အမိန့်စည်းကမ်းများကို အလေးထားလိုက်နာ
အယ်ဒီတာ့အာဘော်
===========
အမိန့်စည်းကမ်းများကို အလေးထားလိုက်နာ
============================
မြန်မာနိုင်ငံတွင် သြဂုတ်လ ၃၁ ရက် ညပိုင်းနှင့် စက်တင်ဘာလ ၁ ရက် နေ့ နံနက်ပိုင်း နောက်ဆုံးဓာတ်ခွဲစစ်ဆေးချက်များအရ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူဦးရေ ၁၀၀ ပေါ်ထွက်ခဲ့ပြီး အတည်ပြုလူနာ စံချိန်ကျိုးခဲ့ ပါသည်။ ထို ၁၀၀ ထဲတွင် ၁၈ ဦးသည် သြဂုတ်လအတွင်း ရခိုင်ပြည်နယ်နှင့် ပြည်ပခရီးသွား ရာဇဝင်မရှိသူများ၊ ပိုးတွေ့အတည်ပြုလူနာနှင့် ထိတွေ့မှု မရှိသူများ ဖြစ်နေသည်။