အမျိုးသားအောင်ပွဲနေ့မှ ငြိမ်းချမ်းရေးသို့
အယ်ဒီတာ့အာဘော်
============
အမျိုးသားအောင်ပွဲနေ့မှ ငြိမ်းချမ်းရေးသို့
=======================
၁၃၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်၊ ၂၀၂၀ ပြည့်နှစ်၊ နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့၏ဆောင်ပုဒ်သည် “ရာပြည့် အမျိုးသားအောင်ပွဲနေ့မှသည် တိုင်းရင်းသားအားလုံး ပူးပေါင်းဆောင်ရွက်လို့၊ ပြည်ထောင်စုငြိမ်းချမ်းရေးတည်ဆောက်စို့” ဟူ၍ဖြစ်သည်။ ပြည်ထောင်စု ကြီး ငြိမ်းချမ်းရေးကို အထူးပြုထားသော ယခုနှစ်အမျိုးသားအောင်ပွဲနေ့ ဆောင်ပုဒ်သည် လေးနက်သည့်အနှစ်သာရများ ပြည့်ဝပါသည်။