အသက်ကလေးရယ်တဲ့ ရှည်စေလို ကိုယ့်အိမ်အရိပ်မှာသာခို
မြန်မာနိုင်ငံ ကိုဗစ်-၁၉ တတိယလှိုင်းတွင် မြို့နယ်အချို့ကို Stay at Home ချမှတ်ခဲ့ရပြီး ယနေ့ထိတိုင်လည်း Stay at Home မြို့နယ်များ လိုအပ်သလို သတ်မှတ်နေရဆဲဖြစ်သည်။ Stay at Home ခေါ် အိမ်မှာ သာနေရသည့် အစီအစဉ်ကို ချမှတ်ရခြင်းမှာ ပြင်ပအသွားအလာများ လျော့ကျသွားစေရန်အတွက် ကန့်သတ်ထိန်းချုပ်ခြင်းဖြစ်သည်။ ရရှိ လာမည့် အကျိုးရလဒ်မှာ လူတစ်ဦးနှင့်တစ်ဦး ထိတွေ့မှုလျှော့ချနိုင် ကာ ရောဂါကူးစက်ပျံ့နှံ့မှုလမ်းကြောင်းများ ပြတ်တောက်သွားခြင်း ဖြင့် ရောဂါကူးစက်မှုမြင့်တက်နေသည့်အခြေအနေကို တားဆီးနိုင် ခြင်းပင်ဖြစ်သည်။ လူဦးရေထူထပ်သော မြို့ကြီးများတွင် အများ ပြည်သူရုံးပိတ်ရက်ရှည် သတ်မှတ်ခြင်းနှင့် အိမ်မှာသာနေရမည့် အစီ အစ



