ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက် (၁၃၈၃ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်) (၂၀၂၁ ခုနှစ်၊ ဇွန်လ ၃၀ ရက်)
၁။ တပ်မတော်အနေဖြင့် ထာ၀ရငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် COVID- 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးတို့အတွက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို တိုးမြှင့်ရပ်ဆိုင်းပေးလျက်ရှိသည့်အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကိုဖွဲ့စည်းပြီး ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ် ချမှတ်၍ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ဘက်ပေါင်းစုံမှ တိုးတက်ကောင်းမွန်လာစေရန် အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိပါသည်။
၂။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ထာဝရ ငြိမ်းချမ်းရေး အောင်မြင်ပြီးဆုံးသည်အထိ ဆက်လက်ဆွေးနွေးနိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ချောမွေ့အောင်မြင်စွာ ဆောင်ရွက် နိုင်ရေးနှင့် COVID-19 ရောဂါဖြစ်ပွားမှုသည် အချိန်ကာလကြာမြင့် သည်နှင့်အမျှ သန္ဓေပြောင်းမျိုးကွဲများ ထွက်ပေါ်လာခဲ့ပြီး အိမ်နီးချင်း နိုင်ငံအချို့တွင် သန္ဓေပြောင်းမျိုးကွဲများ တွေ့ရှိနေရသဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စဉ်ဆက်မပြတ် ခြေရာခံစောင့်ကြည့် ထိန်းချုပ်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့အတွက် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှု ဆိုင်ရာ ကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရားများအား နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁ ရက်မှ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးသွားမည် ဖြစ်သည်။
၃။ သို့ဖြစ်ပါ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်နေကြ သည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအားလုံးအနေဖြင့် တိုင်းရင်းသား ပြည်သူလူထုအားလုံး၏ လိုအင်ဆန္ဒဖြစ်သည့် ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီလမ်းစဉ်ကို နည်းမှန်လမ်းမှန်လျှောက်လှမ်းနိုင်ရေးတို့ အတွက် တပ်မတော်မှ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ တိုးမြှင့်ရပ်စဲပေး ထားသည့်ကာလအတွင်း ညှိနှိုင်းဆွေးနွေးမှုများကို ဆက်လက် ဆောင်ရွက်ပြီး ထာဝရငြိမ်းချမ်းရေးရရှိအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်းအပ်ပါသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး