လူမှုရေး

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)သို့ သင်တန်းတစ်ခေါက်အတွေ့အကြုံ

 

ကသ-၂၄၅၊ သူရိန် ၉၀ (ကံ့ကော် ၈)

 

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)သင်တန်းကို  ပထမဆုံးအကြိမ်အဖြစ်      ဝန်ထမ်းလုပ်သက် ၁၀   နှစ်ကျော်မှ  စာရေးသူအနေဖြင့်  တက်ရောက်ခဲ့ရသည်။ ကြားကာလတွေမှာ မတက်ရောက်ဖြစ်သည်က ဌာနလုပ်ငန်းခွင်တွင် လုပ်ငန်းလိုအပ် ချက်အရ   မတက်ရသည်သာဖြစ်ပေသည်။ စာရေးသူ၏    အိပ်မက်မှာကား   နိုင်ငံ့ ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ဇီးပင်ကြီးသို့     တက်ရောက်လိုသည့် ဆန္ဒကား အမြဲပင်ရှိနေခဲ့သည်။ 
 

တန်ဖိုးမဖြတ်နိုင်

လူကုန်ကူးမှုတိုက်ဖျက်ဖို့ နည်းပညာအခန်းကဏ္ဍ မြှင့်တင်လုပ်ဆောင်စို့

 

စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ ဂုဏ်ပြုဆောင်းပါး

 

ညွန့်ဝင်း(နတ်တလင်း)

 

သန့်စင်သောလေရှူရှိုက်ဖို့ လေထုညစ်ညမ်းမှုကို တိုက်ဖျက်စို့

 

 မေတ္တာမိုးနှင်း(ပဲခူး)

 

ဤကမ္ဘာမြေကြီးပေါ်တွင် နေထိုင်ကြကုန်သော သက်ရှိသတ္တဝါအားလုံးနှင့် သက်မဲ့ဖြစ်သော သဘာဝပတ်ဝန်းကျင်တို့သည်    အပြန်အလှန်   အမှီသဟဲပြု၍ နေထိုင်ကြသည်။ တစ်နည်းအားဖြင့်ဆိုသော် အပြန်အလှန်ဆက်နွှယ်နေထိုင်ကြခြင်းကြောင့် ဂေဟအဖွဲ့အစည်း(Ecosystem)ဟု သိပ္ပံပညာရှင်များက ခေါ်ဆိုကြ ၏။ တစ်ဦးနှင့်တစ်ဦး  အပြန်အလှန်ဆက်နွှယ်ရာတွင်  တစ်ဦးဘက်မှ ချို့ယွင်းဖောက်ဖျက်ခဲ့လျှင် တခြားတစ်ဦးဘက်၌လည်း ချို့ယွင်းပျက်စီးမည်ဖြစ်သည်။

 

လေထုသန့်ရှင်းဖို့ အားလုံးပူးပေါင်းဆောင်ရွက်စို့

 

ဒေါက်တာတင်အောင်ဝင်း (ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန)

 

(ယမန်နေ့မှအဆက်)


အဆိုပါ   မူဝါဒ၊   ဥပဒေ၊   နည်းဥပဒေများ၊  လုပ်ထုံးလုပ်နည်း၊ လမ်းညွှန်ချက်၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်များ၊ နိုင်ငံ တကာသဘောတူညီချက်များအပေါ်  အခြေခံပြီး  လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးအပါအဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဦးဆောင်ပြီး  သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းအသီးသီး၏   ပူးပေါင်း ပါဝင်ဆောင်ရွက်မှုဖြင့် ကဏ္ဍအသီးသီးတွင် ပေါင်းစပ်အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိပါသည်။

 

လေထုသန့်ရှင်းဖို့ အားလုံးပူးပေါင်းဆောင်ရွက်စို့

 

စက်တင်ဘာလ ၇ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ ဂုဏ်ပြုဆောင်းပါး

 

ဒေါက်တာတင်အောင်ဝင်း (ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန)

 

အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့ ဖြစ်ပေါ်လာပုံ

ရုရှားနိုင်ငံထုတ်လက်နက်အသစ်များကို ကမ္ဘာသို့ ထုတ်ဖော်ပြသလိုက်နိုင်တဲ့ ARMY 2022 အပြည်ပြည်ဆိုင်ရာစစ်ဘက်နှင့် နည်းပညာဖိုရမ်

 

ထက်မြတ်

 

(ယမန်နေ့မှအဆက်)


ခြေလျင်တပ်ဖွဲ့သုံးစစ်လက်နက်ပစ္စည်းများ


အမြင်အားဖြင့်ကြည့်မယ်ဆိုရင်တော့ ARMY 2022 ဖိုရမ်က တင့်တွေကိုပဲဦးစားပေး ပြသတယ် ဆိုသော်ငြားလည်း   တကယ်တမ်းမှာ   အမျိုးမျိုး သောသံချပ်ကာယာဉ်များကို အကန့်အသတ်ရှိတဲ့ နေရာလေးတစ်ခုမှာ ရှားရှားပါးပါးတွေ့မြင်ရတာ ဖြစ်ပါတယ်။

 

လေထုသန့်ရှင်းဖို့ အားလုံးပူးပေါင်းဆောင်ရွက်စို့

 

ကျော်နိုင်ဦး (ပတ်ဝန်းကျင်)
 

 

ကျွန်ုပ်တို့လူသားအားလုံး အသက်ရှင်သန်ရန်အတွက် လေကို မဖြစ်မနေ စက္ကန့်နှင့်အမျှ ရှူနေကြရပါသည်။ လူသားများသာမက သက်ရှိသတ္တဝါများ၏ နှာခေါင်း မှတစ်ဆင့် ရှူရှိုက်လိုက်သော လေကို ခန္ဓာကိုယ်အတွင်းရှိ အဆုတ်က အသုံးချနိုင်သည်မှာ  လေထဲတွင်ပါဝင်သော အောက်ဆီဂျင်သာ ဖြစ်ပါသည် ။ ထို့ကြောင့် ရှူရှိုက်လိုက်သည့်လေတွင်  သန့်ရှင်းမှုမရှိဘဲ  ညစ်ညမ်းဓာတ်ငွေ့များ၊ ညစ်ညမ်းသည့် အမှုန်အမွှားများ ပါဝင်နေမည်ဆိုပါက အသက်ရှူလမ်းကြောင်းနှင့် ဆက်နွှယ်သည့် ရောဂါဘယများ ဖြစ်ပေါ်လာမည်မှာ ဧကန်မုချဖြစ်ပါသည်။ 

 

အခက်အခဲများကြားမှ ရှေ့ဆက်ဆောင်ရွက်နေသော မန္တလေးတိုင်းဒေသကြီး မီးလင်းရေးလုပ်ငန်းများ

 

မြင့်လွင်ပါကြီး
 

ဒီနေ့ တနင်္ဂနွေရုံးပိတ်ရက်ဖြစ်တာကြောင့် မနက်စောစော လမ်းလျှောက် ဖို့ ထွက်ခဲ့ပါတယ်။  အခြေအနေအရပ်ရပ်ကြောင့်   အိမ်တွင်းမှာပဲ ကိုယ်လက်လေ့ကျင့်ခန်းလုပ်နေခဲ့တာ ကြာပါပြီ။ အိမ်က စထွက် တယ်ဆိုရင်ပဲ ကောင်းကင်ကို မော့ကြည့်လိုက်တော့  မိုးသားက နိမ့်နိမ့်၊ အုံ့အုံ့ဆိုင်းဆိုင်း၊ ပြင်ပလေ အေးအေးလေးက မျက်နှာကို လာဟပ်တာကြောင့် စိတ်ကြည်လင်လန်းဆန်းလာလို့ လမ်းလျှောက် တာကို ဖြည်းဖြည်းမှန်မှန်ကနေ မြန်မြန်သွက်သွက် လျှောက်လိုက်၊ ပုံမှန်ပြေးလိုက်လုပ်ရင်း    ကျုံးမြောက်ဘက်ကို   ရောက်လာခဲ့ ပါတယ်။

 

Subscribe to လူမှုရေး