ပြည်ထောင်စုတစ်ဝန်းလုံး လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စစ်မှန်စည်းကမ်းပြည့်ဝ သည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး ကို နိုင်ငံရေးရည်မှန်းချက်အဖြစ် ဦးတည်ဆောင်ရွက်လျက်ရှိသည်။ မိမိတို့နိုင်ငံသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိရာ ပြည်သူလူထု၏ လိုလား ချက်ဖြစ်သကဲ့သို့ နိုင်ငံတော်က လျှောက်လှမ်းနေသည့် ပါတီစုံ ဒီမိုကရေစီစနစ်မှ သွေဖည်မသွားဘဲ ပါတီစုံဒီမိုကရေစီ လမ်းကြောင်း ခိုင်မာရေးအတွက်သာ ဆောင်ရွက်နေခြင်းလည်း ဖြစ်သည်။