ကျင့်ဝတ်နှင့် ကိုယ်ရည်ကိုယ်သွေး
သိန်းထွန်း (IR)
အရေးပါသော အစိတ်အပိုင်းတစ်ရပ်
လူတစ်ဦးတစ်ယောက်အနေနဲ့ ကိုယ့်ဘဝရပ်တည်ရေး၊ တိုးတက် မြင့်မားရေးနဲ့ ကိုယ်ရည်ကိုယ်သွေးမြှင့်တင်ဖို့ ကြိုးစားရာမှာ ကိုယ့်ရည် မှန်းချက်နဲ့ ဆန္ဒတွေ အောင်မြင်ဖို့အတွက်သာမကဘဲ ကိုယ်နဲ့ လူ့အဖွဲ့ အစည်းအကြား သဟဇာတဖြစ်တဲ့ အခြေအနေဖြစ်ဖို့ဆိုရင် လူမှု ကျင့်ဝတ်တွေဟာ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ပါဝင်ပါ တယ်။ ဒီလိုပဲ လူ့အသိုက်အဝန်းတစ်ခုရဲ့ ဓလေ့၊ စရိုက်နဲ့ ယဉ်ကျေးမှု တွေ တိုးတက်မြင့်မားဖို့မှာ သက်ဆိုင်ရာလူ့အဖွဲ့အစည်းအတွင်းက တစ်ဦးချင်းစီရဲ့ ကျင့်ဝတ်လိုက်နာမှုတွေဟာ အရေးပါပါတယ်။
- Read more about ကျင့်ဝတ်နှင့် ကိုယ်ရည်ကိုယ်သွေး
- Log in to post comments