မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ ကြေညာချက် (၆/၂၀၂၁) ထုတ်ပြန်
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ
ကြေညာချက် (၆/၂၀၂၁)
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်၊ ကြာသပတေးနေ့
၁။ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာ လောက ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျင့်ဝတ်နှင့်ညီသော သတင်းမီဒီယာ သမားများ၏ လူမှုဘဝလုံခြုံရေး အထောက်အကူပြုရန်အတွက် အစဉ်တစိုက် ဦးတည်ဆောင်ရွက်လျက်ရှိပါသည်။
၂။ ၃၀-၆-၂၀၂၁ ရက်နေ့တွင် ပြန်လည်စေလွှတ်ပေးခဲ့သည့် အကျဉ်းသား ၂၀၀၀ ကျော်တွင် သတင်းမီဒီယာသမားများ ပါဝင် လာခြင်းအတွက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ဝမ်းမြောက်စွာ ကြိုဆိုအပ်ပါသည်။