ကောင်းရောင်း ကောင်းဝယ်
မိမိတို့နိုင်ငံအဖို့ စက်သုံးဆီသည် ပြည်ပမှတင်သွင်းနေရသည့် အရေးကြီးကုန်စည်တစ်ခုဖြစ်သည်။ ကမ္ဘာ့နိုင်ငံရေးအခြေအနေ၊ ကမ္ဘာ့ရေနံစိမ်းဈေးကွက်အခြေအနေ စသည်တို့ပေါ်တွင် မူတည် ၍ စက်သုံးဆီဈေးနှုန်း အတက်အကျများက ဝယ်ယူတင်သွင်း နေရသည့် နိုင်ငံများဆီသို့ ဆက်လက်ရိုက်ခတ်ပြီး ပြည်တွင်း၌ လည်း စက်သုံးဆီဈေးနှုန်းအတက်အကျတို့ ဖြစ်ပေါ်သည်။ မည်သို့ ပင်ဖြစ်စေကာမူ နိုင်ငံတွင် မရှိမဖြစ်သုံးစွဲနေရသည့် ပစ္စည်း ဖြစ်သည့်အလျောက် ပြတ်လပ်မှုမဖြစ်စေရန် စီမံဆောင်ရွက် ထားရသည်။