ကိုဗစ်-၁၉ ရောဂါ ခံစားရပြီးနောက် ရေရှည်ကျန်းမာရေးပြန်လည်ထူထောင်ရေး
ကိုဗစ်-၁၉ ရောဂါ၏ လှည့်စားတတ်သည့်မာယာကို ကပ်ရောဂါ ကူးစက်မှု ပထမလှိုင်းကာလကတည်းက သုတေသီတို့ တွေ့ရှိ၍ သတိပေးခဲ့ကြသည်။ ယခင်က မဖြစ်ခဲ့ဖူးသည့် ကပ်ရောဂါအသစ် ဖြစ်ခြင်းကြောင့် ရောဂါ၏ အကြောင်းကို ပြည့်စုံစွာ သိရှိနားလည် နိုင်ရန် လေ့လာရင်းကပင် ရောဂါပိုးက မျိုးဗီဇအသစ်ပြောင်းကာ နောက်ထပ် အချက်အလက်အသစ်များကိုပါ ထပ်မံလေ့လာနေကြ ရသည်။ ရောဂါအပေါ် လူသားတို့က လေ့လာနေဆဲမှာပင် ကူးစက် ပျံ့နှံ့မှုများကလည်း ကမ္ဘာ့နိုင်ငံအသီးသီးတို့မှာ ဆက်လက်ဖြစ်ပေါ် နေဆဲဖြစ်သည်။



