လူ့စွမ်းအားအရင်းအမြစ်မြှင့်တင်
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် လူ့စွမ်းအားအရင်းအမြစ်က လွန်စွာ အရေးကြီးသည်။ သို့ဖြစ်သည့်အလျောက် ဖွံ့ဖြိုးဆဲနိုင်ငံတိုင်းသည် မိမိတို့၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာ ရေး၊ ကျန်းမာရေး၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးနှင့် အလုပ်အကိုင်နေရာ ချထားရေးတို့တွင် ပိုမို၍ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လေ့ရှိကြသည်။ သို့ရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပြုန်းတီးမှုအများဆုံးနှင့် ထိရောက် စွာ မသုံးစွဲနိုင်ဆုံးသော အရင်းအမြစ်သည် လူ့စွမ်းအားအရင်းအမြစ် ပင် ဖြစ်သည်ဟု သုတေသီတို့က ဆိုကြသည်။



