သန့်စင်သောလေရှူရှိုက်ဖို့ လေထုညစ်ညမ်းမှုကို တိုက်ဖျက်စို့
မေတ္တာမိုးနှင်း(ပဲခူး)
ဤကမ္ဘာမြေကြီးပေါ်တွင် နေထိုင်ကြကုန်သော သက်ရှိသတ္တဝါအားလုံးနှင့် သက်မဲ့ဖြစ်သော သဘာဝပတ်ဝန်းကျင်တို့သည် အပြန်အလှန် အမှီသဟဲပြု၍ နေထိုင်ကြသည်။ တစ်နည်းအားဖြင့်ဆိုသော် အပြန်အလှန်ဆက်နွှယ်နေထိုင်ကြခြင်းကြောင့် ဂေဟအဖွဲ့အစည်း(Ecosystem)ဟု သိပ္ပံပညာရှင်များက ခေါ်ဆိုကြ ၏။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆက်နွှယ်ရာတွင် တစ်ဦးဘက်မှ ချို့ယွင်းဖောက်ဖျက်ခဲ့လျှင် တခြားတစ်ဦးဘက်၌လည်း ချို့ယွင်းပျက်စီးမည်ဖြစ်သည်။



