မြန်မာ့အလင်းအယ်ဒီတာအာဘော်
အကြမ်းဖက်အားပေးလုပ်ရပ်များ
ကယားပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုများနှင့် ပတ်သက်၍ စိစစ်အတည်ပြုနိုင်မှုမရှိသည့် သတင်းအရင်းအမြစ် များ၊ အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသည့် အဖွဲ့အစည်းများနှင့် မီဒီယာများ၊ အကြမ်းဖက်အဖွဲ့အစည်းများထံမှ ရရှိသည့် အချက် အလက်များကို အခြေခံကာ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ဖိအား ပေးရန် ရည်ရွယ်ချက်ဖြင့် စိုးရိမ်ပူပန်ကြောင်း သတင်းထုတ်ပြန်ခဲ့ သည့် နိုင်ငံအချို့နှင့် နိုင်ငံတကာ အဖွဲ့အစည်းအချို့၏ လုပ်ရပ် အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ကြေညာ၍ တုံ့ပြန်လိုက်သည်။
ဆူကြုံနိမ့်မြင့် မကွာခြား တစ်သားတည်း စံစားကြရေး
ဒုတိယကမ္ဘာစစ်ကာလအတွင်း မြန်မာနိုင်ငံသည် စစ်မြေပြင်ဖြစ်ခဲ့ရာ စစ်အပြီးတွင် ပြာပုံမျှသာ ကျန်ရစ်ခဲ့ရသည်။ စစ်မဖြစ်မီက ကိုလိုနီ နယ်ချဲ့တို့၏ စီးပွားရေးလုပ်ငန်းများမှာ မြေလှန်စနစ်ဖြင့် မီးရှို့ဖျက်ဆီး သွားခြင်းကြောင့် လည်းကောင်း၊ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် လည်းကောင်း လုံးဝပျက်စီးသွားခဲ့ရာ ဗိုလ်ချုပ်အောင်ဆန်းက စစ်ကြီး ပြီးသည့်နောက် ကမ္ဘာပေါ်မှာရှိသည့် နိုင်ငံများထဲမှ မိအေးနှစ်ခါနာ ဖြစ်သည့် မြန်မာနိုင်ငံလို နိုင်ငံမရှိသေးဟု ဆိုခဲ့သည်။
လစဉ်ပေးဆောင်ရသည့် ဓာတ်အားခ လျော့နည်းသက်သာကြရလေအောင်
နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားရရှိသုံးစွဲလျက်ရှိသော အိမ်ထောင်စုများ ဓာတ်အားချွေတာသုံးစွဲကြရေးအတွက် သက်ဆိုင် ရာက နှိုးဆော်တိုက်တွန်းထားသည်။ မိမိတို့နိုင်ငံတွင် အိမ်ထောင်စု ပေါင်း ၁၀ ဒသမ ၉ သန်းခန့်ရှိရာ လက်ရှိအချိန်တွင် အိမ်ထောင်စု ပေါင်း ၆ ဒသမ ၆ သန်းခန့်က နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အား ရရှိသုံးစွဲနေကြသည်။ နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် အိမ်ထောင်စု စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်း မီးရနေခြင်းပင်ဖြစ်သည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည် အခြေခံအုတ်မြစ်
ပညာရေးသည် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံ အုတ်မြစ်ဖြစ်သည်။ ကမ္ဘာတွင် အောင်မြင်တိုးတက်နေသည့် နိုင်ငံများကို လေ့လာပါက ယင်းနိုင်ငံ၏ ပညာရေးစနစ်နှင့် ၎င်းပညာ ရေးစနစ်မှ ထွက်ပေါ်လာသည့် လူ့စွမ်းအားအရင်းအမြစ်များ၏ ပညာရည်အဆင့်မြင့်မားမှုတို့ကို တွေ့ရမည်ဖြစ်သည်။ ပညာရေး ကဏ္ဍကို အလေးပေးဆောင်ရွက်ခြင်းသည် နိုင်ငံ၏ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံခြင်းဖြစ်သည်။ နိုင်ငံ၏ အနာဂတ်ဟုဆိုရာတွင် ဝေးလံ လှသည့် အနာဂတ်မဟုတ်ဘဲ ဆယ်စုနှစ်တစ်ခု၊ နှစ်ခုခန့်ကာလအတွင်း ပညာရေးကဏ္ဍ အလေးပေးမြှင့်တင်ခြင်း၏ ရလဒ်များက ထွက်ပေါ် လာမည်ဖြစ်သည်။
လူငယ်နှင့် စာပေပွဲတော်ဆီသို့
လူတိုင်းစာဖတ်ကြဖို့ လိုသည်။ စာဖတ်သူက စာမဖတ်သူထက် ပို၍ အသိပညာဗဟုသုတ နယ်ပယ်ကျယ်ပြန့်သည်။ ခေါင်းတစ်လုံးပို၍ မြင့်သည်။ စဉ်းစားဉာဏ်နှင့် ဆင်ခြင်တုံတရားတို့ ပိုသည်။ စာဖတ် သည့် အလေ့အကျင့်ကို ငယ်စဉ်ကပင် ပျိုးထောင်ပေးခြင်းဖြင့် ကလေးဘဝ၊ လူငယ်ဘဝကတည်းက စာဖတ်သည့်အကျင့် စွဲလာ သည်။ စာပေမှရရှိသည့် အသိသုတတို့က ဘဝလမ်းကြောင်းကို မတိမ်းမစောင်းအောင်၊ ဖြောင့်ဖြောင့်တန်းတန်း လျှောက်လှမ်းနိုင် အောင် ထိန်းကျောင်းပေးနိုင်သည်။



