ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု ဆက်လက်လျော့နည်းကျဆင်းစေဖို့
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း ၈ ရာခိုင်နှုန်းနှင့် ၉ ရာခိုင်နှုန်း ဝန်းကျင်သို့ ကျဆင်းသွားခဲ့ပြီဖြစ်သော်လည်း စိတ်ချရသည့် အခြေအနေသို့ မရောက်သေး။ တစ်နိုင်ငံလုံး ပျမ်းမျှခြင်းအားဖြင့် ကူးစက်မှုနှုန်းကျဆင်းသည်ဟု ဆိုနိုင်သည့်တိုင်အောင် တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့၊ နယ်စပ်ဒေသများ စသည်တို့တွင် ကူးစက်မှုနှုန်း များနေဆဲဖြစ်သည်။ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးတွင် ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုသည် လွန်စွာအရေးပါသည့်အလျောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေးထိုးနှံပြီးသူ ဦးရေစုစုပေါင်း ၁၀ သန်းခန့် ရှိလာပြီဖြစ်သည်။



