ပဒေသာပင်ပေါက်အောင်ဆိုရင်
မြန်မာတစ်နိုင်ငံလုံး ကိုလိုနီဘဝ ကျရောက်နေချိန်တွင် နိုင်ငံ့စီးပွား အရင်းအမြစ်များအားလုံးမှာ နယ်ချဲ့တို့လက်ထဲမှာသာ ရှိခဲ့သည့် အလျောက် ရရှိသမျှ အကျိုးအမြတ်အားလုံးသည်လည်း နယ်ချဲ့ နောက်တော်ပါ နိုင်ငံခြားသားအရင်းရှင်တို့အတွက်သာ ဖြစ်ခဲ့သည်။ သယံဇာတပေါများကြွယ်ဝသည့်မြေပေါ်တွင် ရှင်သန်နေထိုင်ရင်း ဆင်းရဲတွင်းနက်ခဲ့ကြသည့် မြန်မာတို့မှာ နယ်ချဲ့လက်အောက်မှ လွတ်မြောက်ပြီး လွတ်လပ်ရေးရသည့်အခါတွင် မိမိတို့လည်း ဆင်းရဲတွင်းမှ လွတ်မြောက်နိုင်ကြမည်ဟု မျှော်လင့်ခဲ့ကြသည်။