မြန်မာ့အလင်းအယ်ဒီတာအာဘော်
နားလည်စာနာမှုဖြင့် ကူညီကယ်တင်
လူကုန်ကူးမှုများ ကမ္ဘာတစ်ဝန်းလုံးတွင် တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာနေသည်။ ရှေးအခါက ကျွန်ရောင်းကျွန်ဝယ်ကျွန်စနစ် သည် ယနေ့ခေတ်တွင် လူကုန်ကူးမှုဖြစ်လာသည်။ လူကိုလူက ခေါင်းပုံဖြတ် အမြတ်ထုတ်၍ အကျိုးအမြတ်ရယူကြသည့် ဖြစ်စဉ် တွင် သားကောင်အဖြစ် ခံစားကြရသူအများစုတို့မှာ ဘဝ ရပ်တည်မှု အခက်အခဲများကို ပြေလည်စေရန် အလုပ်အကိုင် ရှာဖွေကြသူများဖြစ်ပြီး တစ်ရွာမပြောင်း သူကောင်းမဖြစ်ဟူသော ယုံကြည်မှုဖြင့် ရေခြားမြေခြားသို့ သွားရောက်အလုပ်လုပ်ကိုင်ရာမှ လူမှောင်ခိုသားရဲတို့၏ ခံတွင်းထဲသို့ သက်ဆင်းကြရခြင်းဖြစ်သည်။
အမှန်သိ၊ အမှန်မြင် မှန်စွာရပ်တည်
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲမသမာမှုမှ စတင်သည့် မြန်မာ့ နိုင်ငံရေး အပြောင်းအလဲအပေါ် ကမ္ဘာ့နိုင်ငံအသီးသီးတို့က အမြင် အမျိုးမျိုးရှိကြသည်။ တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)ပါ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံရေး အရ အရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံတော်၏ အာဏာ အရပ်ရပ်ကို ထိန်းသိမ်းဆောင်ရွက်နေခြင်းနှင့်စပ်လျဉ်း၍ မီဒီယာ ကျင့်ဝတ်လိုက်နာခြင်း မရှိသည့် ပြည်တွင်း/ပြည်ပ သတင်းမီဒီယာများ၊ နိုင်ငံတကာဆက်ဆံရေးနှင့် ကျင့်ဝတ်ကို အလေးမထားသော ပြည်ပ နိုင်ငံအချို့က တပ်မတော်ကို အာဏာသိမ်း တပ်မတော်အဖြစ် စွပ်စွဲ ပြောကြားလျက်ရှိသည်။ ၎င်းတို့အနေဖြင့် မြန်မာ့နိုင်ငံရေး အရွေ့ တစ်ခုဖ
ပိုမိုဂရုပြု ရှောင်ရှားရမည့် ဗိုင်းရပ်စ် မျိုးဗီဇကွဲ ဒယ်လ်တာ
ပြည်သူလူထုအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး အမိန့်ကြေညာချက်များ၊ ညွှန်ကြားချက်များ၊ လုပ်ငန်းလမ်းညွှန်များအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်သွားရန် အထူးအရေးကြီးကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်တိုက်တွန်းထားသည်။
နိုင်ငံအလုံးစုံ ပျက်သုဉ်းရေးနှင့် တပ်မတော်ပြိုကွဲရေး ကြိုးပမ်းမှုများ မလွဲမသွေ ကျဆုံးရမည်
အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ကြသည့် အကြမ်းဖက်သမားများကို ဖော်ထုတ်ဖမ်းဆီးရမိသည့် သတင်းများနှင့်အတူ ကာယကံရှင် အကြမ်းဖက်သမားတို့၏ ဖွင့်ဟဝန်ခံချက်များကိုလည်း ရုပ်သံမီဒီယာ များမှတစ်ဆင့် ပြည်သူတို့ တွေ့မြင်ကြားသိခွင့်ရခဲ့ကြသည်။ အကြမ်း ဖက်မှုများ၏ နောက်ကွယ်မှ ကြိုးကိုင်သူများ၊ စေခိုင်းသူများသည် မည်သူမည်ဝါတို့ဖြစ်ကြောင်း၊ မည်သို့ခိုင်းစေခဲ့သည်၊ မည်သို့ ကျူးလွန် ခဲ့သည်တို့ကို ၎င်းအကြမ်းဖက်မှုများအား ကာယကံမြောက်ကျူးလွန် ခဲ့သူတို့ကိုယ်တိုင်က ထုတ်ဖော်ပြောကြားခဲ့ကြသည်။ အာဏာ လက်လွတ်ဖြစ်ခဲ့ရသည့် နိုင်ငံရေးသမားတို့က တက်ကြွသူ၊ ခံစားချက် ပြင်းထန်သူ၊ စွန့်စားသူလူငယ်တို့ကို နောက်ကွယ်မှ မြှောက်ပင့
ဆေးဝါးအတုအန္တရာယ် ဂရုပြုကာကွယ်
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေးတွင် ကာကွယ် ဆေးထိုးနှံမှုက အရေးပါသည်။ မိမိတို့နိုင်ငံတွင် ယခုနှစ်အတွင်း လူဦးရေ၏ ၅၀ ရာခိုင်နှုန်းထက်မနည်း ကာကွယ်ဆေးထိုးနှံပေးနိုင် ရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူခြင်းနှင့် လှူဒါန်းမှုတို့မှ ရရှိသော ကာကွယ်ဆေးများကို ဦးစားပေးအစီအစဉ်အလိုက် ထိုးနှံပေးလျက် ရှိသည်။ တစ်ဖက်တွင်လည်း ပုဂ္ဂလိကဆေးဝါးလုပ်ငန်းရှင်များ၊ ဆေးရုံဆေးခန်းများ၊ လူမှုရေးအသင်းအဖွဲ့များကို နိုင်ငံတကာနှင့် အာရှတွင် ထိုးနှံနေသည့် အရည်အသွေးအာနိသင်ရှိပြီး ဘေးအန္တရာယ် ကင်းရှင်းသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ တင်သွင်း ဖြန့်ဖ
စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ဖော်ဆောင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အာမခံထားသည်။ လက်ရှိဖြတ်သန်းနေကြရ သည့် အရေးပေါ်ကာလ ဆောင်ရွက်ရမည့်တာဝန်များ ပြီးဆုံးသည့် အခါတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပသွား မည်ဟုလည်း ရှင်းလင်းစွာ ထုတ်ပြန်ကြေညာအသိပေးထားပြီးဖြစ် သည်။ ဤသည်မှာ အိမ်စောင့်အစိုးရအဖွဲ့သည် နိုင်ငံ၏ အာဏာကို ကာလကြာရှည်စွာ ရယူထားမည်မဟုတ်ကြောင်း အသိပေးထားခြင်း လည်း ဖြစ်သည်။



