ခန္တီ၊ မေတ္တာ၊ ကရုဏာနှင့် ခရစ္စမတ်အခါသမယ
မြန်မာနိုင်ငံသည် ဘာသာရေးလွတ်လပ်မှုရှိသည့်နိုင်ငံဖြစ်သည်။ ဥပဒေများနှင့် မဆန့်ကျင်ပါက၊ တိုင်းရင်းသားလူမျိုးများနှင့် အခြားဘာသာ သာသနာများကို ထိခိုက်နစ်နာမှုမရှိပါက မိမိတို့ ကိုးကွယ်သည့် ဘာသာ သာသနာကို လွတ်လပ်စွာ ဆောင်ရွက်ခွင့် ပြုထားသည့်နိုင်ငံလည်း ဖြစ်သည်။ နိုင်ငံသားအများစု ကိုးကွယ် သည့် ဗုဒ္ဓဘာသာ သာသနာနှင့်တကွ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူဘာသာ သာသနာတို့အပြင် နတ်ကိုးကွယ်သော ဘာသာ တို့ကိုပါ အသိအမှတ်ပြုထားသည်။ အသိအမှတ်ပြုထားသည့် ဘာသာ သာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည် ဟုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။



