မြန်မာ့အလင်းအယ်ဒီတာအာဘော်

သွေးချင်းတို့ရဲ့ပွဲတော်ဆီမှသည်

 

ပြင်းပြသော အလိုဆန္ဒသည် အောင်မြင်ပြီးမြောက်ရန်အတွက်  လိုအပ် ချက်တစ်ရပ်ဖြစ်သည်။ ကြီးမားထက်သန်ပြင်းပြသောဆန္ဒက အထွတ် အထိပ်သို့ရောက်ပြီး အကြီးအမှူးပြုသည့်အခါ မည်မျှခက်ခဲသည့် အလုပ်ပင်ဖြစ်စေကာမူ အောင်မြင်ပြီးမြောက်နိုင်စေမည့် စွမ်းအား တန်ခိုးသတ္တိတို့ထွက်ပေါ်လာသည်။ ဗုဒ္ဓမြတ်စွာဘုရားက ‘‘ဆန္ဒဝတော ကိံ နာမကမ္မံ န သိဇ္ဇတိ’’ ဆန္ဒကြီးမား ပြင်းပြသူအတွက် မပြီးမြောက် နိုင်သော အလုပ်ဟူသည်မရှိ ဟူ၍ ‌ဟောကြားတော်မူခဲ့သည်။

 

လူတိုင်း ကျန်းမာရန်အတွက် မပြည့်ဝဆီကိုသာ စားသုံးပါ

 

ကျန်းမာရေးအတွက်    ဆီလျှော့စားရန်     အကြံပြုမှုများကို မကြာခဏဆိုသလို တွေ့ကြရသည်။  အဓိကအကြောင်းရင်းမှာ မြန်မာလူမျိုးတို့ ဆီစားသုံးမှုများပြားနေခြင်းနှင့် ကျန်းမာရေး မညီညွတ်သော လူနေမှု ပုံစံကြောင့်    မကူးစက်တတ်သောရောဂါများ   ဖြစ်ပွားမှု  များပြားနေခြင်းကြောင့်လည်း    ဖြစ်သည်။   ဆီကို အလွန်အကျွံမစားသင့်သော်လည်း လုံးဝရှောင်ကြဉ်ရမည်မဟုတ်။ အဆီဓာတ်သည် ကိုယ်ခန္ဓာမှ စွမ်းအင်ထုတ်လုပ်ရန်၊ ဗီတာမင်နှင့် သတ္တုဓာတ်များ စုပ်ယူနိုင်ရန်အတွက် လိုအပ်သည်။ ဆိုးကျိုး ပေးနိုင်သည့်ဆီကို   ရှောင်ပြီး  ကောင်းကျိုးပေးနိုင်သည့်ဆီကို    လိုအပ်သလောက် စားသုံးကြရမည် ဖြစ်သည်။

 

တန်းတူညီမျှဖို့ မညီမျှတာလျှော့ချကာ လူ့အခွင့်အရေးကို မြှင့်တင်ကြ

 

မြေကမ္ဘာတွင် လူသားတစ်ဦးအဖြစ် မွေးဖွားလာသူမှန်သမျှ တူမျှသော အခွင့်အရေးရရှိစေရေးနှင့် ကမ္ဘာသူ ကမ္ဘာသား လူသားတစ်ဦးအနေဖြင့် ပျော်ရွှင်စွာ ရှင်သန်နေထိုင်နိုင်ရေးတို့ကို ရည်သန်လျက် ကုလသမဂ္ဂက ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို လွန်ခဲ့သည့် (၇၃) နှစ်က ထုတ်ပြန်ခဲ့သည်။ လူ့အခွင့်အရေးသည် နိုင်ငံတစ်ခုခု၏ နိုင်ငံသူ နိုင်ငံသားအဖြစ် ရရှိသည့်အခွင့်အရေးမျိုးမဟုတ်ဘဲ လူသားတစ်ဦး အနေဖြင့် ရရှိသင့်သည့် အခွင့်အရေးပင်ဖြစ်သည်။

 

ဘိုးဘွားတို့ မျှော်မှန်းခဲ့သည့်နိုင်ငံ

 

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို နယ်ချဲ့ တို့၏လက်မှ ပြန်လည်ရယူခဲ့သည်မှာ ၇၄ နှစ်ပြည့်မြောက်တော့မည်။ လွတ်လပ်သည့် နိုင်ငံဘဝနှင့် ဖြတ်သန်းခဲ့ရသည့် နှစ်ပေါင်း ၇၀ ကျော် ကာလသည် စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းတည်ဆောက်နိုင်ခဲ့ မည်ဆိုပါက   ကမ္ဘာ့အလယ်တွင်   ဝင့်ထည်စွာဖြင့်   ထိပ်တန်းသို့ တက်လှမ်းနိုင်သည့်နိုင်ငံအဆင့်  ရောက်ရှိနိုင်ရန် လုံလောက်သည့် အချိန်ကာလ တစ်ရပ်ပင်ဖြစ်သည်။

 

ကလောင်စွမ်းအားဖြင့် နိုင်ငံသားကောင်းများ ပျိုးထောင်

 

နိုင်ငံတစ်နိုင်ငံ ကောင်းရန်အတွက် နိုင်ငံသားကောင်းများ  လိုအပ် သည်။ နိုင်ငံသားတို့ စိတ်ဓာတ်မြင့်မား၊ အရည်အချင်းမြင့်မားမှသာ နိုင်ငံကိုလည်း မြင့်မြင့်မားမား တည်ဆောက်နိုင်မည်။ ဒီမိုကရေစီ စနစ် ကျင့်သုံးသည့်နိုင်ငံတွင် နိုင်ငံသားပြည်သူများ၏ ကဏ္ဍမှာ ပိုမို ကြီးမားကျယ်ပြန့်သည့်အလျောက်   နိုင်ငံသားတစ်ဦးချင်းစီတွင် အရည်အသွေးပြည့်ဝနေကြရမည်ဖြစ်သည်။  

 

ပျော်ရွှင်ကျန်းမာ လုံခြုံစွာဖြင့် ပညာသင်ယူနိုင်ကြစေရေး

 

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို နိုဝင်ဘာ ၁ ရက်နေ့မှစ၍  ပြန်လည်ဖွင့်လှစ်ခဲ့ရာ   ကျောင်းသူ ကျောင်းသား ကလေးငယ်များ ပျော်ရွှင်စွာဖြင့် ပညာသင်ယူလျက် ရှိကြသည်။ သို့ရာတွင် အခြေခံအကြောင်းအရာကြီး နှစ်ချက် ကြောင့် ရာခိုင်နှုန်းပြည့် သင်ယူနိုင်ကြခြင်းမရှိသေး။ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအခြေအနေအရ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ မြို့နယ်အချို့တွင်  ကျောင်းများ ပြန်လည်မဖွင့်လှစ် နိုင်သေးသကဲ့သို့ လုံခြုံရေးအခြေအနေအရ ကျောင်းမဖွင့်နိုင်သေး သည့် မြို့နယ်များလည်း ရှိနေသည်။

 

အဂတိမှုများ ဖယ်ရှားသုတ်သင်

 

အဂတိလိုက်စားမှုသည် ကမ္ဘာလုံးဆိုင်ရာ အရေးကြီးသည့် ပြဿနာ ဖြစ်သည်။ အဂတိလိုက်စားမှုမှတစ်ဆင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ကဏ္ဍအသီးသီးတို့ကိုပါ ပျက်စီးယိုယွင်းစေသည်။ အဂတိလိုက်စားခြင်း၏ အနက်အဓိပ္ပာယ်ကို ဖွင့်ဆိုရာတွင် ကွဲလွဲ မှုများရှိသော်လည်း အဓိကအားဖြင့် ပုဂ္ဂလိက အကျိုးစီးပွားရယူရန် အတွက်   လုပ်ပိုင်ခွင့်ကိုလည်းကောင်း၊   အများပြည်သူဆိုင်ရာ ပစ္စည်းများကိုလည်းကောင်း အလွဲသုံးစားပြုလုပ်ခြင်းဟူသော အဓိပ္ပာယ်ဖွင့်ဆိုချက်က အရေးပါသည်။

 

Subscribe to မြန်မာ့အလင်းအယ်ဒီတာအာဘော်