ပို့ကုန်နှစ်ဆတိုးမြှင့်ဖို့ တန်ဖိုးမြင့်ရေထွက်ကုန်များ တိုးထုတ်စို့
ဒေါက်တာ တိုးနန္ဒာတင်
မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ရေလုပ်ငန်းကဏ္ဍသည် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ရေလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ နိုင်ငံတော်၏ GDP သည်လည်း တိုးတက်လာမည့်အပြင် နိုင်ငံတော်၏စားရေရိက္ခာဖူလုံရေးနှင့် နိုင်ငံခြားငွေလိုအပ်ချက်ကို အထောက်အပံ့ပြုနိုင်မည် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်နှင့် သက်ဆိုင်ရာအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ ညှိနှိုင်းဆောင်ရွက်ရန် အထူးလိုအပ်လာပါသည်။