မိဘဘိုးဘွားများအသက်ကို ကယ်တင်
အယ်ဒီတာ့အာဘော်
===============
မိဘဘိုးဘွားများအသက်ကို ကယ်တင်
===========================
ရန်ကုန်သည် ကိုဗစ်-၁၉ ပိုးတွေ့လူနာအများဆုံးဖြစ်ပေါ်နေသည့် ဒေသ ဖြစ်၍ မကြာသေးမီရက်ပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပေါင်းစည်းညှိနှိုင်းရေးကော်မတီကိုဖွဲ့စည်းကာ နေ့စဉ် တိုးပွားနေသော ပိုးတွေ့လူနာများအရေးကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်နေကြသည်။