Announcement

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ အသိပေးကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ အသိပေးကြေညာချက် 
၁၃၈၃ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက်
(၂၀၂၁  ခုနှစ်၊ သြဂုတ်လ  ၂၁  ရက်) 
၁။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်  ၂၀-၈-၂၀၂၁  ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်၊ ၂၄၇/၂၀၂၁ ဖြင့် ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိအား တစ်ဆက်တစ်စပ်တည်း အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြေညာခဲ့ပါသည်။ 

အသိပေးကြေညာချက်

Radio NUG အမည်ဖြင့် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့တွင်   စမ်းသပ်ထုတ်လွှင့်ခဲ့သည့်  ရေဒီယိုလိုင်းသည် ပြန်ကြားရေးဝန်ကြီးဌာနက    တရားဝင်ထုတ်လွှင့်ခွင့်ပြုထားသည့်  ရေဒီယိုလိုင်းမဟုတ်ပါ။ ခွင့်ပြုချက်မရရှိဘဲ    မည်သူမဆို   လုပ်ငန်းဆောင်ရွက်ခြင်းနှင့်  ထောက်ပံ့ကူညီခြင်းတို့ ပြုလုပ်ပါ က တည်ဆဲတရားဥပဒေနှင့်အညီ      အရေးယူခံရမည်ဖြစ် ကြောင်း အသိပေးကြေညာအပ်ပါသည်။ 

ပြန်ကြားရေးဝန်ကြီးဌာန
၂၀-၈-၂၀၂၁

အခြေခံပညာကျောင်းများ ဆက်လက်၍ ယာယီပိတ်ထားမည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
Coronavirus Disease 2019 (COVID-19)
ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ
အသိပေးကြေညာချက်
၁၃၈၃ ခုနှစ်၊ ဝါခေါင်လဆန်း     ၁၃      ရက်
(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ    ၂၀     ရက်)

လက်ရှိအခြေအနေအရ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက်ဟန့်တားထိန်းချုပ်ရန် လိုအပ်သည့်အတွက် အခြေခံ ပညာကျောင်းများ   (ပုဂ္ဂလိကကျောင်း၊   ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအပါအဝင်) အား ၂၃-၈-၂၀၂၁ ရက်နေ့မှ ၃၁-၈-၂၀၂၁   ရက်နေ့အထိ  ဆက်လက်၍  ယာယီပိတ်ထားမည် ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ပိုမိုထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် အများပြည်သူအလုပ်ပိတ်ရက် တိုးမြှင့်သတ်မှတ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်ကြော်ငြာစာအမှတ်  ၂၄၇ /၂၀၂၁
၁၃၈၃ ခုနှစ်၊ ဝါခေါင်လဆန်း     ၁၃     ရက်
(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ     ၂၀    ရက်)

ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်သူသို့ အသိပေးပန်ကြားချက်

ပြည်သူတို့အတွင်း   ကိုဗစ်-၁၉   ရောဂါ  ကူးစက်ဖြစ်ပွားမှုကို ထိရောက်စွာ ကာကွယ်၊  ထိန်းချုပ်၊ ကုသရေးအတွက် ပြည်သူများ ပူးပေါင်းပါဝင်မှသာ လုပ်ငန်းများအချိန်တိုအတွင်း အောင်မြင်မည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အောက်ဖော်ပြပါ အချက်များကို အားလုံး ကိုယ်စီလိုက်နာကြပါရန် အသိပေး ပန်ကြားအပ်ပါသည်-
၁။     တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ပါ၊ 
၂။    အိမ်တွင် ဧည့်သည်လက်ခံခြင်း လုံးဝမပြုပါနှင့်၊ မိမိကိုယ်တိုင်လည်း ဧည့်သည်အဖြစ် သွားရောက် ခြင်း လုံးဝမပြုပါနှင့်၊

အောင်ဘာလေသိန်းထီကံစမ်းသူ မိဘပြည်သူများသို့ အသိပေးကြေညာချက်

၁။    ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆု ဌာနခွဲအနေဖြင့်   အောင်ဘာလေ သိန်းထီကံစမ်းသူ  မိဘပြည်သူ များမှ  ထီလက်မှတ်များကို  အဆင်ပြေချောမွေ့စွာ  ဝယ်ယူ ကံစမ်းနိုင်စေရေးအတွက်   အောင်ဘာလေသိန်းထီလက်မှတ် များအား လစဉ်ရောင်းချပေးလျက်ရှိပြီး ထီဖွင့်ပွဲများကိုလည်း လစဉ်လဆန်း (၁) ရက်နေ့တွင်  ကျင်းပပေးလျက်ရှိပါသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ (COVID-19 Vaccination Fund) သို့ လှူဒါန်းနိုင်ရန် အသိပေးကြေညာချက်

၁။    ကိုဗစ်-၁၉  ကာကွယ်ဆေး  ဝယ်ယူနိုင်ရေးအတွက်  ကိုဗစ်-၁၉  ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ  (COVID-19 Vaccination Fund) ကို  မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်) တွင် အောက်ပါ အတိုင်း ဖွင့်လှစ်ထားပါသည်-
    (က)    ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ (နိုင်ငံခြားငွေစာရင်းအမှတ် EDC 600012)။             
        ၎င်းစာရင်းတွင်     နိုင်ငံတော်မှ    မတည်ရန်ပုံငွေကျပ်   ၃၃၈   ဘီလီယံခန့်နှင့်ညီမျှသော   အမေရိကန်ဒေါ်လာ သန်း ၂၅၀ ကို ထည့်သွင်းထားပါသည်။
    (ခ)    ကိုဗစ်-၁၉   ကာကွယ်ဆေး   ဝယ်ယူရရှိရေးရန်ပုံငွေ  (မြန်မာကျပ်ငွေစာရင်းအမှတ်  OA 013733)။

Subscribe to Announcement