နိုင်ငံတော်၏ အရိပ်အာဝါသ
မလေးရှားနိုင်ငံတွင် ရောက်ရှိနေပြီး ငွေကြေးလိမ်လည်ခံရခြင်း ကြောင့် နေရပ်သို့ပြန်ရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် မြန်မာ နိုင်ငံသား ၁၇ ဦးကို နိုင်ငံတော်က ကုန်ကျစရိတ်ကျခံ၍ ပြန်လည် ခေါ်ယူခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုမတွေ့ရှိရသူ သုံးဦးသည် စက်တင်ဘာ ၆ ရက် ညနေပိုင်းတွင်လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ၁၄ ဦးသည် ရောဂါပြန်လည်ပျောက်ကင်းပြီးနောက် စက်တင်ဘာ ၂၁ ရက် ညနေပိုင်းတွင်လည်းကောင်း အမိမြေသို့ ချောမောစွာ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည်။



