မြန်မာ့အလင်းအယ်ဒီတာအာဘော်

နိုင်ငံတော်၏ အကျိုးစီးပွားအတွက် ဆက်လက်အကောင်အထည်ဖော်ရမည့် စီမံကိန်း

 

လေးနှစ်ခွဲခန့်ကြာအောင်  ရပ်ဆိုင်းထားခဲ့ရသည့်   အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်) စီမံကိန်းလုပ်ငန်းများကို ပြန်လည်စတင် ဆောင်ရွက်နေပြီဖြစ်သည်။   အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)  သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော  သံနှင့် သံမဏိစက်ရုံ စီမံကိန်းကြီးဖြစ်ပြီး  နိုင်ငံ၏အကျိုးစီးပွားအတွက်   မဖြစ်မနေ အကောင်အထည်ဖော်ရန်လိုအပ်သည့် စီမံကိန်းလည်းဖြစ်သည်။ ၂၀၀၆ ခုနှစ် စက်တင်ဘာလ  ၅ ရက် တွင် စတင်တည်ဆောက်ခဲ့သည့် ယင်းစီမံကိန်းကြီးမှာ ပြီးစီးမှု ရာခိုင်နှုန်း ၉၈ ဒသမ ၈၆ ရာခိုင်နှုန်း အထိ အကောင်အထည်ဖော် ပြီးခါမှ ရပ်ဆိုင်းသွားခဲ့ရခြင်းဖြစ်သည်။

ပလတ်စတစ်သုံးစွဲ၊ စွန့်ပစ်မှုများလျှော့ချ သဘာဝပတ်ဝန်းကျင်သန့်ရှင်းမှု မြှင့်တင်

မြန်မာနိုင်ငံသည်   ယဉ်ကျေးမှုအမွေအနှစ်များနှင့်  တောတောင် သဘာဝအလှအပများ ပေါများကြွယ်ဝခြင်းကြောင့် ပြည်ပခရီးသွား ဧည့်သည်များကို ဆွဲဆောင်နိုင်စွမ်းရှိသည့် နိုင်ငံတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင် တည်ရှိနေသည့် ခရီးသွားဧည့်သည် ဆွဲဆောင်သည့် နေရာများသည် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ထိပ်တန်းသို့ ရောက်ရှိ နေသော အိမ်နီးချင်းနိုင်ငံများထက် နိမ့်ကျမှုမရှိ။ အချို့သော နေရာ ဒေသများနှင့် သဘာဝအလှအပများဆိုလျှင် လွန်စွာထူးခြားလှပ၍ သဘာဝမပျက်   ပြုပြင်မွမ်းမံဖြည့်ဆည်းလိုက်မည်ဆိုပါက  ကမ္ဘာ ကျော်နိုင်သည့်နေရာများ    များစွာရှိသည်ဟု     ယုံကြည်မိသည်။  သို့ရာတွင်  မိမိတို့နိုင်ငံရှိ  ခရီးသွားဧည့်သည်အများအပြား  လည်ပတ်

အကြမ်းဖက်သမားတို့၏ အသုံးချခံ

ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှစကာ ဖြစ်ပေါ်လာခဲ့သည့် ဆန္ဒပြပွဲများ၊ ရုန်းရင်းဆန်ခတ် အဓိကရုဏ်းများ စသည်တို့တွင် အရွယ်မရောက်သေးသူ ကလေးငယ်များ ပါဝင်ခဲ့ကြသည်ကို လူမှုကွန်ရက်များတွင် မကြာခဏ တွေ့ခဲ့ရသည်။ နိုင်ငံရေးအပါ အဝင်  လူ့လောက လူ့အရေးတို့ကို သိနားလည်မှုမရှိသေးသည့် ကလေးများကို နိုင်ငံရေး အသွေးအရောင်ခြယ်၍ အသုံးချအမြတ် ထုတ်ခဲ့ကြရာတွင် နောက်မှမြှောက်ပင့်ပေးသူများ၊ သွေးထိုး လှုံ့ဆော်သူများနှင့်တကွ ကလေးသူငယ်တို့၏ မိဘအုပ်ထိန်းသူ များမှာလည်း တာဝန်ရှိသည်။ ကလေးသူငယ် ဥမမည် စာမမြောက် ကလေးများကို စီတန်းလှည့်လည်စေခြင်း၊ အော်ဟစ်ကြွေးကြော် စေခြင်းတို့မှအစပြုကာ အဓိကရုဏ်းများ အရှိန်မြင့်တက်လာချိန် တွင် အကြ

ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး

ယာယီပိတ်ထားရသည့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် အတွက် နိုင်ငံတော်က ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ အစစအရာရာ အဆင်ပြေပါက လာမည့် သီတင်းကျွတ်ကျောင်းပိတ်ရက်ကာလ အလွန်တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ်သည်။ ကျောင်း များ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် အဓိကစိန်ခေါ်မှုမှာ ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ထိန်းချုပ်နိုင်ရေးပင်ဖြစ်ရာ ကျောင်းများ ပြန်လည်ဖွင့်လှစ်သည့်အချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု လုံးဝမရှိတော့သည့်  သုညအခြေအနေသို့  ရောက်ရှိမည်ဆိုလျှင် အကောင်းဆုံးပင်ဖြစ်သည်။

သက်ကြီးရွယ်အိုနှင့် ဒစ်ဂျစ်တယ်ကမ္ဘာ

မျက်မှောက်ခေတ်သည် အိုင်တီခေတ်ဖြစ်သည်။  သတင်းအချက် အလက်နည်းပညာသည် လူတိုင်းရှောင်လွှဲ၍ မရနိုင်အောင် နေ့စဉ် ဘဝများ၌ တစ်သားတည်းဖြစ်နေသောခေတ်ဟု  ဆိုရမည်။ ကွန်ပျူ တာ၊ အင်တာနက်၊ မိုဘိုင်းဖုန်းစသည့် နည်းပညာများနှင့် နည်းပညာ ဆိုင်ရာပစ္စည်းများကို  လူတိုင်း  သုံးစွဲနိုင်ရန်မှာ တစ်ခေတ်တစ်ခါက  လူတိုင်းစာတတ်မြောက်ရေးကဲ့သို့ပင်    အရေးကြီးလိုအပ်သည်။ လူတိုင်းစာတတ်မြောက်ရေး   အရေးကြီးသကဲ့သို့ပင်      ဒစ်ဂျစ်တယ် တတ်မြောက်ရန်၊ ကျွမ်းကျင်ရန်လည်း အရေးကြီးသည်။   အိုင်တီ ခေတ်တွင်  ဒစ်ဂျစ်တယ်တတ်မြောက်ကျွမ်းကျင်မှသာ  အများနှင့် ရင်ပေါင်တန်း၍ ရှင်သန်နိုင်မည်ဖြစ်သည်။

လူ့အခွင့်အရေးကို ယိုးမယ်ဖွဲ့၍ ပြုလုပ်ခဲ့သည့် နိုင်ငံရေးသွတ်သွင်းမှု

အကြမ်းဖက်အဖွဲ့အစည်း NUG က နိုင်ငံတစ်ဝန်းလုံးတွင် အကြမ်း ဖက်တိုက်ခိုက်မှုများ အရှိန်မြှင့်တင်ပြုလုပ်ရန်အတွက် ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်နေ့တွင် ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ရာ ပြည်သူလူထုအတွင်း      စိုးရိမ်ပူပန်မှုများ     မြင့်တက်လာခဲ့သလို အိမ်နီးချင်းအာဆီယံနိုင်ငံများအပါအဝင် ပြည်ပနိုင်ငံများကလည်း အကြမ်းဖက်မှုများနှင့် သွေးချောင်းစီးဖြစ်ရပ်များ ဖြစ်ပေါ်လာနိုင်သည့် အပေါ် စိုးရိမ်မကင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။

ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေး ခရီးသွားလုပ်ငန်းဖြင့် ဖော်ဆောင်ပေး

ကိုဗစ်-၁၉ ကပ်ရောဂါ ကမ္ဘာတွင် ကူးစက်ပျံ့နှံ့လာသည့်အခါ ဦးစွာ အထိနာသည့်   စီးပွားရေးလုပ်ငန်းတို့တွင်   ခရီးသွားလုပ်ငန်းက ထိပ်ဆုံးမှ ပါဝင်သည်။ ကပ်ရောဂါ ကာလရှည်ကြာလာသည်နှင့်အမျှ ထိခိုက်ဆုံးရှုံးမှုတို့   များသထက်  များလာပြီး  ဆက်လက်ရပ်တည် ရှင်သန်နိုင်ရေး ခက်ခဲလာသည့်အခြေအနေသို့လည်း ရောက်ရှိလာကြ ကြောင်း သိရသည်။ ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွား ကုမ္ပဏီများ သာမက ယင်းလုပ်ငန်းနှင့် ဆက်စပ်နေသည့် ဒေသခံဧည့်လမ်းညွှန်များ၊ အမှတ်တရပစ္စည်းထုတ်လုပ်ရောင်းချသူများ၊ စားသောက်ဆိုင်များ၊ မြင်းလှည်း၊  စက်လှေ၊  ဆိုက်ကား ပိုင်ရှင်များနှင့် လုပ်သားများ၊ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်များ စသည့် ခရီးသွားလုပ်ငန်းကို မှီခို လုပ

Subscribe to မြန်မာ့အလင်းအယ်ဒီတာအာဘော်