Announcement
အသိပေးကြေညာချက်
ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်
၁။ အများပြည်သူ ရုံးပိတ်ရက်များအဖြစ် သတ်မှတ်ကြေညာထားသော ၂-၈-၂၀၂၁ ရက်မှ ၈-၈-၂၀၂၁ ရက်အထိ ရုံးပိတ်ရက်များတွင် နယ်စပ်ကုန်သွယ်ရေးစခန်းများအနေဖြင့် အလုပ်တာဝန်များ ရပ်ဆိုင်း ထားမည် မဟုတ်ဘဲ ပုံမှန်အတိုင်း ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး COVID -19 ကူးစက်ရောဂါ ကာကွယ် ကုသရေးပစ္စည်းများ တင်သွင်းမှုများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးသွားမည် ဖြစ်ပါသည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၂၁ / ၂၀၂၁
၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်
(၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။ ဤဥပဒေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကိုပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အတွင်းရှိ ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန
အမိန့်အမှတ် ၂၉၅/၂၀၂၁
၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက်
(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်)
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။
အသိပေးကြေညာခြင်း
ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်သည့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် (ကုန်လှောင်ရုံ)နှင့် ဆိပ်ကမ်းများ၌ ရောက်ရှိနေသော်လည်း လာရောက်ထုတ်ယူခြင်း မရှိကြောင်း စိစစ်တွေ့ရှိရပါသည်။ အကောက်ခွန်ဦးစီးဌာနအနေဖြင့် အဆိုပါ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအား လွယ်ကူချောမွေ့စွာ ထုတ်ယူ နိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသဖြင့် အမြန်လာရောက် ထုတ်ယူနိုင်ရေး အသိပေးကြေညာအပ်ပါသည်။
အကောက်ခွန်ဦးစီးဌာန
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ အသိပေးကြေညာချက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ
အသိပေးကြေညာချက်
၁၃၈၃ ခုနှစ်၊ ဝါဆိုလဆန်း ၁၅ ရက်
(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်)
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၃-၇-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်၊ ၂၁၇ /၂၀၂၁ ဖြင့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့မှ ဩဂုတ်လ ၁ ရက်နေ့အထိအား တစ်ဆက် တစ်စပ်တည်း အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြေညာခဲ့ပါသည်။
ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ပိုမိုထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် အများပြည်သူအလုပ်ပိတ်ရက် တိုးမြှင့်သတ်မှတ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်ကြော်ငြာစာအမှတ် ၂၁၇ / ၂၀၂၁
၁၃၈၃ ခုနှစ်၊ ဝါဆိုလဆန်း ၁၅ ရက်
( ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက် )
ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ပိုမိုထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊
ကုသနိုင်ရေးအတွက် အများပြည်သူအလုပ်ပိတ်ရက် တိုးမြှင့်သတ်မှတ်ခြင်း
Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ အသိပေးကြေညာချက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ
အသိပေးကြေညာချက်
၁၃၈၃ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက်
(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်)
လက်ရှိအခြေအနေအရ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ဆက်လက်ဟန့်တားထိန်းချုပ်ရန် လိုအပ်သည့်အတွက် အခြေခံပညာကျောင်းများ (ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း များ အပါအဝင်)အား ၂၆-၇-၂၀၂၁ ရက်နေ့မှ ၈-၈-၂၀၂၁ ရက်နေ့အထိ ရက်သတ္တပတ် (၂) ပတ်အား ဆက်လက်၍ ယာယီပိတ်ထားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။



