လူမှုရေး

လွတ်လပ်သည့်မြန်မာဟူသော ဂုဏ်ဒြပ်နှင့်အတူ လက်ဆင့်ကမ်းပေးရမည့်အမွေအနှစ်

မိုးကေနိုင်
 

 

၇၅ နှစ် စိန်ရတုတိုင် တည်ခဲ့ပြီဖြစ်သည့် မြန်မာ့လွတ်လပ်ရေး။ 
လွတ်လပ်ရေးသည် ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ၊ လွတ်လပ်ရေးသည်  တတိယဟူသောကြွေးကြော်သံဖြင့်  တိကျပြတ်သားသော ရည်မှန်းချက်တစ်ခုဆီ အရောက်လှမ်းပြီး တိုင်းရင်းသားပြည်သူအားလုံး အလိုချင်ဆုံးသော လွတ်လပ်ရေးကို အရယူနိုင်ခဲ့သည်။ နယ်ချဲ့တိုင်းတစ်ပါးတို့ စိုးမိုးမှုအောက်မှာ မနေချင်ကြ၍ အသက်၊ သွေး၊ ချွေး စတေးပေးဆပ်ပြီးမှ ခက်ခဲကြမ်းတမ်းစွာဖြင့် တိုက်ခိုက်ရယူခဲ့ရသော လွတ်လပ်ရေးဖြစ်၍ စစ်မှန်သောလွတ်လပ်ရေးဟု ဆိုထိုက်သည်။ 
 

ဂျပန်အစိုးရ၏ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးရည်မှန်းချက်နှင့် ကြိုးပမ်းဆောင်ရွက်မှုများ

 

တက္ကသိုလ်မောင်ရူပ

 

ဂျပန်နိုင်ငံဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး (environmental conservation) နဲ့ ရာသီဥတုပြောင်းလဲမှု (climate change)  တိုက်ဖျက်ရေးမှာ ရှေ့တန်းက ဦးဆောင်ပါဝင်နေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမှု၊ ရာသီဥတုပြောင်းလဲမှုနဲ့ ဇီဝမျိုးစုံမျိုးကွဲတွေ ပျောက်ကွယ် ပျက်စီးလာမှုဟာ ကမ္ဘာမြေကြီးနဲ့ လူသားတွေအတွက် ခြိမ်းခြောက်မှုပြုလာတယ်လို့ ခံယူထားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ 

 

ငါးမြင်းနှင့် ငါးသလောက်ငါးမျိုး ရေရှည်တည်တံ့ရေး ဝိုင်းဝန်းကူညီ ထိန်းသိမ်းပေး

 

ဆန်းဝင်း(ငါးဦးစီး)

ငါးမြင်းဟာ ကျွန်တော်တို့နိုင်ငံမှာ လူကြိုက်အများဆုံးငါး ဖြစ်ပါတယ်။ အသားစားငါးဖြစ်ပြီး မြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါနိုင်ငံတွေမှာ နေထိုင် ကြ ပါတယ်၊ ငါးမြင်းဟာ ရေချို၊ ရေငန်စပ် မြစ်ဝများမှာနေထိုင်တဲ့ ငါးမျိုးဖြစ်ပြီး ရေချိုကော ရေငန်နှစ်မျိုးစလုံးမှာ နေတဲ့ Anadromous မျိုးဖြစ်ပါတယ်။ ရေရဲ့အပူချိန်နဲ့ ရေအငန်နှုန်းပေါ်မူတည်ပြီး နေရာပြောင်းရွှေ့တတ်ကြတဲ့ ငါးမြင်းတွေဟာ ခရီးဝေးရွှေ့ပြောင်းသွားလာတတ်တဲ့ အဖြူရောင်ငါးတွေဖြစ်ပြီး ကီလိုမီတာ ၁၀၀ ကျော်အထိ ရွှေ့ပြောင်းသွားလာတတ်ပါတယ်။
 

 

မြန်မာနိုင်ငံစာရင်းကောင်စီ၏ နှစ် ၅၀ ရွှေရတုခရီး

 

ခင်နိုင်နိုင်မင်းဦး (OAG)
 

 

ရွှေရတုခရီးအစ


မြန်မာနိုင်ငံစာရင်းကောင်စီ (Myanmar Accountancy Council)ကို ပြည်ထောင်စု မြန်မာနိုင်ငံ  တော်လှန်ရေးကောင်စီ၏ ၁၉၇၂ ခုနှစ် မြန်မာနိုင်ငံစာရင်းကောင်စီ ဥပဒေအရ စတင်ဖွဲ့စည်းခဲ့ရာ ယခု ၂၀၂၂ ခုနှစ်သည်   နှစ်  ၅၀  တိုင်ခဲ့၍  ရွှေရတု အခါသမယဖြစ်ပါသည်။ 

 

Subscribe to လူမှုရေး