လူမှုရေး
အိုဇုန်းလွှာကာကွယ်ထိန်းသိမ်းမှုဖြင့် ရာသီဥတုပြောင်းလဲမှုကို ကာကွယ်စို့
(စက်တင်ဘာ ၁၆ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုလျက်)
ညွန့်ဝင်း(နတ်တလင်း)
လူနှင့် သတ္တဝါတို့သည် ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့အပေါ်မူတည်၍ အသက်ရှင်နေထိုင်ကြရသည်။ ဥတုအပေါ် တည်မီအသက်ရှင်နေထိုင်ကြရာ၌ ပူခြင်း၊ အေးခြင်း၊ လေတိုက်ခြင်း၊ ဆီးနှင်းကျခြင်း၊ မိုးရွာခြင်း စသောရာသီဥတုအခြေအနေများကို မလွဲမသွေ ရင်ဆိုင်ကြရပါသည်။မျှတကောင်းမွန်သော ရာသီဥတု ကသာလျှင် သက်ရှိများ ရှင်သန်နေထိုင်ရေးကို အကျိုးပြုနိုင်ပေလိမ့်မည်။ထိုမျှတသော ရာသီဥတုအခြေအနေကို ဖန်တီးပေးသည့် သဘာဝအခြင်းအရာများတွင် အိုဇုန်းလွှာလည်း အဓိကနေရာ၌ ပါဝင်နေသည်။
ကိုဗစ်-၁၉ စတုတ္ထလှိုင်းနှင့် ပေါ့ဆ၍မရသည့် တစ်ကျော့ပြန် အိုမီခရွန်
ခင်ရတနာ
ကျန်းမာရေးဝန်ကြီးဌာနက နေ့စဉ်ထုတ်ပြန်ပေးနေတဲ့ ကိုဗစ်-၁၉ စောင့်ကြပ်ကြည့်ရှုမှုနဲ့ပတ်သက်တဲ့ သတင်းတွေထဲမှာ စက်တင်ဘာ ၆ ရက်က ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသွားသူ တစ်ဦးရှိခဲ့တာကို ကြားသိ လိုက်ရပါတယ်။ ဒါတင်မကသေးပါဘူး။ ဩဂုတ်လလယ်လောက်ကစပြီး ကိုဗစ်-၁၉ အတည်ပြုလူနာသစ်စာရင်းတွေ တိုးလာခဲ့တာ နှစ်ရာခိုင်နှုန်းအထက် ရောက်လာတာမို့ ကိုဗစ်-၁၉ တစ်ကျော့ပြန် သတိပေးခေါင်းလောင်းသံမြည်လာခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။
မြန်မာ့စာတတ်မြောက်မှုနည်းလမ်းမှသည် ကမ္ဘာ့ကလေးများ အသက်ရှင်ရေးဆီသို့ . . .
ဒေါက်တာမောင်သင်း
နိုင်ငံတကာစာတတ်မြောက်ရေး ကြိုးပမ်းမှုသည် ၁၉၆၅ ခုနှစ် စက်တင်ဘာ ၈ ရက်မှစ၍ ၁၂ ရက်တိုင်တိုင် အီရန်နိုင်ငံ တီဟီရန်မြို့၌ “ကမ္ဘာ့စာတတ် မြောက်ရေးကွန်ဂရက် (World Literacy Congress)” ကြီးတစ်ရပ် ကျင်းပခဲ့ရာမှ စတင်ခဲ့ပါသည်။ ထိုပထမဆုံး စာမတတ်သူပပျောက်ရေး ကမ္ဘာ့ညီလာခံကြီး ကျင်းပသည့်နေ့ကို ဂုဏ်ပြု၍ နှစ်စဉ် စက်တင်ဘာ ၈ ရက်ကို “နိုင်ငံတကာ စာတတ်မြောက်ရေးနေ့” ဟု ၁၉၆၆ ခုနှစ်တွင် ကျင်းပခဲ့သော ယူနက်စကို အထွေထွေ ညီလာခံကြီးက ပြဋ္ဌာန်းသတ်မှတ်ခဲ့ပါသည်။
မဝေးသည့်ခရီး နီးသည်ထက် နီးစေ
ဝဏ္ဏ (TGI)
၂၀၂၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ ရာသီဥတုသာယာလျက်ရှိသည်။ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ရောက်ရှိ တည်းခိုလျက်ရှိသည့် Far Eastern Fedral University (FEFU)၏ ဧည့်ခန်းတစ်ခုအတွင်း သတင်းဌာနကြီး နှစ်ခုမှ ဝန်ထမ်းများအပြေးအလွှားပင် အလုပ်များနေသည်။ Rossiya Segodnya သတင်းအေဂျင်စီ၊ RIA သတင်းဌာနဟူသော နာမည်ကြီးမီဒီယာများပီပီ တခဏအတွင်း လိုအပ်သည့် ပြင်ဆင်မှုများပြီးသည်။ ချိန်းဆိုထားသည့်အချိန်၊ ချိန်းဆိုထားသည့်နေရာသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ရောက်ရှိစဉ်တွင် သူတို့၏ တွေ့ဆုံမေးမြန်းမှုကို စသည်။
- Read more about မဝေးသည့်ခရီး နီးသည်ထက် နီးစေ
- Log in to post comments
ကမ္ဘာကြည့် ကြည့်ကြရအောင်
ဘကြီးကောင်း
မောင်မြင့်အေးရေ ...
အခုနောက်ပိုင်း ကမ္ဘာ့သတင်းစာမျက်နှာထက် မှာ အာဖဂန်နစ္စတန်၊ အီရတ်၊ ဆီးရီးယား၊ လစ်ဗျား သတင်းတွေတက်လာရင် အလွတ်မပေးဘဲ ဖတ်ဖြစ် အောင်ဖတ်နေမိတယ်။ အပြောင်းအလဲကို မျှော်လင့် ခဲ့ကြတဲ့ အဲဒီနိုင်ငံတွေကပြည်သူတွေ နှစ်ပေါင်း ၂၀ အတွင်းမှာ မူလအခြေအနေထက် သာလွန် ကောင်းမွန်တဲ့ လူမှုစီးပွားဘဝကို တကယ်တမ်း ရသွားကြရဲ့လား။
- Read more about ကမ္ဘာကြည့် ကြည့်ကြရအောင်
- Log in to post comments
ပန်းတိုင်သို့ ချီရာလမ်း လှမ်းလျှောက်ခဲ့သည်
ဝဏ္ဏ (TGI)
စက်တင်ဘာလ ၅ ရက် ရုရှားစံတော်ချိန်အရ နံနက်ပိုင်းသည် ရာသီဥတုသာယာကြည်လင်လျက် ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် အဆင့်မြင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ပထမဆုံး သွားရောက်လေ့လာမည့်နေရာက Makarov Pacific Higher Naval School ဖြစ်သည်။ လေယာဉ်ခရီးစဉ် ၆ နာရီကျော်ကြာ ခရီးနှင်ခဲ့ရသော် လည်း မြန်မာကိုယ်စားလှယ်အဖွဲ့သည် လန်းဆန်း တက်ကြွစွာဖြင့်ပင် လေ့လာရေးခရီးစဉ်ကို စတင် သည်။
ကော်ဇောနီခင်း၍ ကြိုဆို
- Read more about ပန်းတိုင်သို့ ချီရာလမ်း လှမ်းလျှောက်ခဲ့သည်
- Log in to post comments
လူကုန်ကူးမှု သတိပြုပါ
- Read more about လူကုန်ကူးမှု သတိပြုပါ
- Log in to post comments