ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း ရွေးချယ်ကြရာတွင် ...
သိန်းထွန်း (IR)
အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခု
ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့က ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းတွေ ထွက်ပါတယ်။ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းမှာဆိုရင် အောင်ချက် ၄၆ ဒသမ ၈၈ ရာခိုင်နှုန်း ရှိပါတယ်။ စာမေးပွဲကို ဝင်ရောက် ဖြေဆိုသူပေါင်း ၂၈၁၇၅၁ ဦးမှာ အောင်မြင်တဲ့ ကျောင်းသား ကျောင်းသူပေါင်းက ၁၃၂၀၇၇ ဦးပါ။