မြန်မာ့အလင်းအယ်ဒီတာအာဘော်

ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ဆက်လက်ကြိုးပမ်း

 

နိုင်ငံ့စီးပွားမြင့်မားစေရေးအတွက်   အဓိကကျသည့်  စိုက်ပျိုး ထုတ်လုပ်မှုစွမ်းအား မြှင့်တင်နိုင်ရန် အရေးကြီးသည်။ နိုင်ငံ့လူဦး ရေ၏   ၇၀ ရာခိုင်နှုန်းသည်  ကျေးလက်တွင်  နေထိုင်ကြပြီး ယင်းအနက်မှ ၄၅ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများနှင့် နှီးနွှယ်လျက်ရှိကြရာ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ကျေးလက်နေ ပြည်သူများ၏   လူနေမှုအဆင့်မှာလည်း   မြင့်မားလာမည်သာ  ဖြစ်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ဖို့ စည်းလုံးဆောင်ရွက်ကြပါစို့

 

အဂတိလိုက်စားမှုက   ကမ္ဘာလုံးဆိုင်ရာ   ပြဿာနာဖြစ်သည်။ အဂတိလိုက်စားမှုသည် ရာဇဝတ်မှုကျူးလွန်ခြင်းနှင့် အကြမ်းဖက် တိုက်ခိုက်ခြင်းတို့ကို အားပေးပြီး  စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကို နှောင့်နှေးစေကာ တရားဥပဒေစိုးမိုးမှုနှင့် ဒီမိုကရေစီစနစ်ကို ထိခိုက်နိုင်စေသည်ဟု  ကမ္ဘာ့နိုင်ငံကြီးတစ်နိုင်ငံက   ဆိုသည်။ ကမ္ဘာတစ်ဝန်းဖြစ်ပေါ်လျက်ရှိသည့်အဂတိလိုက်စားမှု၊ အကျင့် ပျက်ခြစားမှုပြဿနာကို ကမ္ဘာသူ ကမ္ဘာသားတို့အလေးအနက် ဂရုပြုလာကြစေရန်နှင့် တားဆီးနှိမ်နင်းနိုင်ကြစေရန် ရည်ရွယ်၍ ကုလသမဂ္ဂက နှစ်စဉ်   ဒီဇင်ဘာလ ၉ ရက်နေ့ကို အပြည်ပြည် ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ထား သည်။ 

စည်းလုံးညီညာတက်ကြွထက်သန်သည့် အမျိုးသားရေးစိတ်ဓာတ်အားမာန်

 

ယနေ့သည် (၁၀၃) နှစ်မြောက် အမျိုးသား‌အောင်ပွဲနေ့ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၃ နှစ်က ဤနေ့ဤရက်တွင် အင်္ဂလိပ် နယ်ချဲ့လက်အောက်ခံ မြန်မာနိုင်ငံ၌ အမျိုးသားရေးစိတ်ဓာတ်ကို အရင်းခံကာ နယ်ချဲ့ကို ဆန့်ကျင်အုံကြွမှုဖြစ်ပေါ်ခဲ့သည်။ ယူနီဗာ စီတီ အက်ဥပဒေကို ကန့်ကွက်သည့် အဆိုပါဆန့်ကျင်အုံကြွမှု သည်  ၁၉၂၀  ပြည့်နှစ်  ပထမကျောင်းသားသပိတ်ဟု  သမိုင်း မှတ်တမ်းတင် မော်ကွန်းတွင်ရစ်ခဲ့ပြီး အနှစ်သာရအားဖြင့် မြန်မာ တစ်မျိုးသားလုံးကို အမျိုးသားရေးစိတ်ဓာတ်  နိုးထရှင်သန်စေ ခဲ့ခြင်းဖြစ်သည်။

နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် မျက်မှောက်ကာလ၏ သမိုင်းပေးတာဝန်

 

ကိုယ့်မင်းကိုယ်ချင်းနှင့် နေထိုင်ခဲ့သောခေတ်တွင် မြန်မာနိုင်ငံ၏ ပညာရေးစနစ်မှာ ဘုန်းတော်ကြီးကျောင်း ပညာရေးစနစ်ဖြစ်ပြီး နှစ်ပေါင်းထောင်ချီ၍ ဖြစ်တည်လာခဲ့သော မြန်မာတို့၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ လူနေမှုစနစ်တို့နှင့်   ကိုက်ညီခဲ့သည်။ ၎င်းပညာရေး  စနစ်ဖြင့်ပင်   မြန်မာများ   စာပေတတ်မြောက်ကြပြီး ယဉ်ကျေး သိမ်မွေ့ခဲ့ကြသည်။ သက်မွေးဝမ်းကျောင်းပညာများ တတ်မြောက် ခဲ့ကြသလို ကိုယ်ကျင့်တရားလည်း မြင့်မားခဲ့ကြသည်။ 

သမဝါယမအသင်းများအဖြစ် အကျိုးတူပူးပေါင်းဆောင်ရွက်

 

မြန်မာ့စီးပွားရေး၏ အဓိက‌မောင်းနှင်အားဖြစ်သော အသေးစား၊ အငယ်စားနှင့်  အလတ်စား  စီးပွားရေးလုပ်ငန်းများ(MSMEs)  ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အထူး အရေးပါသည်။ MSME များ အားကောင်းမောင်းသန် ဖွံ့ဖြိုးလာစေ ရန်မှာ    လုပ်ငန်းတူရာ   အသေးစားစီးပွားရေးလုပ်ငန်းများ အချင်းချင်းပူးပေါင်း၍      လုပ်ငန်းကြီးတစ်ခုဖြစ်လာအောင် ဆောင်ရွက်ရန်ဖြစ်ပြီး မိမိတို့နိုင်ငံ အနေအထားအရ သမဝါယမ စနစ်ဖြင့်ဆောင်ရွက်ခြင်းက အသင့်တော်ဆုံးဖြစ်သည်။

စိုက်ပျိုးမွေးမြူရေးအကျိုးပြု သဘာဝမြေဩဇာစက်ရုံများ တည်ထောင်

လယ်ယာကဏ္ဍသီးနှံများ  ထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် အရည်အသွေးကောင်းမွန်ရေးတို့အတွက် မြေ၊ ရေနှင့် လုပ်အား အရင်းအမြစ်များအပြင် လယ်ယာသွင်းအားစုများအနက်မှ တစ်ခု ဖြစ်သည့် မြေဩဇာကို လိုအပ်သည့်ပမာဏ၊ လိုအပ်သည့်အချိန် အတိုင်း အသုံးပြုနိုင်ရေးသည်လည်း အရေးကြီးသည်။ မိမိတို့နိုင်ငံ တွင် စိုက်ပျိုးရေးအတွက် ဓာတ်မြေဩဇာကို လိုအပ်ချက်နှင့်အညီ ထုတ်လုပ်ဖြည့်ဆည်းပေးနိုင်စွမ်းမရှိခြင်းကြောင့်     ပြည်ပမှ တင်သွင်းနေရသည်။ ကမ္ဘာ့နိုင်ငံများတွင် ဓာတ်မြေဩဇာဈေးနှုန်း များ မြင့်တက်လာခြင်းကြောင့် စိုက်ပျိုးတောင်သူများအနေဖြင့် အရည်အသွေးပြည့်ဝသော   မြေဩဇာများ   ရရှိသုံးစွဲနိုင်ရေး၊ စိုက်ပျိုးထုတ်လုပ်မှု လျော့နည်းကျဆင်

Subscribe to မြန်မာ့အလင်းအယ်ဒီတာအာဘော်