Announcement

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီအသိပေးကြေညာချက် 


 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ
အသိပေးကြေညာချက် 
၁၃၈၃ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၉ ရက်
(၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်) 

အကြမ်းဖက်မှုများကို ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် သတင်းပေးသူနှင့် ဖမ်းဆီးသူများအား ထိုက်တန်စွာဆုချီးမြှင့်မည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ချက်

၁။    အကြမ်းဖက်အုပ်စုများဖြစ်သည့်    ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့်   ယင်းက   အမည်အမျိုးမျိုးဖြင့်   ဖွဲ့စည်းထားသည့်   ပြည်သူ့ ကာကွယ်ရေးတပ်မတော်(PDF)   အဖွဲ့များသည်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏   ရှေ့လုပ်ငန်းစဉ် (၅)ရပ်အား  အကောင် အထည်ဖော်ဆောင်ရွက်ခြင်း    မပြုနိုင်စေရန်အတွက်   အစိုးရ၏ အုပ်ချုပ်ရေး    ယန္တရားများ  ပျက်ပြားစေရန်၊  ပြည်သူလူထုအား ကြောက်ရွံ့မှုများဖြစ်ပေါ်စေပြီး    ၎င်းတို့အား  ထောက်ခံလာစေရန် အကြမ်းဖက်တိုက်ခိုက်မှုများကို နေ့စဉ်ကျူးလွန်လျက်ရှိပါသည်။ 

COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ (COVID-19 Vaccination Fund) သို့ လှူဒါန်းနိုင်ရန် အသိပေးကြေညာချက်

 

၁။    COVID-19    ကာကွယ်ဆေး    ဝယ်ယူနိုင်ရေးအတွက်  COVID - 19 ကာကွယ်ဆေး ဝယ်ယူ ရရှိရေးရန်ပုံငွေ  (COVID-19 Vaccination Fund)ကို  မြန်မာ့စီးပွားရေးဘဏ်(နေပြည်တော်)တွင် အောက်ပါအတိုင်း ဖွင့်လှစ်ထားပါသည်-

အသိပေးကြေညာခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်  ကိုဗစ်-၁၉  ရောဂါ ကူးစက်မှုကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ဩဂုတ်လ ၂၃ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ တစ်ဆက် တစ်စပ်တည်း အများပြည်သူအလုပ်ပိတ်ရက်ရှည်အဖြစ် ကြေညာ ခဲ့ပါသည်။ အများပြည်သူ အလုပ်ပိတ်ရက်ရှည်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသမှုဆိုင်ရာ ဆေးဝါး/ဆက်စပ်ပစ္စည်းများနှင့် အခြားလူသုံးကုန်ပစ္စည်း တင်သွင်းခြင်းကိစ္စရပ်များအား (ရေကြောင်း/လေကြောင်း/နယ်စပ်)    လမ်းကြောင်းများမှတစ်ဆင့်   လွယ်ကူ လျင်မြန်စွာ အခက်အခဲမရှိ တင်သွင်းနိုင်ရန်အတွက် အကောက်ခွန် ဦးစီးဌာနအနေဖြင့် ပိတ်ရက်မရှိ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါ ကြောင်း အသိပေးကြေညာအပ်ပါသည်။ 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်၊ မြိတ်မြို့နယ်တို့တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေးအစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ကျန်းမာရေးဝန်ကြီးဌာန
အမိန့်အမှတ်  ၃၃၂ /၂၀၂၁
၁၃၈၃ ခုနှစ်၊ ဝါခေါင်လပြည့်နေ့        
(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၂  ရက်)
ကျန်းမာရေးဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ် နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

အသိပေးကြေညာခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်   ကိုဗစ်-၁၉  ရောဂါ ကူးစက်မှုကို ထိရောက်စွာ ကာကွယ်၊  ထိန်းချုပ်၊  ကုသနိုင်ရေး အတွက် ဩဂုတ်လ ၂၃ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ တစ်ဆက်တစ်စပ်တည်း အများပြည်သူ အလုပ်ပိတ်ရက်ရှည်အဖြစ် ကြေညာခဲ့ပါသည်။  အများပြည်သူ အလုပ်ပိတ်ရက်ရှည်အတွင်း  ကိုဗစ်-၁၉   ရောဂါ ကာကွယ်   ကုသမှုဆိုင်ရာ  ဆေးဝါး၊   ဆက်စပ် ပစ္စည်းများနှင့် အခြားလူသုံးကုန်ပစ္စည်း   တင်သွင်းခြင်းကိစ္စရပ် များအား (ရေကြောင်း/လေကြောင်း/နယ်စပ်) လမ်းကြောင်းများမှ တစ်ဆင့် လွယ်ကူလျင်မြန်စွာ အခက်အခဲမရှိ    တင်သွင်းနိုင်ရန် အတွက် အကောက်ခွန်ဦးစီးဌာနအနေဖြင့် ပိတ်ရက်မရှိ ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည

အသိပေးကြေညာချက်

ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်
၁။    အများပြည်သူ ရုံးပိတ်ရက်များအဖြစ်   သတ်မှတ်ကြေညာ ထားသော ၂၃.၈.၂၀၂၁ ရက်မှ ၃၁.၈.၂၀၂၁ ရက် အထိ ရုံးပိတ်ရက် များတွင် နယ်စပ်ကုန်သွယ်ရေးစခန်းများအနေဖြင့် အလုပ်တာဝန် များ ရပ်ဆိုင်းထားမည်မဟုတ်ဘဲ ပုံမှန်အတိုင်း ပို့ကုန်သွင်းကုန် လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ ကူးစက် ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းမှုများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့်   SOP  များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးသွားမည် ဖြစ်ပါသည်။

Subscribe to Announcement