လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံ၏ ဂုဏ်ကျက်သရေ
အောင်စေသတည်း။ မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ်၊ ပြာသိုလဆုတ် ၉ ရက် (အင်္ဂလိပ်သက္ကရာဇ် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်) တနင်္ဂနွေနေ့ကောင်းမြတ်သန့်စင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံ သောအခါ၌ ဤငါတို့မြန်မာနိုင်ငံသည် လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကြီးအဖြစ်သို့ရောက်ပြီဟူ၍ နိဒါန်းချီသော လွတ်လပ်ရေးကြေညာ စာတမ်းကို ထုတ်ပြန်ကျူးရင့်ကာ ၂၀ ရာစု၏ ခေတ်သစ်ကမ္ဘာ့ အသိုက်အဝန်းသို့ ဝင်ရောက်ခဲ့သည်မှာ ကာလအားဖြင့် ၇၄ နှစ် ကြာမြင့်ခဲ့ပြီဖြစ်သည်။



