Announcement

ကုန်သွယ်လုပ်ငန်းခွန် သုံးလတစ်ကြိမ် ကြေညာလွှာနှင့် အထူးကုန်စည်ခွန် သုံးလပတ် ကြေညာလွှာများအား အီလက်ထရောနစ်နည်းဖြင့် တင်သွင်းနိုင်ပါကြောင်း အသိပေးကြေညာချက်

၁။    နှစ်တစ်နှစ်အတွင်း ကုန်သွယ်လုပ်ငန်းခွန်စည်းကြပ်ထိုက်သော ရောင်းရငွေ သို့မဟုတ် ဝန်ဆောင်မှုရငွေ ရှိသူများအနေဖြင့် သုံးလတစ်ကြိမ်  ကြေညာလွှာကို သက်ဆိုင်ရာ   သုံးလပတ် ကုန်ဆုံးပြီး တစ်လအတွင်း သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီး ဌာနမှူးထံ တင်သွင်းရန်လိုအပ်ပါသည်။ အခွန်ကျသင့်သော  အထူးကုန်စည်ကို ပြည်တွင်း၌ထုတ်လုပ်သူ သို့မဟုတ် တင်ပို့သူ သည် အထူးကုန်စည်ကို ထုတ်လုပ်ရောင်းချခြင်း သို့မဟုတ် ပြည်ပတင်ပို့ခြင်းအတွက်    သုံးလပတ်  ကြေညာလွှာကို သက်ဆိုင်ရာ   သုံးလပတ်ကုန်ဆုံးပြီး     ၁၀   ရက်အတွင်း သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးထံ တင်သွင်းရန် လိုအပ် ပါသည်။ 

မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့အား နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန
အမိန့်အမှတ်   ၂၇၈ /၂၀၂၁


၁၃၈၃ ခုနှစ်၊ နယုန်လပြည့်ကျော်   ၁၃   ရက်
(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ   ၇   ရက်)


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး  ဥပဒေ ပုဒ်မ  ၂၁ ပုဒ်မခွဲ (ခ)ပါ  လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

ပြည်ထောင်စုနယ်မြေ၊  နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊  ပျဉ်းမနားမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး  တောင်ငူမြို့နယ်၊ ပဲခူးမြို့နယ်၊ ပြည်မြို့နယ်များတွင် နေထိုင်သည့် ပြည်သူများအနေဖြင့်    နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာ

 

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန
အမိန့်အမှတ်  ၂၇၆/၂၀၂၁
၁၃၈၃ ခုနှစ်၊ နယုန်လပြည့်ကျော်   ၁၂   ရက်
(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ    ၆    ရက်)

စုပေါင်းလုပ်မှ အကျိုးရှိနိုင်

 

 

တစ်တိုင်းပြည်လုံး ကြီးပွားစေချင်ရင်  လူအား၊  ငွေအား၊ ပစ္စည်းအားနဲ့စုပေါင်းပြီး အင်တိုက်အားတိုက် လုပ်နိုင်မှ အကျိုးခံစားခွင့်ရှိကြမှာပဲ။ ဗမာက တစ်မျိုး၊ ကရင်က တစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့ကတခြား အကွဲကွဲအပြားပြား လုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်။ လုပ်ကြည့်မှလည်း အကျိုးရှိကြောင်း သိနိုင်တယ်။
(၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့  ပင်လုံညစာစားပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း  ပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ်ချက်)

အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည့်ကိစ္စနှင့် စပ်လျဉ်း၍ အသိပေးကြေညာချက်

 

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ၊   ဆေးဝါးများနှင့်    စားသုံးကုန် ပစ္စည်းများကို    ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊    ဖြန့်ဖြူးခြင်း  သို့မဟုတ် ဈေးကစားရန်  ရည်ရွယ်ချက်ဖြင့်  သိုလှောင်ခြင်းတို့ ဆောင်ရွက်နေသည်ကို စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်  ဝန်ဆောင်မှုဥပဒေအရ  အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  အသိပေးကြေညာအပ်ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်မြို့နယ်၊ မြောင်းမြမြို့နယ်နှင့် သာပေါင်းမြို့နယ်တို့တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာ

 

ကျန်းမာရေးနှင့်     အားကစားဝန်ကြီးဌာနသည်  ကူးစက်ရောဂါများ   ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ  ၂၁ ပုဒ်မခွဲ (ခ)ပါ  လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၊ ရှမ်းပြည်နယ် နောင်ချိုမြို့နယ်တို့တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်းကြေညာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

အမိန့်အမှတ်   ၂၇၃/၂၀၂၁
၁၃၈၃ ခုနှစ်၊ နယုန်လပြည့်ကျော်  ၈  ရက်
(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ  ၂  ရက်)


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ  ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

Subscribe to Announcement