ကျေးလက်နေမိသားစုများ ဝင်ငွေတိုး၍ လူမှုစီးပွားဖွံ့ဖြိုးရေး
မြန်မာနိုင်ငံတွင် ကျေးလက်ဒေသ၌ နေထိုင်သူများက နိုင်ငံ့ လူဦးရေ၏ သုံးပုံနှစ်ပုံခန့်ရှိသည်။ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး၊ မိသားစုဝင်ငွေတိုးပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် စီမံကိန်း များ ချမှတ်အကောင်အထည်ဖော်လျက်ရှိပြီး နည်းပညာ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းနှင့် ထူးချွန်သည့် သင်တန်းသား၊ သင်တန်းသူများကို လုပ်ငန်းများထူထောင် နိုင်ရန် လုပ်ငန်းသုံးပစ္စည်းများကိုပါ ပေးအပ်ခြင်းဖြင့် ကျေးလက်ဒေသများတွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ပေါ်ထွက်လာစေရန် နိုင်ငံတော်က ဆောင်ရွက်ပေးလျက် ရှိသည်။