိတ္တူကို အများသူငါ မြင်တွေ့နိုင်သည့် နေရာတွင် ကပ်ထားကြေညာရမည်။ 
လွှတ်တော်ရွေးကောက်ပွဲများအတွက်   ခရိုင် ရွေးကောက်ပွဲကော်မရှင် အစည်းအဝေးတွင် ရလဒ် များကို အပြီးသတ်ဆောင်ရွက်ပြီး သမ္မတရွေးကောက်ပွဲ အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲရလဒ်များကို စုစည်းရ သည်။ ဤအချက်အလက်များအရ Minsk Oblast နှင့် Minsk မြို့တို့တွင် ရွေးကောက်ပွဲရလဒ်များကို အပြီးသတ်ပါသည်။ အဆိုပါ လုပ်ထုံးလုပ်နည်းများ ကိုအခြေခံ၍ ရွေးကောက်ပွဲအပြီး ၁၀ ရက်အတွင်း ရွေးကောက်ပွဲ၏  နောက်ဆုံးရလဒ်များကို  ဗဟို ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်ကြေညာသည်။
၂၀၁၉ ခုနှစ် လွှတ်တော်ရွေးကောက်ပွဲ
နောက်ဆုံးကျင်းပခဲ့သည့်      လွှတ်တော် ရွေးကောက်ပွဲကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် ကျင်းပခဲ့သည်။ ကိုယ်စားလှယ်လောင်း ၅၅၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ပြည်တွင်းစောင့်ကြည့် လေ့လာသူ   ၃၉၀၀၀   ကျော်နှင့်   နိုင်ငံတကာ စောင့်ကြည့်လေ့လာသူ ၁၀၃၀ ကျော်ကို စောင့်ကြည့် လေ့လာခွင့်ပြုခဲ့သည်။   ရွေးကောက်ပွဲ  နောက်ဆုံး ရလဒ်များကို နိုဝင်ဘာ ၂၂ ရက်တွင် ကြေညာခဲ့သည်။ မဲပေးသူ ၇၇ ဒသမ ၄၀ ရာခိုင်နှုန်းရှိခဲ့ပြီး မဲပေးခွင့် ရှိသူ ၆ ဒသမ ၈၇ သန်းရှိသည့်အနက် ၅ ဒသမ ၃၂ သန်း    မဲပေးခဲ့သည်။   မဲခွဲဆုံးဖြတ်မှု   ရလဒ်အရ မည်သည့်     အတိုက်အခံကိုယ်စားလှယ်လောင်း တစ်ဦးမျှ အမျိုးသားလွှတ်တော်သို့ တက်ရောက် နိုင်ခြင်းမရှိပါ။ ကိုယ်စားလှယ်နေရာ ၁၁၀ အနက် ၈၉ နေရာကို ပါတီဝင်မဟုတ်သူများက အနိုင်ရရှိ ခဲ့ပြီး ဘီလာရုစ်ကွန်မြူနစ်ပါတီ (Communist Party of Belarus)က ၁၁ နေရာ၊ ရီပတ်ဘလီကန် အလုပ် သမားနှင့် တရားမျှတမှုပါတီ (Republican Party of Labor and Justice)က ခြောက်နေရာ၊ ဘီလာရုစ် မျိုးချစ်ပါတီ (Belarusian Patriotic Party)နှင့်   လစ်ဘရယ်ဒီမိုကရက်တစ်   ပါတီနှင့်   ဘီလာရုစ် စိုက်ပျိုးရေးပါတီ(Liberal Democratic Party and the Belarusian Agrarian Party)က တစ်နေရာစီ အသီးသီး အနိုင်ရရှိခဲ့ပါသည်။
နိဂုံး
ဘီလာရုစ်သမ္မတနိုင်ငံသည်   လွတ်လပ်ရေးရရှိ ပြီး ၁၉၉၁ ခုနှစ်နောက်ပိုင်းတွင် ဒီမိုကရေစီအခြေခံမူ များကို   အခြေခံ၍    နိုင်ငံအတွင်း   ရွေးကောက်ပွဲ စနစ်ကျင့်သုံးရန်    ကြိုးပမ်းခဲ့ကြသည်။  ဘီလာရုစ် နိုင်ငံသည်   သမ္မတသက်တမ်းကန့်သတ်ချက် မရှိ သော်လည်း သမ္မတရွေးကောက်ပွဲများ၊ လွှတ်တော် ရွေးကောက်ပွဲများ၊   ဒေသန္တရရွေးကောက်ပွဲများနှင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲများကို   ရွေးကောက်ပွဲ ဆိုင်ရာ ကျင့်ထုံးဥပဒေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ     ဆောင်ရွက်လျက်ရှိ ကြောင်း လေ့လာတွေ့ရှိရပါသည်။     ။