၁၃၈၃ ခုနှစ် (၂၀၂၁ ခုနှစ်)၊ (၂၈)ကြိမ်မြောက် နိကာယ်စာမေးပွဲအောင်စာရင်း ထုတ်ပြန်ကြေညာ
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ၂၀၂၁ ခုနှစ်၊ (၂၈) ကြိမ်မြောက်နိကာယ်စာမေးပွဲကြီးကို တစ်ပြည်လုံးရှိ ခွင့်ပြုစာဖြေဌာန ၇၆ ဌာနတို့၌ ၂၁-၆-၂၀၂၁ ရက်နေ့မှ ၂၅-၆-၂၀၂၁ ရက်နေ့အထိ ၅ ရက်တိုင်တိုင် ကျင်းပခဲ့ပါသည်။
၂။ (၂၈) ကြိမ်မြောက် နိကာယ်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်း ၁၄၇၆၆ ပါးရှိပြီး ဖြေဆို ၉၅၈၇ ပါးဖြစ်၍ ကျမ်းစဉ်အလိုက် အောင်မြင်သူ စုစုပေါင်း ၃၆၆၆ ပါးဖြစ်ရာ ၃၈.၂၄ ရာခိုင်နှုန်း အောင်မြင် ကြပါသည်။



