အဂတိမှုများ ဖယ်ရှားသုတ်သင်
အဂတိလိုက်စားမှုသည် ကမ္ဘာလုံးဆိုင်ရာ အရေးကြီးသည့် ပြဿနာ ဖြစ်သည်။ အဂတိလိုက်စားမှုမှတစ်ဆင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ကဏ္ဍအသီးသီးတို့ကိုပါ ပျက်စီးယိုယွင်းစေသည်။ အဂတိလိုက်စားခြင်း၏ အနက်အဓိပ္ပာယ်ကို ဖွင့်ဆိုရာတွင် ကွဲလွဲ မှုများရှိသော်လည်း အဓိကအားဖြင့် ပုဂ္ဂလိက အကျိုးစီးပွားရယူရန် အတွက် လုပ်ပိုင်ခွင့်ကိုလည်းကောင်း၊ အများပြည်သူဆိုင်ရာ ပစ္စည်းများကိုလည်းကောင်း အလွဲသုံးစားပြုလုပ်ခြင်းဟူသော အဓိပ္ပာယ်ဖွင့်ဆိုချက်က အရေးပါသည်။



