ရန်ဟူသမျှ ကာကွယ်တွန်းလှန်နိုင်သည့် စွမ်းအား
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အကန့်အသတ်၊ အတားအဆီးများ၊ စည်းမျဉ်းစည်းကမ်းများ ချမှတ်ရခြင်းနှင့် ကပ်ရောဂါကူးစက်ပျံ့နှံ့မှု နှင့်စပ်လျဉ်း၍ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည်တို့ ဆုတ်ဆိုင်း ကျဆင်းရခြင်းဟူသော အကြောင်းတရား၊ နိုင်ငံရေးအပြောင်းအလဲ များကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည့် အကြမ်းဖက်မှုများ၊ တရား ဥပဒေစိုးမိုးရေး ပျက်ပြားမှုများ၊ ရပ်ရွာအေးချမ်းသာယာရေး ပျက်ပြား မှုများဟူသော အကြောင်းတရား။ ယင်းအကြောင်းတရား နှစ်ရပ်တို့ မှာ မြန်မာပြည်သူတို့၏ နေ့စဉ်ဘဝများတွင် နတ်ဆိုးများသဖွယ် အနှောင့်အယှက်ပြုနေကြသည်။



